အပိုင်း-၂၀ တုံးက ဆရာကြည်လေးအကြောင်းကို
ပြောခဲ့ပါတယ်။ အခုလဲ ဆရာကြည်လေးနဲ့ ပတ်သက်တဲ့ ဟာသလေးတစ်ပုဒ်ကို ဆက်ပြောပြီး ပြောချင်ပါတယ်။
ကွန်ထိုးခြင်း၊ အရက်ရောင်းခြင်းစတဲ့
အလုပ်တွေကို မလုပ်တော့ဘဲ ရွှေရင်ကျော်ဂိုဏ်ကို ၀င်ပြီး ဗေဒင်ဟောပြီး အသက်မွေးဝမ်းကြောင်းပြုပါတယ်။
ယခုအချိန်ထိပေါ့။ လှည်းကူးနယ်တစ်ခွင်က ဆရာဦးကြည်လေး ဟုလည်းကောင်း၊ မြေမနင်းဆရာဟုလည်းကောင်း
ခေါ်ကြပါတယ်။
ဆရာဦးကြည်လေးက ဗေဒင်ကို အိမ်မှာလဲ ဟောတယ်။ အခြားအိမ်က ပင့်ရင်လဲ အဲဒီအိမ်ကို
သွားရောက်ပြီး ဗေဒင်ဟောပါတယ်။ သူ့ရဲ့ ဆိုက်ကားဒရိုင်ဘာက သူ့ရဲ့ယောက်ဖ ဖြစ်သူပါ။ ဆိုက်ကားလဲ
နင်းရတယ်။ ပြီးတော့ သူ့ကို အတင်အချလဲ လုပ်ရပါတယ်။ ဘယ်သွားသွား ဒီဆိုက်ကားနဲ့ပါပဲ။
ဒီလိုနဲ့ တစ်နေ့သား လှည်းကူးက
အိမ်တစ်က ပင့်လို့ ကြွသွားပါတယ်။ အဲဒီအိမ်က ပိုက်ကြီးဝဲမူလတန်းဆရာမ ဒေါ်စန်းစန်းမြင့်-ရဲ့
အိမ်ပါ။ ဗေဒင်ကိစ္စစသော အလုပ်တွေပြီးသွားတော့ ပြန်ဖို့ ပြင်ပါတယ်။ ပြီးတော့ ဆရာဦးကြည်လေးက
ဆရာမစန်းစန်းမြင့်ကို အောက်ပေါအတိုင်းပြောပါတယ်။
" စန်းစန်းမြင့်… ငါ့ဖိနပ်
ဒီမှာမတွေ့တော့ဘူး… ရှာပါဦးဟ"-ဟု။
ဆရာမလေးခမျာ တကယ်ထင်ပြီး
ဒေါင်းတောက်အောင် ဖိနပ်ရှာပါတော့တယ်။ ဆရာဦးကြည်လေးသာ ပြန်သွားပေမယ့် ဖိနပ်ကတော့ ပြန်မတွေ့တော့ပါဘူး။
အမှန်မှာ ဆရာကြည်လေးက လမ်းမလျှောက်နိုင်သူဖြစ်လေတော့ ဖိနပ်လုံးဝစီးသူမဟုတ်ပါ။ ဆရာဦးကြည်လေးနဲ့
ဆိုက်ကားသမားတို့ကတော့ တပြုံးပြုံးနဲ့ ပြန်သွားပါလေတော့သည်။ ဆရာမစန်းစန်းမြင့် တစ်ယောက်ကတော့
ဖိနပ်ရှာနေလေရဲ့။
မောင်နေခြည် (လှည်းကူး)
No comments:
Post a Comment