ဂျပန်ခေတ်အခါကပေါ့။
မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ
ဗုံးတွေ ကြဲခံနေရပါတယ်။ အဲဒီအထဲမှာလှည်းကူးမြို့နယ်လဲ အပါအ၀င်ပေါ့။
ကျုပ်တို့ လှည်းကူးနယ်ထဲက
ပိုက်ကြီးဝဲရွာမှာလည်း ဗုံးခိုကျင်းတွေ တူးကြ၊ လေယာဉ်ပျံလာရင် ဗုံးခိုကျင်းထဲ ၀င်းပုံးကြပေါ့။
အစားအသောက်တွေကိုလဲ ဗုံးခိုကျင်းထဲမှာ ပဲထည့်ထားကြရပါတယ်။
တနေ့သောအခါမှာ မိသားစုနှင့်အတူ
စံပွား-ဆိုတဲ့ လူငယ်တစ်ယောက်ဟာ လေယာဉ်ပျံတွေလာတော့ မိသားစုနှင့်အတူ ဗုံးကျင်းထဲကို
ဝင်ပုံးကြရပါတယ်။ လူကြီး လူငယ်မရွေး ကြောက်ကြောက်လန့်လန့်နဲ့ နေကြရတဲ့ အချိန်ပါ။
အဲဒီလို အချိန်မှာ စံပွားက
အောက်ပါအတိုင်း ပြောပါတယ်။
"အခုနေများ ဘိလပ်ရည်လေးသောက်ရရင်
ဘယ်လောက်ကောင်းမလဲ.... အဘရာ"-ဟု။
အဖေလုပ်တဲ့သူက သူ့သားကို
အောက်ပါအတိုင်းပြန်ပြောပါတယ်။
" စစ်ဖြစ်ပါတယ်ဆိုမှ
အရေးထဲ စံပွားက ဘိလပ်ရည်သောက်ချင်သေးတယ်"-ဟု။
မောင်နေခြည် (လှည်းကူးမြေ)
No comments:
Post a Comment