Friday, 18 October 2013

တောကဟာသများ အပိုင်း-၎



လှည်းကူးမြို့နယ်ထဲက အင်းတိုင်ရွာမှာ ဖိနပ်စက်ရုံတစ်ရုံရှိပါတယ်။
ယခင်ကတော့ ဘားမားရှူး-လို့ ခေါ်ပါတယ်။
ယခုခေတ် အခေါ်ကတော့ တပ်မတော် ဖိနပ်စက်ရုံ- လို့ ခေါ်ကြပါတယ်။
(ယခုတော့ စက်ရုံပြောင်းသွားပြီလို့ အသံကြားပါတယ်)
ထားပါတော့

န၀တခေတ် စက်ရုံကောင်းစားချိန်ဆိုတော့ စက်ရုံမှူးကတော့ သိတဲ့အတိုင်း စစ်ဗိုလ်တစ်ယောက်ပေါ့။ တစ်နေ့စက်ရုံမှာ ၀န်ထမ်းတွေကို ရာထူးတိုးဖို့အတွက် လူတွေ့စစ်ဆေးပါတယ်။
ရာထူတိုးဝင်ဖြေတဲ့ထဲမှာ လုပ်သက်ရင့် လုပ်သားကြီးတွေ တော်တော်များများ ပါဝင်ပါတယ်။ အဲဒီလုပ်သားကြီးတွေထဲက အမျိုးသမီးကြီးတစ်ယောက်ကတော့ စက်ရုံရဲ့ လုပ်ငန်းမှာတော့ သူ့ကို မီတဲ့သူ ခက်ရှားရှားပါပဲ။ ဒါပေမယ့် သူ့မှာ တစ်ခုအားနည်းတာက သူမက အခြေခံပညာမူလတန်းလောက်ပဲ တက်ဘူးခြင်းပါပဲ။
သူ့ကို ရာထူးတိုးပေးချင်လို့ စက်ရုံမှူးက အောက်ပါမေးခွန်းကို မေးပါတယ်။

" အဒေါ်... စက်ရုံရှေ့မှာ ဆိုင်းဘုတ်တွေ အများကြီးထောက်ထားတယ်။ အဲဒီထဲက အဒေါ်မှတ်မိတဲ့ ဆောင်ပုဒ်လေးတစ်ခုလောက် ပြောပြပါ"

အဲဒီအခါမှာ ထိုအမျိုးသမီးကြီးက
" တပ်မတော် သားအမိ၊ တပ်မတော် သားအဖ"- တဲ့။

အဲဒါနဲ့ စက်ရုံမှူးက အဲဒီအဒေါ်ကြီးကို စက်ရုံရှေ့မှာ သွားကြည့်ခိုင်းပါတယ်။
ပြန်လာတော့လဲ သူမရဲ့ အဖြေက ပြောင်းမသွားပါဘူး။
" တပ်မတော် သားအမိ၊ တပ်မတော် သားအဖ"- တဲ့။

တကယ်တော့ " တပ်မတော် သာအမိ၊ တပ်မတော် သာအဖ"- ဆိုတဲ့ ဆောင်ပုဒ်ကို " တပ်မတော် သားအမိ၊ တပ်မတော် သားအဖ"- ဟု လွဲမှားစွာ ပြောခြင်းပါ။
 

မောင်နေခြည် (လှည်ကူးမြေ)

No comments: