ဒီတစ်ခါတော့ တောကဟာသလို့
အမည်တပ်ပေမယ့် မြို့ကအဖြစ်အပျက်ပါ။
မဆလခေတ်အခါတုံးကပေါ့။
ကချင်ပြည်နယ်က မြို့နယ်ရဲစခန်းတိုင်းဟာ
ပြည်နယ်ရဲမှူးရုံးထိုင်ရာ မြစ်ကြီးနားကို
နေ့စဉ်သတင်းပို့ရပါတယ်။အဲဒီရဲစခန်းတွေထဲမှာ မိုးကောင်းရဲစခန်းလဲ
အပါအ၀င်ပေါ့။
ထုံစံအတိုင်း ညနေဖက်မှာ သတင်းပို့ပါတယ်။
သတင်းပို့နေတဲ့ ရဲသားရဲ့
အသံကို ရဲစခန်းတစ်ခုလုံးက ကြားရပါတယ်။
သူပြောနေတာကတော့
" ကျွန်တော် မိုးကောင်းရဲစခန်းကပါ။
လှို့ဝှက်သတင်းပို့နေပါတယ်။"-ဟုဖြစ်သည်။
အမှန်မှာ ရဲစခန်းမှာ အသုံးပြုတဲ့
ဖုန်းက မကောင်းလို့ အတင်းအော်ပြောနေရတာပါ။
ပို့တာက လှို့ဝှက်သတင်း၊
ကြားလိုက်ရတာက စခန်းတစ်ခုလုံးပါ။
မောင်နေခြည် (လှည်းကူးမြေ)
No comments:
Post a Comment