Wednesday, 23 October 2013

သြစတြေးလျနိုင်ငံတွင် ကျင်းပသော Tasmanian Breath of Fresh Air Film Festival တွင် “ကယန်းအလှ” ဇာတ်ကားကို ပြသရန်ဖိတ်ခေါ်

ပန်းမြတ်ဇော်

သြစတြေးလျနိုင်ငံတွင် ကျင်းပမည့် Tasmanian Breath of Fresh Air Film Festival မှ ဒါရိုက်တာ အောင်ကိုလတ် ရိုက်ကူးတင်ပြသည့် “ကယန်းအလှ”ဇာတ်ကားအားပြသရန် ဖိတ်ကြားထားကြောင်း ၎င်းက ပြောဆိုလိုက်သည်။

ယင်းဇာတ်ကားသည် ကယန်းတိုင်းရင်းသားတို့၏ဘ၀နှင့် လူငယ်သဘာဝမေတ္တာအကြောင်းကို တင်ပြ ထားသည့်ဇာတ်ကားဖြစ်ခြင်းကြောင့် ယခုကဲ့သို့ရုပ်ရှင်ပွဲတော်တွင် လာရောက်ပြသရန် ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

ဒါရိုက်တာအောင်ကိုလတ်က “အလုပ်အရမ်းများနေတာကြောင့် လူကိုယ်တိုင်တော့မသွားဖြစ်ပါဘူး။ ကျွန်တော်တို့ကို ကမ်းလှမ်းတာကြောင့် Tasmanian Breath of Fresh Air Film Festival အဲဒီဇာတ် ကားကို ပို့ပေးလိုက်ပါပြီ။ “ကယန်းအလှ”ဇာတ်ကားက တိုင်းရင်းသားဇာတ်ကားတစ်ကားဖြစ်တာကြောင့် သူတို့ဘက်က စိတ်ဝင်တစားနဲ့ ပြသဖို့ ကမ်းလှမ်းခဲ့တာပါ။ International Film Festival ပွဲတွေမှာ ပြသ ခွင့်ရတဲ့အတွက် ၀မ်းသာမိပါတယ်။ နိုင်ငံတကာကလည်း အသိအမှတ်ပြုတယ်။ ကျွန်တော်တို့ရဲ့ အိပ် မက်တွေ အကောင်အထည်ဖော်ခွင့်ရတယ်။ မြန်မာပြည်အတွင်းမှာ ပြသတော့လည်း ပရိသတ်တွေရဲ့ အားပေးမှုရခဲ့တယ်။ ဆက်လုပ်ချင်စိတ်လည်း ဖြစ်လာခဲ့ပါတယ်”ဟု ပြောသည်။

Tasmanian Breath of Fresh Air Film Festival ၏ အင်တာနက်စာမျက်နှာတွင်လည်း“ကယန်းအလှ” ဇာတ်ကားနှင့်ပတ်သက်ပြီး “မြန်မာပြည်မှာ ရိုက်ကူးထားတဲ့မှတ်တမ်းရုပ်ရှင်ကို ပြသခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ဒီဇာတ်ကား ဂျပန်မှာပြပြီးနောက် ဒီမှာလာပြတာပါ။ သြစတြေးလျနိုင်ငံ တက်စမေးနီး ယားပြည်နယ်မှာ ပြမယ်”ဟု ဖော်ပြထားသည်။

၎င်းဇာတ်ကားကို သြစတြေးလျနိုင်ငံ Tasmanian ပြည်နယ်မှာ နိုဝင်ဘာ ၇ရက်မှ ၁၀ ရက်အထိ ကျင်းပ ပြသမည်ဖြစ်ပြီး “ကယန်းအလှ” ဇာတ်ကားကိုတော့ နိုဝင်ဘာ ၉ ရက်တွင် QVMAG Theatre မှာ ပြသ မည်ဖြစ်သည်။

“ကယန်းအလှ” ဇာတ်ကားအား ဒါရိုက်တာအောင်ကိုလတ်က ခြောက်နှစ်ကြာအချိန်ယူပြင်ဆင်ခဲ့ပြီး အမေရိကန်မှ ဇာတ်ညွှန်းရေးဆရာ ဟက်တာကတာဝန်ယူရေးသားခဲ့ သည်။ ရှမ်းပြည်နယ်တွင် အဓိက ထားရိုက်ကူးခဲ့သည်။ အဓိကသရုပ်ဆောင်များနေရာတွင်လည်း ဇာတ်ကားနှင့် လိုက်ဖက်မည့် တိုင်းရင်း သူ၊ တိုင်းရင်းသားများအား ရွေးချယ်ကာသင်ကြားပြသပြီး ရိုက်ကူးခဲ့သည့်ဇာတ်ကားဖြစ်သည်။ “ကယန်း အလှ” ဇာတ်ကားသည် အင်္ဂလိပ်စာတန်းထိုးဇာတ်ကားတစ်ကားလည်းဖြစ်ပြီး စင်ကာပူ၊ မလေး၊ ဂျပန် စသည့် နိုင်ငံများတွင်ကျင်းပသည့် ရုပ်ရှင်ပွဲတော်များတွင် သွားရောက်ပြသခဲ့ပြီး မလေးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံနိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် အကဲဖြတ်ဒိုင်များ၏ အနှစ်သက်ဆုံးဆုကို မတ်လ အတွင်းကလည်း ရရှိခဲ့သည်။ ဒါ့အပြင်ဇာတ်ကားတွင်ပါဝင်သည့် ရို့စ်မေရီသည် အကောင်းဆုံးသရုပ် ဆောင်ဆုအတွက် ဆန်ခါတင်စာရင်းပါဝင်ခဲ့သည်အထိ အောင်မြင်မှုရရှိထားသည့် ဇာတ်ကားတစ်ကား လည်းဖြစ်သည်။

Ref: Mizzima

No comments: