Wednesday, 9 October 2013

ကျနော် ကို မကြွေးရင်နေပါ ၊ မဖိတ်ရင်နေပါ (ခိုင်ဦး)


ရေနဲငါး
*********

အမေ....
မွေးရုံသက်သက်ဘဲလား အမေ
မတူကြတဲ့လောက လူ့သဘာဝ
ဆင်းရဲနွမ်းပါး ဘဝမခြားသ၍
အမေ့ကိုတွေ့ချင်သေးတယ်အမေ။

အဖေနဲ့မှားခဲ့တဲ့အမေ
ကျွန်တော့်ကို သန္ဓေတည်မှ
အမေနောင်တရတော့တယ်ပေါ့။

အမေချစ်တဲ့အမေ့လူကြီး(အဖေ)ဟာ
ဘယ်သူဘယ်ဝှါဆိုတာ
ကျွန်တော် မသိလိုတော့ပါဘူး။

မေတ္တာတရားတွေနဲ့လွှမ်းခြုံထားတဲ့
ပရဟိတ ကျောင်းလေးထဲမှာ
ဘဝတူသူငယ်ချင်းများနဲ့
သားနေတတ်နေပါပြီ အမေ။

သားကိုထားခဲ့ပြီး ပြန်လှည့်သွားတဲ့
အမေ့ရဲ့ကျောပြင်ကို
မျက်ရည်စတွေကြားက
အမေဆိုတာ မသိတသိ
ကြည့်မိခဲ့ဘူးတယ် အမေ။

အမှတ်သညာသေးတဲ့ ဥမမယ်သား
ဘဝခါးမှန်းလည်း မသိ
ချိုမှန်းလည်း မသိခဲ့။

မေတ္တာတရားတွေသာ ရှိပြီး
နို့ချိုရည် မရှိတဲ့ သူတချို့က
ရင်ဝယ်ပိုက်ပြီး အမေ့နေရာယူ
အမေပစ်ခဲ့တဲ့သား ရေနဲငါးကို
ဂရုဏာလက်တွေနဲ့ကြိုဆိုထွေးပွေ့
ရင်ခွင်နွေးနွေးမှာ....
ငြိမ်းအေးစေခဲ့ပါတယ်...အမေ။

နို့သီးခေါင်းအတုနဲ့ နို့ချိုရည်
အမေ့ကိုယ်စား အားဖြစ်
မမြင်ဘူးတဲ့ မျက်နှာ
မတွေ့ဘူးတဲ့ လက်နဲ့
ထွေးပွေ့ထားတဲ့ သူတွေကို
အမေမြင်လှည့် စေချင်တယ်။

မှားတာ အဖေလား?
မှားတာ အမေလား? မမေးတော့ပါ
ဘဝမခြားသေးတဲ့ ကျွန်တော်
လူဘောင် လူလောကမှာ
မိဘမဲ့ အခေါ်ခံ
မိပစ်ဖပစ် နွံမနစ်တာကိုဘဲ
ကျေနပ်လှပါပြီ အမေ။

မမြင်ဘူးတဲ့ မွေးသမိခင်
မမြင်ဘူးတဲ့ မွေးသဖခင်
ဝဋ်ကြွေးရှိခဲ့ရင်..,
သားကျေအောင်ဆပ်မှာပါ...

တပါးသူရဲ့ ရင်ခွင်
တပါးသူရဲ့ မေတ္တာလက်တွေနဲ့
ထွေးပွေထားတဲ့ အမေ့သားကို
တစ်ခါတစ်ခေါက် ကလေးတော့
လာကြည့်လှည့်ကြပါဦးဗျာ....။

ကိုစိုးမိုး ( ၂/၁၀/၂၀၁၃ )

( ရတနာ အလင်းရောင် )
မိဘမဲ့ ပရဟိတကျောင်း
၅၈လမ်း/စက်မှု(၂ )လမ်းတောင်ဘက်
ပြည်ကြီးတခွန်၊မန္တလေးမြို့။

၀၉/၉၁၀၃၃၂၁၉
၀၉/၂၀၀၀၃၈၃
၀၉/၂၄၆၀၉၆၀။ သို့
ဆက်သွယ်လှူတန်းနိုင်ပါသည်။

နေ့ဆွမ်း။---။၁၂၀၀၀၀/ကျပ်။
ညနေစာ။---။၇၀၀၀၀/ကျပ်။

နို့တိုက်အရွယ်----(၄)ယောက်။
မူကြိုအရွယ်-----(၃၂)ယောက်။
စုစုပေါင်း--------(၂၈၃)ယောက်။.
အဆင့်ဆင့် share ပေးကြပါဗျာ။
သည်ပုံလေးကိုကြည်ပြီး (သည်စာလေးကိုဖတ်ပြီး )ရေးချင်စိတ်တွေ ယိုဖိတ် လာလို့  ပါ ။ ကျနော်တို့  သြစီမှာ မကြာခဏ ဆိုသလို မွေးနေပွဲ တွေ တွေဆုံပွဲ တွေ ကိုဖိတ်ခြင်းခံရပါတယ် ၊ ကျနော် တို့ မိသားစု အတတ်နိုင်ဆုံး သွားဖြစ်အောင်သွားပါတယ် ၊ ဆစ်ဒနီမှာ မြန်မာ မိသားစု က များများစားစားရှိတာမှ မပာုတ်တာ ခင်ရာ ဆွေမျိုး မိန်ရာ ပာင်းကောင်းဆိုတဲ့ စကားအတိုင်း ပေါ့ ။ သူများမြေ ပေါ်မှာ ကိုယ် လူမျိုး ကိုယ် မိသားစု ကိုယ်ရိုးရာ ယဉ်ကျေးမှု့  မပျောက်ပျက်အောင် ထိမ်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့  (ကြီးကြီးကျယ်ကျယ်တွေးပြီး ) သွားရောက်ချီမြှင်ရပါတယ် ၊ လူမှု့ ရေးအရ ဆိုတာ ရှိသလို ၊ အဖွဲ့ အစည်းချင်းမပာာမိတ် သဘောအရလဲ မတက်မဖြစ် တက်ရပါတယ် ။

အဲသည်လို သွားရတဲ့အခါတိုင်း သတိထားမိတာက ဖိတ်တဲ့မိသားစု (မွေးနေရှင် ) က လာတဲ့ သူတွေအတွက် ပြည်စုံအောင် ဒေါင့်စေအောင် စီစဉ်ပေးပါတယ် ၊ စားစရာ သောက်စရာ အပူအအေး လိုလေသေးမရှိအောင် ပါပဲ ၊ လူကြီးတွေအတွက် ထမင်းပာင်း စီစဉ်ပေးရင် ကလေးတွေအတွက် bbq နဲ့  အအေးစုံ နဲ့  ရေခဲမုန်နဲ့  ၊ သဘောင်္သီးလေး(ထိုင်းလို )ထောင်းရင် ကြက်သားကြော်လေးနဲ့  တွဲဖက်ပြီး ပြည်စုံအောင်စီစဉ်ပေး ကြပါတယ် ၊ ကျနော် တက်ဖူးတဲ့ မွေးနေ ၊အိမ်တက် ၊ ကင်ပွန်းတပ် ၊ မင်္ဂလာဆောင် အားလုံးအားလုံး မှာ ပြုလုပ်သူတွေစေတနာ တကယ်ကို ကောင်းပါတယ် ၊ ကော် ဖီ သောက်တတ်သူအတွက် ကော်ဖီ ၊ အအေးကြီုက်သူအတွက် အအေး ၊ လိုလေသေးမရှိစေ ပါဘူး ၊

သည်နေရာမှာ ကျနော် မြင်လာတာ ပြော ပါတယ် ဘီယာ ယဉ်ကျေးမှု့ ပါ ၊ ကျနော် မကြိုက်လို့ မသောက်လို့  မပာုတ်ပါ ၊ ကြိုက်တာပေါ့ ကျနော်လည်းပုထုဇဉ်ပဲ ကာမတဏှာ နွှံ ထဲက လူသားပဲ ။
သိုသော် အိမ်တက် ၊ မွေးနေ ၊ မင်္ဂလာ ဆွမ်း မနက်ပိုင်းကြွေး ငါးပါးသီလ ယူ ၊ သီလပေးတဲ့ဘုန်ကြီးပြန်
ကြွ မနေည ထဲက စိမ်ထားတဲ့ ဘီယာ ပုလင်းလေးက လှမှလှ အေးမှအေး ကောင်းမှကောင်းပေါ့ ၊ ဘာပဲလုပ်လုပ် ဘီယာ လေး လောက်ကတော့ ပါမှ ပြည့်စုံသလိုပါပဲ ။ ညဖက်လုပ်တဲ့ ညစာစားပွဲ မှာ ပါလာတာ ကတော့ ထားပါတော့ ခုပာာက ဘုန်းကြီးပြန်ကြွ သွားကတည်းက သောက်လိုက်ကြတဲ့ ဘီယာ ညနေစောင်းတော့ ကောင်စီက ပေးထားတဲ့ လူကြီးရင်စို့ လောက်ရှိတဲ့ အမှိုက်ထည်တဲ့ ပုန်းအ၀ါကြီးတလုံး ပြည်ရော ပဲ ......။ ၂၄ လုံးပါတဲ့ ဘီယာ တဖာကို သြစီ ဒေါ်လာ ၄၀ ကနေ ၆၀ လောက်အထိ ပေးရပါတယ် ၊ အနည်းလေး ၃ဖာ ၄ဖာ လောက်တော့ ၀ယ် ရတာပါပဲ့  ကိုယ်ဖိတ်တဲ့ကိုယ်မိတ်ဆွေ များရင်များသလို ပေါ့ ။


သည်နိုင်ငံမှာ အစားအသောက် မရှာပါဘူး ၊ မိသားစုတစု(လူဦးရေ ၅ ယောက်) မြန်မာလို နေ မြန်မာလို စား ရင် တနေ့  စာ ၃၀ လောက်ပဲကုန်တာပါ ချိုးခြံ ချွေတာတတ်ရင် သည်ထက် အကုန်အကျ နည်းပါတယ် ၊ (ကျနော်လို ) အလုပ်လက်မဲ တွေက အစ နေရေးစားရေးမပူရပါဘူး ၊ လူတန်းစေ နေနိုင်စားနိုင် ကြပါတယ် ။
ဆွေမျိုးမိသင်္ဂပာတွေကို ကြွေးချင် မွေးချင် စောင့်ရှောက်ချင်တာ ကျနော်တို့ လူမျိုး ၊ ကျနော်တို့ ဘာသာအတွက် မင်္ဂလာ ပါ ၊ ချစ်စရာကောင်းတဲ့ အလေ အထ လေးပါ ၊

အနောက် နိုင်ငံ အနောက်လူမျိုးတွေရဲ့  အလေ့မှာ ဘယ်လိုပွဲ ပဲဖိတ်ဖိတ် များသော အားဖြင် (့Bring your plate )ဆိုပြီး ကိုယ်စားစရာ ကိုယ်ယူလာ ခိုင်းပေမဲ့ ကျနော်တို့ လူမျိုးကတော့ အဲသည်လို့ မပာုတ်ပါဘူး ။
သို့ သော် ကျနော် ပြောခဲ့သလိုပါပဲ ၊ ဘီယာ ယဉ်ကျေးမှု့ လေးကို လျှော့ ပြီး လိုအပ်တဲ့ နေရာတွေမှာ ဖြည်စွက်လိုက်ရင် ပိုပြီး သင်တော်မယ်ထင်ပါရဲ့  ၊

ဘီယာ ၃ဖာ ကို ဒေါ်လာ ၁၅၀လောက် ကုန်မဲ့ အစား မစားနိုင်သူ တွေလိုနေတဲ့ အိုးတွေ ဖြည်ရင် ပိုပြီးတန်ဖိုးရှိမယ် ထင်ပါရဲ့  ၊ အခု ကျနော်တင်တဲ့ Status မှာ တွေရတဲ့ပုံ ထဲက ကလေးတွေကို ကြွေးလိုက်မယ် ဆိုရင် ဘီယာ ဖိုး ၁၅၀ ပာာ သူတို့ အတွက် တရက်စာ ထမင်း ဖိုးလေး ဖြစ်သွားမှာ ၊ ဘယ်အရာ အကျိုးရှိသလဲ ရိုးရိုးလေးတွေးကြည်မိပါတယ် ၊ ဘုရားမကြိုက်တဲ့ သေရည်သေရက်နဲ့  ကလေးတွေရဲ့ တနေ့ စာ .............

( စာကြွင်း - ကျနော် က သြစီမှာ အလုပ်လက်မဲ့ ကျန်းမာရေးမကောင်းလို့ ဆေးပင်ဆင်ရထားသူ ဆိုတာ ခင်တဲ့ သူတိုင်းသိကြပါတယ် ၊ ကလေးသုံးယောက်နဲ့ အစိုးရ (တနည်း - အခွန်ထမ်း လုပ်သားတွေပေးထားတဲ့ အခွန်ငွေ ) ထောက်ပံ့ငွေနဲ့  အပိုအလို မရှိ ရပ်တည်နေရတာကြောင့် စိတ်ရှိတိုင်းမလုပ်နိုင်တဲ့ သူမို့  လုပ်နိုင်သူတွေ လုပ်ကြပါစေလို့  အကြံပေး တိုက်တွန်းခြင်းမျှသာ ဖြစ်ပါသည် ၊ )

မိတ်ဆွေတို့ ရဲ့  အလှူ အတွက် လှိုက်လှိုက်လှဲလှဲ ကြီးကို ကောင်းချီးပေးချင်လို့ ပါ ...........

Ref: https://www.facebook.com/khaing.oo.35/posts/711814058846262

No comments: