လှည်းကူးမြို့နယ်၊ ပိုက်ကြီးဝဲရွာမှာပါပဲ။
သူကြီးဆိုသူ လူတစ်ယောက်ရှိပါတယ်။ သူ့အကြောင်းပြောရင် သူကြီးရဲ့ အဖေကိုလဲ ပြောမှ ပြည့်စုံမှာပါ။
သူကြီးရဲ့ အဖေကလဲ သူကြီးပါပဲ။ ဂျပန်ခေတ်ကပေါ့။ သူနာမည်က သူကြီးဦးဘအောင်ပါ။ သူ့ရဲ့သားကိုလဲ
အများက သူကြီးလို့ပဲခေါ်ကြပါတယ်။ န၀တခေတ်တုံးက
သူ့ရဲ့သားငယ်တစ်ယောက်က ငြိမ်ပိဥက္ကဌဖြစ်သေးပါတယ်။ ပြောရမယ်ဆိုရင်တော့ အဖိုးလဲ သူကြီး၊
သားသူကြီး၊ မြေးလဲ သူကြီးပဲပေါ့။ သားသူကြီးနာမည်က ဦးသိန်းရွှေပါ။ သူကြီးသိန်းရွေ- ဟု
အများခေါ်ကြပါတယ်။
အခုပြောမှာမှာက သားသူကြီးသိန်းရွှေ
လက်ထက်မှာပါ။ ရပ်ရွာဓလေ့ထုံးစံအတိုင်း မိုးမကျခင် အိမ်များကို အမိုးတွေ ပြန်မိုးကြရပါတယ်။
ဓနိမိုး၊ ဓနုံးမိုးတွေကြောင့်ပါ။
တစ်နေ့တော့ စာရေးသူရဲ့ အဖိုးက သူကြီးသိန်းရွေကို အောက်ပါအတိုင်းမေးပါတယ်။
"သူကြီး….စပါးကျည် မမိုးသေးဘူးလား"-ဟု။
သူကြီးသိန်းရွှေက "မိုးမယ်….မိုးမယ်…"-ဟုပြန်ဖြေပါတယ်။
အဲဒီအချိန်မှာ သူကြီးမိန်မက
အောက်ပါအတိုင်း ပြောဆိုပါတယ်။
"ဘာလဲ ကိုသိန်း…..ဘာလဲကိုသိန်း……"-ဟု။
အမှန်မှာ သူကြီးကတော်က သူ့ကို
သူကြီးခေါ်နေတယ်ထင်လို့ ထူးလိုက်တာပါ။
သူကြီးကတော်ရဲ့ နာမည်ကတော့
ဒေါ်မိုးမယ်-ပါ။
မောင်နေခြည် (လှည်းကူး)
No comments:
Post a Comment