Friday, 18 October 2013

တောကဟာသများ အပိုင်း-၇



ကျုပ်တို့ လှည်းကူးမြို့ရဲ့မှာ မြန်မာ့ရိုးရာဆိုင်းဝိုင်းတစ်ခုရှိပါတယ်။ ဆိုင်းနာမည်က စိန်သိန်းထွန်း-ပါ။ လှည်းကူးသားအများစုကတော့ သိန်းထွန်းလေး- ဟုခေါ်ကြပါတယ်။
ငွေကြေးတတ်နိုင်သူတွေက ရန်ကုန်ဆိုင်းကောင်းကောင်း ငှားနိုင်ကြပေမယ့် ငွေကြေးမတတ်နိုင်သူတွေကတော့ အလှူမှာ ဆိုင်းပါဖို့ သိန်းထွန်းလေးဆိုင်းပဲ သတိရကြတာပါ။ သူတို့ကလဲ တတ်နိုင်တဲ့ ဈေးနဲ့ပဲ လိုက်တီးပေးပါတယ်။

တစ်ခုသော တောနယ်က အလှူမှာ စိန်သိန်းထွန်းက- သီချင်းတစ်ပုဒ်ကို ဆိုတီးလေး ဖြေဖျော်ပါတယ်။ သိန်းထွန်းက အသံမကောင်းပါဘူး။ သူလဲ ဖြေဖျော်ပြီးရော ဆိုင်းနောက်ထက

" ဆိုင်းမင်းသားလေး သိန်းထွန်းမောင်၊ ဆိုင်းထဲကို ၀င်ရင်ပဲ သူ့လက်သံလေးက တစ်မျိုးဖြစ်သွားတယ်"- ဟု ပြောပြီးအောက်ပါအတိုင်း အမေးအဖြေဆက်လုပ်ပါတယ်။

" ဘယ်လိုအသံမျိုးလဲ"-

" ပြာလဲ့လဲ့ပါ"-

" အစမို့ ပြာလဲ့လဲ့ပါ။ အလယ်လောက်ကျတော့ တစ်မျိုးပြောင်းသွားတယ်ခင်ဗျ"-

" ဘယ်လိုအသံမျိုးလဲ"-

" ပြာလဲ့လဲ့ပါပဲ"-

" အလည်မို့ ပြာလဲ့လဲ့ပါ။ ပြီးခါနီးကျတော့ တစ်မျိုးပြောင်းသွားတယ်ခင်ဗျ"-

" ဘယ်လိုအသံမျိုးလဲ"-

" ပြာလဲ့လဲ့ပါပဲ"- ဟု
 

မောင်နေခြည် (လှည်းကူးမြေ)

No comments: