လှည်းကူးမြို့နယ်၊ တံခွန်တိုင်ကျေးရွာတွင် လူတစ်ဦး မိုးကြိုးပစ်သေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၃
၂.၁၀.၂၀၁၃ရက်နေ့ ၁၅၃၀အချိန် လှည်းကူးမြို့နယ်၊ တံခွန်တိုင်ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာတွင် လူ (၁)ဦးနေအိမ်အတွင်း၌ မိုးကြိုးပစ်၍ သေဆုံးသွားကြောင်း ဖုန်းသတင်းအရ လှည်းကူးမြို့မရဲစခန်းတပ်ဖွဲ့ဝင်များသည်
၎င်းကျေးရွာသို့ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ကျော်ဌေး၊
(ဘ)ဦးခင်လှိုင်ဖြစ်ပြီး နေအိမ်တဲတွင်ထိုင်နေစဉ် မိုးကြိုးပစ်ခံရ၍
ကျောပြင်တွင်မီးလောင်ကျွမ်းဒဏ်ရာရရှိကာ အခြားပြင်ပဒဏ်ရာမတွေ့ရှိရဘဲ သေဆုံးနေသဖြင့် လှည်းကူးမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၂၃/၂၀၁၃)ဖြင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment