Tuesday, 1 October 2013

တောရွာလေးမှာ ( မောင်မောင်)

ရန်ကုန်မြို့  နဲ့ အလှမ်းသိပ်မဝေး တဲ့ သူငယ်ချင်းတယောက်ရဲ့  ရွာကိုအလည်
လိုက်သွားခဲ့ ဖူးပါတယ်။ ခုနစ်တန်း နှစ်လောက် က ပေါ့။ ဒီသူငယ်ချင်း ကကိုယ့်
ထက် အသက် တစ်နှစ် လောက်ကြီးမယ်ထင်ပါတယ်။ သူက သူတို့ ရွာမှာဒီတန်
ဆောင်မုန်း လပြည့်ကျယင် ပွဲ ရှိကြောင်း နဲ့ အလည်လိုက်ခဲ့  ဖို့ ခေါ်တာကြောင့်
ကျောင်းပိတ်ချိန်လေး မှာ လိုက်သွား ဖြစ်ပါတယ်။

လှည်းကူး မြို့ နယ်အပိုင် အခုတော့ ဆရာအတတ်သင် ကျောင်း ဆောက်ထားတဲ့
ဒရယ်ဘို( အရှေ့ ပိုင်း) ကို ရန်ကုန် က နေပြီးတော့ ကား နဲ့ တစ်နာရီ လောက်စီး
သွားယင် ရောက်သွား ပါတယ်။ သူငယ်ချင်း က သုံးယောက်။ ရွာခံ အပါအ၀င်ပေါ့။
သူတို့  ဘကြီး အိမ်မှာ တည်းဖို့  ပြောထားပါတယ်။

တန်ဆောင်မုန်း လဆိုတော့ ကထိန်ခင်းတဲ့ ပွဲပါပဲ။ ရွာရဲ့  အရှေ့ ပိုင်း ဒရယ်ဘိုချောင်း
နဲ့ ကပ်လျှက် နားလေးမှာ တော့ ဘုန်းကြီးကျောင်းရှိပါတယ်။ သူ တို့  ဒရယ်ဘိုရွာအ
ရှေ့  ပိုင်း ရွာသား များ နဲ့ အနောက် ပိုင်းရွာသားတွေ ဟာ သိပ် တည့်လေ့ မရှိသလို
ပဲ ဘုန်းကြီး ကျောင်း ကလဲ ပဲ အရှေ့ တကျောင်း အနောက်တကျောင်း ကိုးကွယ်ကြ
ပါတယ်။

အိမ် ကနေပြီး တခြား သိပ်မသွားဖူးမလာဖူးတာကြောင့် အဲဒီ ရွာလေး ကိုရောက်တော့
အားလုံး ဟာ ကိုယ့်အတွက်တော့ ထူးဆန်းနေတာပေါ့။ ရန်ကုန် ပဲခူး လမ်းမ ဘေး က
နေပြီး ရွာကို ၀င်တဲ့ လမ်း အတိုင်း ညာဖက် ကိုဆင်းသွားယင် အဲဒီသူငယ်ချင်းဘကြီး
အိမ် ကိုရောက်ပါတယ်။

ရန်ကုန် က လာတဲ့ သူတွေ ဖြစ်နေတော့ သူတို့  ဘကြီး တစ်အိမ်သား လုံး ကဂရုစိုက်
ပြီး ဧည့်ခံကြတယ်။ အဲဒီရွာခံ သူငယ်ချင်း ကလည်း ပဲ သူ့ ဘကြီး ကို ဆိုး တတ်သူပါ။
ရောက်တာ နဲ့ အိမ်မှာ မကပ် ပဲ ဟိုသွားမယ် ဆို သူ့ နောက် လိုက်ရပါတယ်။ ဒီသွား
မယ် ဆိုလဲ သူ့ နောက် လိုက်ရတာပေါ့။

ကထိန်မခင်း ခင်မှာ ၃ ရက်လောက်ကတည်း က ရောက်နေတာပေါ့။ ရွာရိုး ကိုးပေါက်
ချုံတွေ့ ယင် ငှက်ပစ်၊ ဇီးသီးပင်တွေ့ ယင် တက်ခူး၊ နဲ့ လောက်လေး ဂွ တစ်ယောက်
တချောင်းနဲ့  ပါ။ ကိုယ် တွေ လဲ အဲလို မနေ ခဲ့ ဖူးတော့ ပျော်လိုက်တာ ပြောမနေပါနဲ့ ။
တရွာလုံး မရောက်တဲ့ ၀ါးရုံလဲ မရှိပါဘူး။ ငှက် လိုက်ပစ်ကြတာပါ။ ကျွန်တော် ကသိပ်
လက်မတည့်သလို တိရိစ္ဆာန် လေးတွေ ကို သတ်ဖြတ် ညှင်းဆဲ လို စိတ်မရှိသူမို့ ဟန်
ဆောင် ပန်ဆောင် လောက်လေးဂွ ကို ခါးကြား ညှပ်ထားပါတယ်။

အဲသလို ရွာတောင်ခြမ်း မြောက်ခြမ်း ကုန်ပြီ ဆိုယင် ညနေကျယင် တော့ သူတို့ အိမ်
မှာ သုံးဖို့  ရေစဥ့်အိုးထဲ ကို ရေထမ်းပြီးထည့်ပေးရပါတယ်။ ကိုယ်တွေ ရေချိုး ဖို့ ကို
လဲ ကိုယ်တိုင် ရေထမ်းထည့်ရတာပါ။ လှည်ကူး မြို့ နယ် တ၀ိုက်ဟာ ရေနဲနဲရှား ပါတယ်။
ဒီတော့ မိုး ရေလှောင် ကန် လုပ်ပြီးတော့ ရေ ကို သိုလှောင်ထားရတာပေါ့။ ရွာလယ်
ရေ ကန်မဟုတ်ပေမယ့် လည်း တရွာလုံး သုံးတဲ့  သောက်သုံးရေကန်ပေါ့။

အိမ် နဲ့  က သိပ်မဝေး တော့ ရေထမ်းရမယ့် ဆိုင်းထမ်း နဲ့ သူငယ်ချင်း သုံးယောက်
သွားကြပါတယ်။ ရွာခံ သူငယ်ချင်းက ရေထမ်းနေကျ ဖြစ်တာကြောင့် သူ ကတော့
ရေတထမ်း ကို ရွှတ်ခနဲ့ ကောက်ပြီး ထမ်းပိုး ကို လျှိုသွားလိုက်တာဟန် ကိုကျနေ
တာပါပဲ။ သူငယ်ချင်း နှစ်ယောက် ရေထမ်းပြီးတော့ ကျွန်တော့်အလှည့်ပေါ့ဗျာ။ဘယ်
ရမလဲ လေးထောင့် ရေပုံး နှစ်လုံး ကို ရေအပြည့်ထည့်ပြီး သကာလတော့ ယင် ထမ်း
ပိုး ကို ပက်ခုံး ပေါ်မှာ တင် ပြီးတော့ ထ လိုက်တာ။ ဖင်ထိုင် လျှက်လေး ကျသွားပါ
တယ်။

သူငယ်ချင်းတွေ က ၀ိုင်း ရယ်ကြတာပေါ့။ နောက်တခါ ထပ်ကြိုးစားပါတယ်။ ဆိုင်း
ထမ်း ကို ဒီတခါ ခြေ ခိုင်ခိုင်ထား ပြီးတော့ ထပါတယ်။ လမ်းလျှောက်တဲ့အခါ ကျတော့
ရေထမ်းနေကျ လူမဟုတ်တော့ ခါးလည်းမထိန်း တတ်၊ ဆိုင်းထမ်း ကလဲ ယမ်းတမ်း
ယမ်းတမ်း နဲ့ ကြည့်ရတဲ့ ရွာသားများ အဖို့  အတော် ကို မျက်စိနောက်စရာ ရေထမ်း
သမားလေး ပေါ့ ဗျာ။ ရယ် ခံလိုက်ရတာ လဲ မပြောပါနဲ့ ။ ဒါပေမယ့် ကိုယ် ချို့ မယ့်
ရေ ကို တော့ ကိုယ်ထမ်းချိုး ရတော့မှာ ဆိုတော့ လည်း မထမ်းမဖြစ် ပေါ့။ငယ်ငယ်က
တည်း က ဘုံဘိုင်ဖွင့် ချိုးလာတဲ့ သူ ကတော့ အခုလို အရွယ် ဆယ်သုံးလေးနှစ်မှာရေ
ထမ်းတာ အထာမကျတာ တော့ လဲ ပဲ ရှက်ဖွယ်တော့ မဟုတ်ပါဘူး။

နောက်တရက်ကျတော့ ယင် ရွာက ချောင်းမှာ ငါးရှာ ဖို့ သွားကြတယ်။ သူ ငယ်ချင်း က
ပိုက်ကွန်တွေဘာတွေ ယူလာပါတယ်။လှေ တစ်စီးရှာ ပြီး ချောင်းရိုး မှာ ပိုက်ကွန်ပစ်ကြ
ပါရဲ့ ။ ကိုယ်လဲ ကွန်ပစ်နည်းလေး ဘာလေ သင်လိုက်ပါတယ်။ ခဲ တွေ နဲ့ လေး လိုက်တဲ့
ပိုက်ကွန် ကို မနဲ ရေထဲ ကျအောင် ပစ်ယူရပါတယ်။ အပျော် ငါးရှာတာ ရတဲ့ ငါးတွေကို
လဲ ချောင်းထဲ ပြန်ပစ်ချလိုက် ဖမ်းလိုက်ပေါ့။ ဒီကြား ထဲ လှေပေါ် ကနေပြီး ထိုက်ထိုးချ
ရတာ အမောပဲ။

ခက်တာ က ချောင်းရေ က နောက်ကျိပြီး တော့ ညစ်တီး ညစ်ပတ် အင်မတန်နိုင်ပါတယ်။
အဲဒီ ရေတွေ နဲ့  တခါ ရေချိုး ဖို့  ရေကန် က ရေထမ်း ရပြန်ပါရောလား။ ကန်ဘောင် ပေါ်
အတက်မှာ ရေဆိုင်းထမ်း နဲ့ ကို့ ယို့ ကားယား လှုပ်ယမ်း ပြီးတော့ ချော်လဲ ကျပါသေးတယ်။
ရေမိုး ချိုး ပြီးတော့ ညနေပိုင်း ကျလာတဲ့ အခါမှာတော့ ရွာလည်ခေါင် က ထန်းရေဆိုင်ကို
ရောက် ပါတော့တယ်။ ထန်း ရေ ဆိုတာ တခါမှ မသောက်ဖူးသေးပါဘူး။ ထန်းတော ထဲက
ထန်းရည်တဲ ဖြစ်တာ ကြောင့် အစားအသောက် ပဲကြီးလှော် က လွဲပြီး ဘာမှ မရှိပါဘူး။ဒီ
တော့ ထန်းရည် မြူတစ်အိုး နဲ့ ပဲကြီးလှော် ကို ထိုင်စား ပြီးတော့ ပလပ်စတစ်ခွက်လေးတွေ
နဲ့  ထန်းရည်သောက်ကြပါတယ်။

ချဉ်စုပ်စုပ် စူးရှရှ ထန်းရည် အနံ့  ကြောင့် နှာခေါင်း ကို ပိတ် ပြီးဇွတ် မျိုချရပါတယ်။ အရသာ
ကလဲ မကြိုက်လို့ လားတော့ မသိဘူး အတော်ဆိုးပါရဲ့ ။ တစ်မြူ ( တစ်အိုး) ကို တစ်ကျပ်ခွဲ
လားတော့မသိဘူး။ ပဲကြီးလှော် တို့  မိတူးလေး ပဲလှော် တို့ က တစ်ထုပ် တစ်မတ်ပေး ရပါ
တယ်။ ကျောင်းသား ဆိုတော့ လဲ အိမ်က ပေးတဲ့ လမ်းစရိတ် သာသာ ရှိတဲ့ ငွေ လေး တစ်
ဆယ် ဆယ့်ငါး ကျပ် ကို မကုန်အောင် ချွေတာရတာပေါ့။ ထန်းရည် တဲ ကနေ ည ၉ နာရီ
လောက် ပြန်တဲ့ အခါကျတော့ ထန်းရည်မူးလာပါတယ်။

ရန်ကုန် လှည်းကူး လမ်းမကြီး ပေါ်မှာ ယိုင်တိ ယိုင်တိုင် နဲ့ လူငယ်သုံး ဦး ရွာအရှေ့ ပိုင်းဖက်
ကို မှောင် နဲ့ မည်းမည်း လမ်းလျှောက် ပြန်ခဲ့ ကြတာပေါ့။ တည်းတဲ့ ဘကြီး အိမ် မှာ ကတော့
မအိပ်သေးတော့ မောင်ရင် လူငယ်လေးတွေ ထန်းရည်( ထရေ) မူး ပြန်လာကြတာ ကိုသတိ
ထားမိကြပါတယ်။ ကိုယ် က မူးနေပြီ ဆိုတော့ ကိုယ်ခြေလှမ်းမှား နေတာ ကို မသိပါဘူး။ဘေး
က လူက သာ ဒီလူ ခြေလှမ်းတွေ ဘယ်တလှမ်းညာတလှမ်း ယိုင်တိယိုင်တိုင် လျှောက်လာ
တာ ပြုံးမိကြမှာပါ။

အဲသလို နဲ့  နောက်တရက် မိုး သောက်တဲ့ လေသောအခါ မှာတော့ တမူထူးအောင် ရွာခံသူ
ငယ်ချင်း ရဲ့  ဦးလေး ဒေါ်လေး အိမ် ကို သွားပြီး ၀မ်းကွဲ ညီအကိုတွေ ဆီ ကိုသွားလည်ယင်း
နဲ့  ကြက် ခိုးစားဖို့ အကြံ ရလာပါတယ်။ ဒါပေမယ့် ၀မ်းကွဲ ညီအကိုတွေ ကလည်းပဲ အလုပ်
သွားကြမှာ ဆိုတော့ သကောင့် သား သုံးကောင်ဟာ အိမ်ပေါ်ထပ်မှာ ထိုင်ပြီး လေကန်ယင်း
ဟိုဖက် အိမ်က ကြက်ဖ နယ်ကျွံ အလာ ကို စောင့်နေကြပါတယ်။

ဟိုဖက် အိမ် က အိမ်သား တွေ က လည်းတစ်ယောက်မှ မရှိပါဘူး။ ဒီတော့ လောက်လေးဂွ
တစ်လက် နဲ့ ဟန်ရေး ပြင်နေတဲ့ ရွာခံ က လည်းပဲ ကြက်ဖ ကို စားချင်လာအောင် ဆန်ကွဲ
လေးဘာလေး ပက်ကြဲထားလိုက်ပါသေးတယ်။ ဟော ကြက်ဖ ဟာ ကြက်မတအုပ် နဲ့အတူ
တူ ပဲ စွေစွေ စောင်းစောင်း နဲ့ ဗိုလ်လုပ်အုပ်ချုပ်နေတာ ကိုအိမ်ပေါ် က အသာချောင်းနေ
သူ လက်ဖြောင့် တပ်သားဟာ လောက်စာလုံး နဲ့  အတူ ခေါင်းတည့်တည့် ကို နောက်က
ချိန်ပြီး ပစ်လွှတ်လိုက်လို့ အငိုက် မိသွားပါတော့တယ်။

ထိပြီးတာ နဲ့တပြိုင် နက်ပဲ ရွာခံ သူငယ်ချင်း ဟာ အိမ်ပေါ် က ပြေးဆင်း ပြီးတော့ ကွိခနဲ
လည်ကို လိမ်ချိုး လိုက်ပါတော့တယ်။ နောက်သူငယ်ချင်း တယောက် က ဟေ့ကောင် အ
သေမသတ် နဲ့ ဦး ငါ လည်လှီးရဦးမယ် တဲ့ ။ သူ က မွတ်စလင် ဘာသာဝင်ပေါ့။ ဆင်းသွား
တဲံသူငယ်ချင်း ကြက် ကို လည်လိမ်လိုက်တာ အသက် က ထွက်သွားပါပြီ။ ဒီတော့ လည်
လှီးဖို့  ဓါးသွေး နေသူ မွတ်စလင်ဘာသာဝင် သူငယ်ချင်း က တော့ စိတ်ပျက်လက် ပျက် နဲ့
မင်း တော့ ကွာ ငါ့  ကို မစားရအောင် လုပ်လိုက်ပြီ တဲ့  ၀မ်းနည်း ပက်လက်ကြီး နဲ့ ပြောသံ
ကြားလိုက်ရပါတယ်။

ကိုယ့် ပရောဂ မကင်း တဲ့ ကြက်ခိုးစားတဲ့ အမှု့ ကတော့ ကိုယ်လဲ တရားခံ ဆိုယင်မမှားပေ
ဘူးပေါ့။ ကြက် ကို ရွာခံကောင် က ချက်ပြုတ်ပြီးတော့ယင် နေ့ လည်စာ ကို ကြက်သားဟင်း
နဲ့  စားကြတော့ ဟို တယောက်က လဖက်သုပ်လေး နဲ့ စားရတော့တာပေါ့။ ဒီတော့ စား
သောက်ပြီး တော့ ညနေ မစောင်းခင် ဘေးအိမ် က မရိပ်မိခင် ရွာတောင်ဖက် ကို ပြန်ပြေး
ကြပါတော့တယ်။ သူများ ရွာ ကိုလည်းသွားတယ်။ ကြက်လဲ ခိုးစားကြသေးတယ်။ သိသွား
ယင်တော့ ရဲ တိုင်ခံရမှာ သေချာတယ်။ :)

အဲသလို နဲ့  အလှူ လုပ်တဲ့ ကထိန်ခင်း တဲ့ ရက် ရောက်ပြီ ဆိုတော့ တရွာလုံး မီးခိုးတိတ်
အရှေ့ ဖက်ကျောင်းမှာ အလှူပွဲ မှာ စားဖို့ ဟန်ရေး ပြင်နေကြတာပေါ့။ ရှိသမျှ ကြီးကြီးငယ်
ငယ် ရွယ်ရွယ်လတ်လတ် ၀တ်ကောင်းစားလှ တွေ နဲ့  အတူ ရွာဦးကျောင်း ၀င်းကြီးမှာ
ကြက်ပျံမကျ စည်ကားနေပါတယ်။ ဘုံကထိန် ဆိုတာ ကလည်း ရွာကျောင်းမှာ ပဲ ခင်းတာ
ဖြစ်လေ တော့ ပဒေသာပင်သီးထား တာ က လဲ ဓမ္မာ ရုံထဲ မှာပါ။

လူကြီး သူမ တွေ က ကျောင်းထိုင် ဆရာတော်ကြီး ဆီ မှာ အလှူအတန်း အတွက် တရား
နာ ရေစက်ချ လုပ်နေကြပေမယ့် ကလေးသူငယ်၊ ရွယ်ရွယ်လတ်လတ် တွေ ကတော့လဲ
ဆွမ်းစား ကျောင်း မှာ ပြည့်နှက်နေပါတယ်။ ရွာရဲ့  ချက်ပြုတ်ရေး အဖွဲ့ တွေ ကလဲ ချွေးတ
လုံးလုံး နဲ့ ဆွမ်းကပ်ဖို့ ၊ အလှူကျွေး ဖို့ ချက်ပြုတ်နေကြတာ ကို ဆွမ်းစားဆောင် နောက်
ဖက် မှာ တွေ့ ရပါတယ်။ ကျွေးမွေးရေး ပြင်ဆင် သူအဖွဲ့ တွေ ကလဲ ပဲ ရွာက လှတပတ
မိန်းမပျိုလေးတွေ ကလည်း တောပန်းတောင်ပန်း လေးတွေ ပန်လို့ အလှဆင် ပြီးတော့
ကိုကို ကာလသားများ နဲ့ တန်းတူ ပဲ ၀ိုင်းဝန်းကူညီ လုပ်ကိုင်နေကြပါတယ်။

အရွယ်ဟိုမရောက်ဒီမရောက် ကျွန်တော် တို့  တရွာသားတွေ ကတော့ ဘယ်မှလဲ မပါ
ဟိုယောင်ယောင် ဒီယောင်ယောင် နဲ့ တင် အလှူပွဲ မှာ အ၀ စားဖို့ အချိန်ကောင်း ကိုလဲ
စောင့် နေရပါသေးရဲ့ ။ တရွာလုံး ကို ကျွေးရတဲ့ အလှူပွဲ ဖြစ်တာ ကြောင့် လဲ ပဲ လူအလှည့်
သင့် ဖို့ အတော့်  ကို ပဲ စောင့် ဆိုင်းရပါတယ်။

အလှူမှာ ကျွေးတာ ကလား ထုံးစံ အတိုင်း ထမင်း နဲ့  ကြက် ၊ ၀က်၊ ငါး၊ အသုပ်၊ အကြော်
ချဉ်ရည်ဟင်း တွေ ပါပဲ။ ၀က်သား တုံးကြီးတွေ က တကယ်ပဲ လက်သီးလုံးလို အကြီးကြီး
တွေ ပေါ့။ တ၀ တပြဲ စားသောက် ပြီးတော့ ရွာဦးကျောင်းဆရာတော် ကို ပုဆိန်ပေါက်ဦးချ
ပြီးတော့ ယင် ဗိုက်ပူနံကား ဖြစ်လာတဲ့ အတွက် အိမ်ပြန်တရေး အိပ်ရုံ က လွဲ ပြီးတခြားမ
ရှိပါဘူး။ ည နေပိုင်း လောက် ကနေစ ပြီးတော့ ယင် ရွာထိပ် လမ်းမဘေး မှာ ရွာက ဧည့်
ခံမယ့် အငြိမ့် ပွဲ ကို ပြင်ဆင်နေကြတာ ၀ိုင်းလုပ်ပေးရပါတယ်။

ရွာသားတွေ ချည်း က တဲ့ အငြိမ့် ပွဲ လေး ပါ။ ပွဲ အခင်းအကျင်းတွေ က လည်း လှည်းကူး
မြို့ ပေါ် က သွားငှား ပြီးတော့ ရွာခံ လှပျိုဖြူ တွေ နဲ့  မင်းသမီး မင်းသာ လုပ် ပြီး ဆိုင်းဝိုင်း
နဲ့ အတူ ဖျော်ဖြေကြတာပေါ့။ တရွာလုံး ရှိသမျှ ပုစုခရုက မကျန် အားလုံး လာပြီးအားပေး
ကြတာပေါ့။ ကားလမ်း ဘေး တလျှောက် လဲ ပဲ ပွဲဈေးတန်းကြီး ဟာ အရှည်ကြီး ပါပဲ။အဲဒီ
ပွဲ ဈေးတန်းမှာလဲ စည်ကားလိုက်တာ ပြောမနေပါနဲ့ ။ ကိုယ်တွေ ကလဲ လူပျိုအရွယ်လည်း
မကျ ၊ ခလေးလည်း မက နဲ့ တင် ပွဲဈေးတန်း မှာ လမ်းသလားနေပါတယ်။

ပွဲခင်း ထုံးစံ အတိုင်း မူးလို့ ရန်ဖြစ်ကြ ၊ ရိုက်ကြ နဲ့တော့ နဲနဲပါးပါး တော့ ရှိပါသေးတယ်။
ဒါပေမယ့် ရဲ က လာစောင့် နေတာ ကြောင့် သိပ်လဲ မဖြစ်ရဲကြပါဘူး။ ကိုယ်တွေ က တော့
ရန်ဖြစ်မယ့် ဇ မပါလို့  အေးအေးလူလူ ပွဲခင်းထဲ အငြိမ့် ထိုင်ကြည့်ပြီးတော့ အိပ်ချိန် တန်
တော့ လဲ အိမ်ပြန် အိပ်ခဲ့ ကြတာပါပဲ။ ဒီထက်ငယ်တဲ့ အရွယ်တုန်း ကတော့ လား ဘယ်ရ
မလဲ ပွဲခင်းထဲ မှာ အိပ်ပစ်တာပေါ့။ မှတ်မိပါသေးတယ်။ တံတားလေး လမ်းဆုံကဘုရား
ပွဲ ဦးမောင်မောင် ဆက်ကပ် မှာ မေမေ့ ပေါင်ပေါ် တစ်ညလုံးအိပ်နေတာပေါ့။

နောက်တရက် မှာတော့ ရန်ကုန် ပြန်ဖို့ ရွာခံ သူငယ်ချင်း ကို နှုတ်ဆက် ပြီးတော့ ယင်
သူတို့  ဘကြီး ဦးကြီး ဦးလေး တွေ ကို လိုက်လံ နှုတ်ဆက် ပြီးတော့ အိမ် ကို ပြန်ဖို့  အ
တွက် ရန်ကုန် ပဲခူး ကား စီး ပြီးတော့ ပြန်ခဲ့ ကြပါတော့တယ်။

တောရွာဓလေ့ ကတော့ မနက်မိုးလင်း မြို့ မှာလို စားစရာမုန့် မျိုးစုံ မရနိုင်ပါဘူး။ အိမ်
ရှေ့ လာရောင်းတဲ့ ကောက်ညှင်းပေါင်း လောက်သာ တင်းတိမ်ရတာပေါ့။ နေ့ လည်စာ
ဆိုတာကလဲ ခြံထွက် အသီးအရွက် လေးတွေ နဲ့ ဟင်းတမယ် လုပ်စားကြရတာပါပဲ။
အသားငါး ဆိုတာ က လဲ ပဲ တပတ်တခါ နှစ်ခါ လောက် မှရောင်းသူ ရှိမှသာ စားရတာ
ပါ။ ရွာတွေ မှာ ကပေါတာ ကြက်သားပေါ့။ အိမ်တိုင်း ကြက်မွေးထားကြတာ ဆိုတော့
ဧည့်သည်လာယင်တော့ အဲဒီ ထဲ က ကြက်တစ်ကောင် ဟင်းအိုးထဲ ခုန်ဝင်ရပါတော့
တယ်။

ဝက်သားလို အသား ကတော့ ရွာထဲ က ပေါ်မှာ သာ ရောင်းသူရှိတာမို့  အချိန်တိုင်း
စားရဖို့ တော့ မလွယ်လှပါဘူး။ မြို့ ပေါ်မှာ ကတော့ လဲ သိတဲ့ အတိုင်း ဈေး ကိုသွား
ဝယ်လိုက်၊ စားချင်တာ ရစေမယ်လေ။ အခု ခေတ် ဆို ပိုဆိုး။ ဈေး ပွဲ ပြီး မရှိယင်
တောင် စူပါမားကတ် တွေ ကို သွားပြီး ၀ယ်ခြမ်းချက်ပြုတ်နိုင်ကြတယ်။

ရွာ မှာ ရှိတဲ့ နယ်ခံ က ဆွေမျိုး များလို့ ကတော့ တစ်အိမ်တက်ဆင်း ထမင်းလိုက်စား
နေယင် ကိုပဲ တပတ်လောက် ပြည့်အောင် စားနေရမှာ။စိတ်လွတ်ကိုယ်လွတ် ၊
ငါးဖမ်းလိုက်၊ ငှက်ပစ်လိုက် ၊ ရေကူးလိုက်၊ ထန်းရည်သောက် လိုက် နဲ့ တကယ့် ကို
ပျော်စရာ တွေ ရှိနေတဲ့ အဲဒီ ရွာ ကိုသွားလည်ခဲ့တာလေး ကို ပြန်တွေးယင်း နဲ့ ဖောက်
သည်ချပြလိုက်ရပါတော့တယ်။
Ref: http://www.maungmaungmfs.com/2010/09/blog-post_06.html

No comments: