Friday, 18 October 2013

တောကဟာသများ အပိုင်း-၆



တစ်ခါကပေါ့။ ကျုပ်တို့ လှည်းကူးမြို့ရဲ့ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းရှေ့မှာ ကျောင်းထိုင်ဆရာတော်က ခေတ်မီစွာနဲ့ ဆောင်ပုဒ်တစ်ခုထောင်ထားပါတယ်။ အဲဒီဆောင်ပုဒ်ကတော့...

" အစားကျွေးမည်။ တရားပေးမည်။ မြေကြီးက ရွှေသီးရမည်။ ပုံ ဦးပညာသာမိ"- ဟု ဖြစ်ပါတယ်။

ဒီဆောင်ပုဒ်ကို ဆိုက်ကားသမားတစ်ယောက်က
" အစာကျွေးမည်။ တရာပေးမည်။ မြေကြီးက ရွှေသီးရမည်။ ပုံ ဦးပညာနဲ့ သားအမိ"-ဟု မှာဖတ်မိပြီး ဆရာတော်ဆီကို သွားခဲ့ပါတယ်။ ကျောင်းရောက်တော့ ဆရာတော်က ဆွမ်းကျန် ဟင်းကျန်ကျွေးပြီး ကျောင်းပတ်ခြာလည်က မြက်တွေကို ရှင်းခိုင်းပါတယ်။ ပြီးတော့ တရားဟောပြီး ပြန်လွှတ်လိုက်ပါတယ်။

ဆိုက်ကားသမားလဲ စိတ်ညစ်ပြီး ကျောင်းရှေ့က ဆိုင်းဘုတ်ကို သေချာပြန်ဖတ်တော့မှ
" အစားကျွေးမည်။ တရားပေးမည်။ မြေကြီးက ရွှေသီးရမည်။ ပုံ ဦးပညာသာမိ"- ဟု မှန်ကန်စွာ ဖတ်လိုက်ရတယ်။

ဒါနဲ့ သူ့အကြောင်းကို သူငယ်ချင်းဆိုက်ကား သမားတွေကို ပြန်ပြောရာ တ၀ါးဝါး ဖြစ်ပြီး ဆိုက်ကားသမားတွေရဲ့ ပါးစပ်မှာ ဆောင်ပုဒ်က အခုလို ပြောင်းသွားပါတော့တယ်။

" အစားမကျွေးပါ။ မတရား ယူ၏။ မြေကြီးက မြက်သီးရမည်။ ပုံ ဦးပညာနဲ့သားမိ"- ဟု
 

မောင်နေခြည် (လှည်းကူးမြေ)

No comments: