Tuesday, 1 October 2013

လှည်းကူး မှ တံတားအထူးအဖွဲ့ (၁၃)

တံတားအထူးအဖွဲ့ (၁၃) ဖြစ်ပေါ်လာပုံ
တံတား အထူးအဖွဲ့(၁၃) ဖြစ်ပေါ်လာမည့် အဖွဲ့အစည်းအား မူလစတင်ဖွဲ့စည်းစဉ်က ရန်ကုန်-မန္တလေး အမြန်လမ်း ဖောက်လုပ်ရေး
စီမံကိန်းအားဆောက်လုပ်ရေးဝန်ကြီးဌာန ၀န်ကြီးဗိုလ်ချုပ်လှထွန်း လက်ထက်၌ တံတားအဖွဲ့အား တိုင်းဆောက်လုပ်ရေးအဖွဲ့(၉)နှင့်
လမ်းဆောက်လုပ်ရေးအ ဖွဲ့အား တိုင်းဆောက်လုပ်ရေး အဖွဲ့(၁၀)ဟု အမည်သတ်မှတ်ပေးပြီး လှည်းကူးမြို့၌ အခြေစိုက်ဖွဲ့စည်း
ဆောင်ရွက်စေခဲ့ပါသည်။ နောက်ပိုင်းတွင် တံတားအဖွဲ့အား တိုင်းဆောက်လုပ်ရေးအဖွဲ့(၁၃)အဖြစ် ပြောင်းလဲဖွဲ့စည်းဆောင်ရွက်
စေခဲ့ပါသည်။

တိုင်းဆောက်လုပ်ရေးအဖွဲ့(၁၃)အဖြစ် စတင်ဆောင်ရွက်စဉ်က လှည်းကူး-အခြေစိုက်ပင်မရုံး၊ ကညင် ချောင်းစခန်းရုံး၊မင်းကုန်း
အခြေ စိုက် စခန်းရုံး များဖြင့် ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်ရှိ လုပ်ငန်းများ ဆောင်ရွက်စဉ်ကာလတွင် မင်းကုန်းစခန်းနေရာအား
သမ၀ါယမ ၀န်ကြီးဌာနမှ သမ၀ါယမ သင်တန်းကျောင်း ဖွင့်လှစ်ရန်နေရာရွေးချယ်ခဲ့၍ မင်းကုန်းစခန်းအား နောက်တန်းဌာနချုပ်
လှည်းကူးသို့ပြန်လည်ပူးပေါင်းဖွဲ့ စည်းခဲ့ပါသည်။ 
တည်နေရာ
လက်ရှိ တံတားအထူးအဖွဲ့(၁၃)သည် မူလက တိုင်းဆောက်လုပ်ရေးအဖွဲ့(၁၃) လှည်းကူးအခြေစိုက်ဖြင့် ၁၉၇၈ ခုနှစ်ခန့်မှ စတင်
ဖွဲ့စည်း တည်ထောင်ခဲ့ရာ ရုံးစိုက်တည်နေရာမှာ ရန်ကုန်-ပဲခူးလမ်း၊ ထောက်ကြံ့မှ ၇မိုင်၊ ၃ဖာလုံအကွာရှိ လှည်းကူး-ဖောင်ကြီးလမ်း၊
လှည်းကူးတာဆုံမှ ဖောင်ကြီး သို့သွားရာကားလမ်းမကြီး မိုင်တိုင်အမှတ်-(၀/၄)အကွာ၌ တည်ရှိပါသည်။
တံတားအထူးအဖွဲ့(၁၃)မှ ဆောင်ရွက်သောတံတားများ
တံတားအထူးအဖွဲ့(၁၃)မှ ဆောင်ရွက်သော ပြင်ဆင်ထိန်းသိမ်းခြင်း တံတားများ

Ref:http://bridgeunit13.com/

No comments: