တစ်ခါကပေါ့။ ကျုပ်တို့ လှည်းကူးမြို့ရဲ့
တာဆုံပိုင်းမှာ ကမ္ဘာလှည့် ခရီးသွားတွေ တင်ဆောင်လာတဲ့ ကားတစ်စီးရပ်ပါတယ်။ ပြီးတော့ အဲဒီနားက
ဦးထွန်းငြိမ်းထမင်းဆိုင်ကို ၀င်သွားပြီး ပြန်ထွက်လာကြပါတယ်။ ပြန်ထွက်လာတဲ့ အထဲမှာ
ခပ်ချောချော အမျိုးသမီးတစ်ယောက်ပါပါတယ်။ အဲဒီအမျိုးသမီးကို တွေ့လိုက်ရတဲ့ ဆိုက်ကားဂိတ်က
လှည်းကူးသားတွေက အောက်ပါအတိုင်း အချင်းချင်း အော်ပြောကြပါတယ်။
" တော်တော် ချောတဲ့
ကောင်မကွာ"
အဲဒီအခါမှာ ထိုအမျိုးသမီက
အောက်ပါအတိုင်း ပြန်ပြောရာ လှည်းကူးကကောင်တွေ ပါးစပ် အဟောင်းသား ဖြစ်သွားပါတယ်။ သူမပြန်ပြောလိုက်တဲ့
စကားက
" ကျွန်မ မချော်ပါဘူး
အကို"- တဲ့။
မောင်နေခြည် (လှည်းကူးမြေ)
No comments:
Post a Comment