Friday, 18 October 2013

တောကဟာသများ အပိုင်း-၃



ရွာတစ်ရွာမှာ လင်မယားနှစ်ယောက် စကားများနေကြပါတယ်။
အဲဒီအချိန်မှာ ယောက်ျားဖြစ်သူက ဒေါသနဲ့ အောက်ပါအတိုင်းပြောပါတယ်။

" မင်းတို့မိန်းမတွေ ရေရှည်ကို မကြည့်ဘူး။
ရေတိုပဲ ကြည့်တယ်။"

ကြားထဲ မဆီမဆိုင် သူတို့ရဲ့ သားငယ်လေးက အောက်ပါအတိုင်း ပြောလိုက်ရာ လင်မယားနှစ်ယောက်ရဲ့ ရန်ပွဲ ငြိမ်းသွားပါတယ်။

" အဖေ.... အဲဒီ ရေတိုမုန့်လေး ကျွန်တော် စားချင်လိုက်တာဗျာ"- တဲ့။

မောင်နေခြည် (လှည်းကူးမြေ)

No comments: