Thursday, 29 December 2011
ရခိုင်ဝန်ကြီး ဦးဇော်အေးမောင်နဲ့ မေးမြန်းချက်
မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက် ဂိုဒေါင်ပေါက်ကွဲမှုတွင် ဓါတု အဆိပ်သင့်မှုများ ဖြစ်ပေါ်နေ
ယနေ့ မနက် အစော ပိုင်း က မင်္ဂလာ တောင်ညွန့် မြို့  နယ် စက်ဆန်း သင်္ဘောကျင်း တွင် ဖြစ်ပွား
ခဲ့ သည့် ဓါတု ဗေဒ ကုန်လှောင် ရုံ ပေါက် ကွဲ မှု ၏ အကျိုး ဆက် အဖြစ် ရန်ကုန် တိုင်း မြို့  နယ်
အချို့ တွင် ဓါတု ဗေဒ အဆိပ် သင့် မှု များ ဖြစ် နေသည် ဟု FNG က စုံ စမ်း သိရှိ ရသည်။
လေးနားရီ နီးပါး ကြာ လောင်ကျွမ်းထား သည့် မီး အရှိန် ကြောင့် မင်္ဂလာ တောင်ညွန့် မြို့ နယ်၊
တာမွေ မြိ နယ်၊ ဒေါပုံ မြို့ နယ် ၊ သာကေတ မြို့ နယ် ၊ သင်္ဃန် ကျွန်း မြို့  နယ် တို့  တွင် ပြာမှုန်
နှင့် မီးခိုး ငွေ့ များ ဖုံး လွှမ်း နေ သည်။
တာမွေ မြို့ နယ် နှင့် မင်္ဂလာ တောင် ညွန့်  မြို့ နယ် တွင်း နေကြ သူ အချို့  မှာ ယားယံ ခြင်း နှင့်
အသက် ရှု ကျပ် သည့် ရော ဂါ များ ယနေ့  မနက် မှ စတင် ခံစား နေကြ ရ သည် ဟု သိရှိ
ရသည်။ မင်္ဂလာ တောင် ညွန့် မြို့  နယ် ယုဇန ပလာ ဇာ အနီး တိုက် ခန်း များ နှင့် တာ မွေ
ကျောက် မြောင်း ရှိ ဒေသခံ အချို့  ဉ် ယား နာ ကဲ့ သို့  အနီရောင် အဖု လေး များ ထလာ ပြီး
လက် နှင့် မျက် နှာ တစ်ဝိုက် တွင် အဖြစ် များ သည် ဟု တာ မွေ သတိ ပဌာန် လမ်း မှ ဆရာ
ဝန် တစ်ဦး က ပြောသည်။
အချို့  မှာ မျက် စေ့ စပ် လာ မှု နှင့် မျက် ရည် ပူ များ ကျဆင်း မှု များ ကြုံ တွေ့ ရသည်။
ယနေ့  မနက် အစော ပိုင်း ပေါက်ကွဲ မီး လောင် မှု ကြောင့် ဒုက္ခ ရောက် ခဲ့ သူများ ကို မြန်မာ
နိုင်ငံ ကြက် ခြေ နီ အသင်း ၊ တပ်မတော် စစ်ဆေးရုံ မှာ တာဝန် ရှိ သူ များ ၊ ကြံ့ဖွံ ပါတီ နှင့်
သရုပ် ဆောင် ရဲတိုက် ၏ ရဲ တိုက် ဖောင်ဒေးရှင်း မှ သွားရောက် ကူညီ လျှက် ရှိ သည်။
မီးလောင်မှု တွင် အိုးအိမ် ပျက်စီး ဆုံး ရှုံး သူများ ကို ပုသိမ်ညွန့်  ကျောင်း တိုက် နှင့်
အစိုးရ အခြေခံ ပညာ ကျောင်းများ တွင် ယာယီ ခိုလှုံ ခွင့် ပြု ထား သည် ဟု သိရသည်။
ည ၂ ချက် တီး အချိန် က မီးလောင် ပေါက် ကွဲ မှု သည် ဆာလ်ဖြူ ရစ် အက်ဆစ် ဓါတု ကန်
အနီး ၀ါယာ ရှော့ခ် ဖြစ်ရာ မှ စတင် ခြင်း ဟု ဆို သော် လည်း အစိုးရ တာဝန် ရှိ သူ များ က
အတိအကျ သတင်း ထုတ် ပြန် မှု မပြု သေးချေ။
မီးလောင်ပေါက် ကွဲ မှု ဖြစ်ပွား ရာ အနီး တစ်ဝိုက် ရှိ နေ အိမ် များ တွင် သောက် ရေ နှင့်
စားသောက် ဖွယ် ရာ များ ကို ဖုံး အုပ် ထား ရန် အတွေ့ အကြုံ ရှိ သည့်  လူကြီး များက
ယနေ့  မနက် လမ်း များ ဉ် ဆော် သြနေသည်။
ယနေ့  ည ပေါက် ကွဲ မှု ဉ် ည ၁ နာ ရီ ၄၅ မိနစ် မှ ၂ နာရီ ကျော် အထိ ဆက် တိုက် ပေါက် ကွဲ ခဲ့
ပြီး အဆိုပါ ဆန်း ကြယ် သည့် ပေါက် ကွဲ မှု ကို သက်ဆိုင်ရာ က စုံ စမ်း စစ်ဆေး ဆဲ သာ ဖြစ်
သည် ဟု သိရသည်။
ပေါက်ကွဲ မှု ဖြစ်ပွား သည့် နေရာ တစ်ဝိုက် တွင် ၁၀ ပေ ခန့် နက် သည့် ကျင်းကြီး များ ဖြစ်
ပေါ် ခဲ့ သည်။
ကူးတို့  ဆိပ် ရပ် ကွက် တွင် နေသူ များ မှာ ည လုံး ပေါက် မီး ခိုး မှုန်း များ ကြောင့် အသက် ရှု
ကျပ် သည့် ဒဏ် နှင့် ယားယံ မှု များ ကို လည်း ခံ စား နေရသည်။
မီးလောက် ပေါက်ကွဲ မှု ဖြစ်ပွား သည့် နေရာ တွင် တွေ့ ရ သည့် အမိုနီယံ အမှုန့် များ မှာ လည်း
အန္တရယ် ရှိ သဖြင့် ကိုင် တွယ် ခြင်း မပြု ရန် မီး သတ် တပ် ဖွဲ့  က ဆော် သြနေ သည်။
ယနေ့  နေ့ လည် ၁၂ နာ ရီ နောက် ဆုံး ရ သတင်း များ အရ သေဆုံး သူ ၂၀ ကျော် ရှိ ပြီး ၁၈ ဦး
ပျောက် ဆုံး နေကာ ၉၀ ကျော် ဒဏ်ရာ ရရှိ သည်။
ယနေ့  မီးလောင် ပေါက်ကွဲ မှု တွင် အနည်း ဆုံး အမေရိကန် ဒေါ်လာ သန်း ၅၀၀ ဖိုးခန် ပျက်စီး
ဆုံး ရှုံး နိုင် သည် ဟု ပြည်တွင်း ရေကြောင်း ပို့  ဆောင် ရေးဌာ န မှ အရာ ရှိ တစ်ဦး က ခန့် မှန်း
သည်။
မှတ်ချက် ။ ။ Freedom News Group မှဖော်ပြပါသည်
ရန်ကုန်က ပေါက်ကွဲမီးလောင်မှု
ဗွီအိုအေမှကူးယူဖေါ်ပြပါသည်။
ရန်ကုန်က ပေါက်ကွဲမီးလောင်မှု (ဗီဒီယို)
(ဘားမားဗီဂျေမှ ကူးယူဖေါ်ပြပါသည်။)
ကရုဏာလက်များနှင့် အသက်စွန့်ခဲ့ကြတဲ့ မီးသတ်ရဲဘော်အပေါင်းအား ဂုဏ်ပြုပါသည်။
ကရုဏာလက်များနှင့် အသက်စွန့်ခဲ့ကြတဲ့ မီးသတ်ရဲဘော်အပေါင်းအား ဂုဏ်ပြုပါသည်။
Tuesday, 27 December 2011
ကလေးသိပ်နေတဲ့ကြောင်
ကျောင်းစိမ်းတစ်ထည်၏ အတ္ထုပ္ပတ္တိ
(၁)
စားပွဲပေါ်မှာ အထပ်လိုက်ရှိနေသည့် ပုဆိုးပုံကိုကြည့်ပြီး အဖြစ်အပျက်တို့ကို စဉ်းစားနေမိသည်။ ခုချိန်က သီတင်းကျွတ်လည်းမဟုတ်၊ တန်ဆောင်တိုင်လည်းမဟုတ်၊ အခါကြီးရက်ကြီးလည်းမဟုတ်။
" အင်း...မဟုတ်မှလွဲရော... ဟိုဆရာမပဲဖြစ်မယ်"
" ဒါဆိုရင်တော့...... အင်း..."
ကျနော် ချွေးပြန်ခဲ့ရသည့်နေ့၊ ထိုနေ့ကို ကျနော် မှတ်မှတ်ရရ ဖြစ်နေမိသည်။
ညနေကျောင်းဆင်းအပြီး အိမ်မှာတစ်ယောက်ထဲ အေးအေးဆေးဆေး စာထိုင်ဖတ်နေသည်၊ မိန်းမက ညနေစာထမင်းတစ်အိုး ချက်ထားခဲ့ပြီး ဟင်းချိုခပ်ရန် အရွက်ရှာမည်ဆိုကာ ရွာထဲ ထွက်သွားလေသည်။ ကျနော်နေသည့်အိမ်က ကျောင်းဝင်းအတွင်းမှာပင်ရှိသည်။ စာသင်ကျောင်းဆောင်နှစ်ခုအကြားတွင် လမ်းကလေးရှိသည်။ ထိုလမ်းကလေးထိပ်ဆုံးတွင် သွပ်မိုး ပျဉ်ကာ အုပ်ညှပ် လုံးချင်းအိမ်ကလေးသဖွယ် အဆောက်အအုံကလေးရှိသည်။ အိမ်လည်းဟုတ်သည်၊ ရုံးခန်းဆိုလည်းမမှား၊ ကျောင်းချိန်တွင် ကျောင်းအုပ်ကြီး ရုံးခန်းဖြစ်သည်၊ ဆရာ/ဆရာမများနှင့် အစည်းဝေးလုပ်သည့်စားပွဲသည် ကျနော်တို့ လင်မယား၏ ထမင်းစားပွဲလည်းဖြစ်သည်။
ကျနော်သည် ယခုလက်ရှိကျောင်းကို ၁၉၉၀ခုနှစ်၊ ဇွန်လတွင် ရောက်ရှိခဲ့ပါသည်။ ဤရွာသို့ အလယ်တန်းကျောင်းအုပ်အဖြစ် ရောက်လာကတည်းက ရွာထဲတွင် စုံစမ်းပြီးချေပြီ။ ရွာထဲတွင် ရန်ကုန်နှင့် အခြားမြို့များမှ တာဝန်ကျသည့် ဆရာဆရာမများ အချင်းချင်း နှစ်ယောက်တစ်တွဲ သုံးယောက်တစ်တွဲဆိုသလို စုပေါင်းပြီး အိမ်ငှားနေကြရသည်။
အိမ်တစ်လုံးငှားခကလည်းမသေး၊ နှစ်ရာ့ငါးဆယ် သုံးရာရှိသည်၊ ကျနော်မငှားနိုင်ပါ။ ကျနော်၏ အလယ်တန်း ကျောင်းအုပ်လစာက တစ်လ (၁၂၅၀) ကျပ်။ ဝန်ထမ်းဆန်ဘိုး ဆီဘိုး သက်သာကြေး ငွေစုငွေချေးသမ စသဖြင့် ဖြတ်တောက်ပြီးပါက (၈၀၀)ကျပ် ပျော့ပျော့သာ ကျန်သည်။
ကျနော့်သမီးကြီးက ဒီနှစ်ဆယ်တန်း၊ သားအငယ်က ကိုးတန်းတက်နေသည်။ သူတို့ရှေ့ရေးအတွက် နယ်စပ်ဒေသမှာ တာဝန်ထမ်းဆောင်ရာက ရန်ကုန်မြို့သို့ ပြောင်းရွှေ့ခွင့်တင်ခဲ့ရာ ရန်ကုန်တိုင်းတော့ ရောက်ပါသည်။ ရန်ကုန်တိုင်း ကော့မှုးမြို့နယ်အပိုင် ရွာလေးတစ်ရွာသို့ ရောက်ခဲ့ရလေသည်။
ခုမှခက်ချေပြီ၊ ရွာမှာ အထက်တန်းကျောင်းမရှိ၊ ကော့မှုးမြို့ပေါ်သို့ သွားရောက်ထားပါက ရနိုင်သော်လည်း ဆွေမရှိမျိုးမရှိသဖြင့် အိမ်ငှားနေရမည်၊ မတတ်နိုင်ပါ။ နောက်ဆုံး ရန်ကုန်ကန်တော်ကလေးရှိ အမအပျိုကြီးများထံ ပို့ထားရလေသည်။ ကြီးတော်များက ကလေးများကို ချစ်ခင်၍ သေသေချာချာ စောင့်ရှောက် ကျွေးမွေးထားသဖြင့် တော်ပါသေးသည်။
ကျနော်ပို့ပေးသော တစ်လ (၅၀၀)ကျပ်သည် ကလေးများ၏မုန့်ဘိုး စာအုပ်စာတမ်းကြေး စသည်ဖြင့် ကျောင်းစရိတ်အတွက် ကာမိရုံသာ။ အစ်မနှစ်ယောက်ကို ကျေးဇူးတင်ရသည်၊ ကျန်ငွေ (၃၀၀) ကျပ်ကို ကျနော်တို့လင်မယားနှစ်ယောက်
ခြိုးခြံစားသောက်ပြီး ကလေးတွေထံ တစ်လတစ်ခါ သွားသည့် လမ်းစရိတ်အဖြစ် လောက်ငအောင်သုံးရသည်။ ငါးပိရည်ကျို တို့စရာနှင့် ဟင်းချိုသည် ကျနော်တို့လင်မယားအတွက် နတ်သုဒ္ဓါပင်၊ အဝတ်အစား ဝယ်ဝတ်ဖို့ဟူသည် အိမ်မက်ပင် မမက်ရဲ၊ ဝယ်လျှင်လည်း ငွေစုငွေချေးမှ ချေး၍ရသည့်အချိန်မှ သမီးနှင့်သားအတွက် လိုတာဝယ်ပေးရသည်။
အဝတ်အစားသည် ကျနော့်အတွက် မလိုအပ်ပါ။ ကျောင်းတက်လျှင် ကျောင်းဝတ်စုံ အဖြူနှင့်အစိမ်းကို ဝတ်သည်။ အိမ်ပြန်ရောက်ပါက နေကလေးပြ လေသလပ်ခံပြီး နောက်တစ်နေ့ပြန်ဝတ် သည်လိုဖြင့် တနင်္လာမှ သောကြာအထိ အဆင်ပြေသည်။ ဒီကြားထဲ ရွာထဲက အလှုလေးအတန်းလေး ဖိတ်လာလျှင် ဒီအဖြူအစိမ်းတစ်စုံဖြင့် ပြီးသည်။
ချည်ပုဆိုးတစ်ထည်ကတော့ ကော့မှုးမှ ရန်ကုန်က အမအိမ်သွားလျှင် ဝတ်ရသည်၊ ကျောင်းစိမ်းဝတ်စုံဖြင့် သွားမိလျှင် "မင်းမှာ ဒါဘဲရှိသလား" ဟု ခဏခဏမေးတတ်၍ ဖြစ်သည်။ ကလေးတွေကို ကြည့်ပေးထားသည်နှင့်ပင် တော်ပါပြီ၊ ထပ်၍ဝန်မပိစေချင်တော့ပါ။
အိမ်မှာနေရင်ဖြင့် မနှစ်က ကျောင်းစိမ်း အဟောင်းလေးပဲဝတ်သည်။ သို့သော် ထိုပုဆိုး အစိမ်းကလေးမှာလည်း ရေလဲပိုင်းသာသာ ရှိတော့သည်၊ ရေစီးကြောင်းများလိုက်၍ အပေါက်အပြဲများက လှည့်၍ပင်မရ၊ ကိစ္စမရှိ။
ကျနော့်အိမ်သည် ရွာအစွန် ကျောင်းဝင်းအတွင်းမှာပင်၊ ညနေ ကျောင်းသားကျောင်းသူများ ကျောင်းဆင်းပြီးပါက ဖြတ်သွားဖြတ်လာပင်မရှိ။ ရွာအစွန်အဖျား သရဲခြောက်သည် နာမည်ကြီးသဖြင့် ညနေ နေဝင်ရီတရော မည်သူမှမလာရဲသည့်နေရာ။ သို့သော် တိုက်တိုက်ဆိုင်ဆိုင်ပင်၊ အိမ်မှာမိန်းမကလည်းမရှိ၊ ထိုအချိန်မှာမှ အရေးတကြီးကိစ္စဖြင့် ခွင့်ယူလို၍ဆိုကာ ဆရာမဒေါ်သီရိနွယ် ရောက်လာခဲ့သည်။ မိန်းမရှိနေရင်ဖြင့် အိမ်ဆီလျှောက်လာတာ မြင်ကတည်းက လုပ်စရာရှိတာ လုပ်ထား၍ရသည်။
အခုတော့ ထိုင်ရာမထ နှုတ်ဆက်ရလေသည်။ ညနေရွာသို့ မော်တော်ဆိုက်စဉ် ရန်ကုန်မှ လူကြုံနှင့်စာပါလာကြောင်း၊ ဆရာမ၏မိခင် ကျန်းမာရေးမကောင်းဖြစ်နေ၍ အမြန်လိုက်လာခဲ့ပါဟု မှာကြောင်းပြောသည်။ မနက်စောစောထွက်မည့် မော်တော်နှင့်လိုက်သွားလိုသဖြင့် ခွင့်တင်သွားလိုပါကြောင်း အကျိုးအကြောင်းပြောလေသည်။
ကျနော်လှုပ်၍ မရပါ။ တင်ပလ္လင်ခွေထိုင်ရင်း ချွှေးပျံနေသည်။ ဘာလုပ်ရမှန်းမသိ၍ လက်ထဲတွင် ကိုင်ထားသည့် ဖတ်လက်စစာအုပ်ကို စိုက်ကြည့်နေမိသည်။ စာလုံးများသည် ဝိုးတဝါး၊ ဆရာမမျက်နှာသည်လည်း ဝါးတားတား၊ မိန်းမပြန်လာရင်ကောင်းမည်။ ဆရာမ ဒေါ်သီရိနွယ်သည် ကျနော့်ကို စိတ်အလိုမကျစွာ လှမ်းကြည့်နေသည်၊ ခွင့်တိုင်သည့် ပုံစံစာရွက်ကို ထုတ်မပေးဘဲ စာဖတ်မပျက်သည့် ကျနော့်ကို အလိုမကျ ဖြစ်နေချေပြီ။
" မြင့်မြင့်... မြင့်မြင့် ပြန်လာရင်ကောင်းမယ်"
" ဒီမိန်းမ ရွာရိုးကိုးပေါက် လျှောက်သွားနေတယ်......" ဟု စိတ်တိုစွာတွေးမိပြီး
"အင်းလေ သူလည်း ရွာရိုးကိုးပေါက် ခြံစည်းရိုးက အရွက်တွေသွားခူးတာပဲ"ဟု စိတ်ဖြေရသည်။
"ဟာ...........ဆရာကြီးအိမ်က အချိန်အခါမဟုတ် စပယ်ပန်းတွေပွင့်နေပါလား၊ ကျမက စပယ်ပန်းသိပ်ကြိုက်တာ" ဟု ပြောပြောဆိုဆို အိမ်အပြင်ထွက်ပြီး ပန်းပင်ဆီထအသွားမှာတော့ ကျနော် လှစ်ခနဲ အိပ်ခန်းထဲ ဝင်ပြေးခွင့်ရလေတော့သည်။ တန်းပေါ်မှာ လွှားထားသည့် တစ်ထည်တည်းသော ကျောင်းစိမ်းပုဆိုးကို လဲဝတ်ပြီးတော့မှ အသက်ရှုချေင်လေတော့သည်။
ရုံးခန်းအဖြစ်ကာထားသော အခန်းဆီသို့ဝင်ကာ ဘီရိုထဲမှ ခွင့်တင်သည့် ပုံစံစာရွက်ကိုယူပြီး "ကဲ ဆရာမရေ ခွင့်စာလာယူချည်၊ ပြန်လာမှတင်ရင်တင်၊ ကျနော်လည်း အကျိုးအကြောင်း သိပြီပဲ" ဟု ပြောပြောဆိုဆို ပေးပြီး သတင်းမေးစကား ပြောရလေတော့သည်။
ထိုဆရာမ ရန်ကုန်တွင် ၃ ရက်နေပြီး ကျောင်းပြန်လာတက်သည့်နေ့တွင် ဆရာကြီးအတွက်ဆိုကာ မန္တလေးရှပ် လည်ကတုံးလက်ရှည်အဖြူတစ်ထည်နှင့် ကျောင်းစိမ်းပုဆိုးတစ်ထည် ကန်တော့လေသည်။ ဆရာ ဆရာမများသည် မချမ်းသာကြပါ။ တစ်ချို့ဆို တော်တော် ချို့တဲ့ကြပါသည်။ သူတို့လစာ (၈၇၅) ကျပ်သည် (၅၀၀) ကျပ်လောက်သာ အသားတင်ရကြရာ အိမ်ငှားခ၊ စားသောက်စရိတ်၊ လမ်းစရိတ်တို့ဖြင့် မနည်းလောက်ငအောင် သုံးနေကြရသည်သာ။
တို့သည်လည်း ရန်ကုန်မှာ မိဘများက ကျွှေးမွေးထား၍သာ လာရောက်လုပ်နိုင်ခြင်းဖြစ်သည်၊ မည်သူမှ ကျနော့်ကို လာမကန်တော့နိုင်ပါ၊ ကျနော် အားနာစွာငြင်းပါသေးသည်။ ဆရာမ၏ မိခင်ဖြစ်သူမှ ဝယ်ပေးလိုက်ခြင်းပါဆို၍ လက်ခံလိုက်ပါသည်။ ဒါအဆန်းတော့မဟုတ်ပါ။ သို့သော် တစ်ရက်ခြားလောက်မှာပင် ရွာခံဆရာမတစ်ယောက်က ကန်တော့ချင်ပါသည်ဆိုကာ ကျောင်းစိမ်းပုဆိုးတစ်ထည်နှင့် ချည်ချောပုဆိုးတစ်ထည် ရောက်လာပြန်သည်။
ထို့နောက်ရွာထဲမှ ကျောင်းအကျိုးတော်ဆောင် ရွာလူကြီးတစ်ဦးက လက်ဆောင်ဆိုကာ ရောက်လာပြန်သည်၊ ထိုမှ ထိုမှသည် ဆရာမနောက်ထပ်နှစ်ဦး၊ ဒါဆိုရင်တော့ သမရိုးကျ မဟုတ်တော့ချေ၊ ထိုနေ့က ဆရာမဒေါ်သီရိနွယ်တစ်ယောက် ကျနော့်အဖြစ်ကို သိရှိသွားလေချေပြီလား။
(၂)
စားပွဲပေါ်တွင် အထပ်လိုက်ရှိနေသည့် ပုဆိုးများထဲမှာ ကျောင်းစိမ်းပုဆိုး လေးထည် ပါသည်။ သားကို တစ်ထည်ပေးရမည်၊ ဒီနှစ် သားအတွက်လုံချည်ဝယ်မပေးရသေး၊ သမီးကိုသာဝယ်ပေးလိုက်ရသည်။ မိန်းကလေးဆိုတော့ ထည်လဲလိုသည်၊ သားကနားလည်၍ တော်သေးသည်။ ကိုချစ်အုန်းလည်းသနားစရာ။ သူ့မလည်း ကျောင်းစိမ်းတစ်စုံနှင့် အလှုသွားလည်းဒါ ကျောင်းတက်လည်းဒါ ဖြစ်နေသည်၊ တော်ပါသေးသည်၊ အဖြူ အစိမ်းဆိုတော့ ဒါချည်းပဲဝတ်နေသည်၊ ဒီတစ်စုံထဲရှိသည်ဟု မည်သူမှ မသိနိုင်ချေ။
ကိုချစ်အုန်းအတွက် ကျောင်းစိမ်းလုံချည်လေးတစ်ထည်လောက် ဝယ်ပေးချင်နေတာကြာပြီ။ ဝယ်ပေးရန်လည်း ကြံစည်သေးသည်၊ ရွာထဲက အထည်ရောင်းသည့် အမကြီးဆီမှာ မေးကြည့်တော့ ရွာမှာ တော်တော်များများက ကျောင်းစိမ်းတစ်ထည်ဝယ်ထားလျှင် နှစ်နှစ် သုံးနှစ် ထပ်မဝယ်တော့ပေ။ သို့ဖြင့် ဆိုင်မှာတင် မရောင်းပါ။ လိုချင်ပါက မြို့ပေါ်က မှာပေးမည်ဆိုသည်။ လပေးဆိုပါက အဆမတန်တင်ထားတတ်မှန်းသိသော်လည်း နှစ်လခွဲပေးမည် ဆိုသောအခါ အင်တင်တင်လုပ်နေ၍ မဝယ်ဖြစ်သေးချေ၊ သူကလည်း မြို့သို့မှာရန် မေ့နေသလို ဟန်ဆောင်နေသည့်အတွက် အံကိုက်ဖြစ်နေလေသည်။ ဆရာမဒေါ်သီရိနွယ်အမေ နေမကောင်းဖြစ်၍ ဆရာမ ရန်ကုန်အပြန်မှာ ဆရာမအမေက ကျေးဇူးတင်၍ ဝယ်ပေးလိုက်ဟန်တူသည်၊
" အင်း ဆရာမတွေကလည်း တစ်ယောက်နဲ့တစ်ယောက် ပြိုင်နေကြတာပဲဖြစ်မယ်၊ သီတင်းကျွတ်တုန်းကတောင် ဘယ်သူမှ ကန်တော့မယ့်သူမရှိ ၊ ခုကျတော့လည်း အချိန်အခါလည်းမဟုတ်၊ တစ်ယောက်ကန်တော့တာမြင်တော့ ကျန်တဲ့ဆရာမတွေကလည်း သူတို့ကို ဂရုစိုက်အောင် ဝိုင်းကန်တော့လိုက်ကြတာ"
ဘယ်လိုပဲဖြစ်ဖြစ် ကိုချစ်အုန်းအတွက် ဟန်ကျလေပြီ၊ အထည်ရောင်းသည့် အမကြီးထံသွားပြီး
"ကိုချစ်အုန်းကို ကန်တော့ထားတာတွေများနေလို့ ပုဆိုးမဝယ်ဖြစ်တော့ဘူး" လို့ ရင်ကော့ပြီး ပြောလိုက်တော့မည်။
(၃)
လုပ်ဖော်ကိုင်ဖက် ဆရာမများက ဆရာကြီးအတွက် ကျောင်းစိမ်းပုဆိုးနှင့် ချည်ပုဆိုးများ ကန်တော့သည်ကို တွေ့သဖြင့် ကျမရင်ထဲ ဝမ်းသာပီတိဖြစ်ရပါသည်။ ကျောင်းဆရာ ဆရာမများကို ဒါးသွေးကျောက်၊ ဖယောင်းတိုင် စသဖြင့် တင်စားကြသည့်အတိုင်း ဆရာ ဆရာမများသည် အနာဂတ်အတွက် ကလေးများကို အသိပညာ အတတ်ပညာများ သင်ကြားပေးရင်း မိမိတို့ဘဝမှာ ချို့တဲ့လှပါသည်။
မိမိကိုယ်တိုင် ချို့တဲ့လှပါသည်ဟု ထင်မှတ်ထားမှုသည် လုပ်သက်အနှစ်နှစ်ဆယ်ကျာ်ရှိ ကျောင်းအုပ်ဆရာကြီးကို မျက်ဝါးထင်ထင်တွေ့ရလေမှ စာဖွဲ့စရာမဟုတ်မှန်း သိလာရလေသည်။ ထိုဆရာကြီးကို ဘယ်အချိန်ကြည့်ကြည့် ကျောင်းဝတ်စုံနှင့်ပင်၊ မော်တော်နှင့် ရန်ကုန်သွားလျှင်ပင် တစ်ခါတရံ အဖြူအစိမ်းနှင့် တွေ့ရသည်။ သို့သော် ဆရာကြီးတွင် ကျောင်းဝတ်စုံ ထိုတစ်စုံသာရှိသည်ကိုတော့ တော်တော်လေးကြာမှ အမှတ်မထင် သိရှိခဲ့ရလေသည်။
ညနေကျောင်းဆင်းအပြီး အိမ်မှာနားနေခိုက် ရွာထိပ်တွင် မော်တော်ဆိုက်သံကြားလို့မှ မကြာ ဆရာမအတွက် ရန်ကုန်မှ စာပါတယ် ဆိုကာ ကလေးတစ်ယောက် စာလာပေးစဉ် ရင်ထဲထိပ်ကနဲ ဖြစ်မိသည်၊ ကျမ၏မေမေ သွေးတိုးနေသည်၊ သွေးပေါင်ချိန် တော်တော်နှင့် မကျသဖြင့် ခေတ္တပြန်လာခဲ့ဖို့မှာခြင်းဖြစ်သည်။ သွေးတိုးရောဂါသည် ကြောက်စရာ ကောင်းသည်။ အန္တရယ်လည်းရှိသဖြင့် ကျမ စိတ်ပူမိသည်။
အတူနေဆရာမက ရေချိုး သနပ်ခါးလိမ်းသည်ကို မစောင့်တော့ဘဲ ဆရာကြီးထံခွင့်တိုင်ရန် ထွက်လာခဲ့သည်။ ကျမ အကျိုးအကြောင်းပြောနေသည်ကို နားထောင်ပြီး ဆရာကြီးသည် ထိုင်မလိုထမလိုလုပ်ကာ စာအုပ်ကို သဲသဲမဲမဲဖတ်နေလေသည်၊ ကျမစိတ်တိုမိချေပြီ၊ ဆရာကြီးကတော် မမမြင့်ကို အရိပ်အယောင်မျှပင် မတွေ့။
" ဒီလိုမှန်းသိ တလေးတစား ခွင့်လာမတိုင်ပါဘူး၊ မနက်စောစော မော်တော်နဲ့လိုက်သွားပြီး တစ်ယောက်ယောက်နဲ့ မှာခဲ့ပါတယ်" ဟုတွေးရင်း ထပြန်ရင်ကောင်းမလားတွေးမိသည်။ ဆရာကြီးကို လှမ်းကြည့်မိသည့်အခါ ဆရာကြီးသည် စာအုပ်ကို စိတ်ဝင်တစားဖတ်နေခြင်းမဟုတ်သည်ကို အကဲခတ်မိလေသည်။ ဆရာကြီး၏ ညိုသောမျက်နှာသည်နီရောင်ပြေးနေပြီး နဖူးတွင်ချွှေးများပင်စို့နေသည်ကို တွေ့ရပြန်သည်။
ကျမက ဆရာကြီးအမျိုးသမီးကို မေးရာ ရွာထဲသွားသည်ဟုဆိုသည်။ ကျမဇဝေဇဝါ ဖြင့်ဝေခွဲရဖြစ်နေစဉ် ဆရာကြီးသည် ထိုင်နေရာမှ ညောင်းလာသည်ထင့်။ အမှတ်တမဲ့လှုပ်ရှားလိုက်ရာ ကျမစိတ်ထဲ စိတ်ထိခိုက်ရမိပါတော့သည်။ အိမ်နေရင်းဝတ်ထားသည့် ကျောင်းစိမ်းပုဆိုးလေးသည် ရိပြဲလို့နေပါလား၊ ကျမသည် ယခုမှချက်ချင်း ထပြန်လို့လည်း မဖြစ်တော့ပေ။
" ဟာ......ဆရာကြီးအိမ်က အချိန်အခါမဟုတ် စပယ်တွေပွင့်လို့ပါလား၊ ကျမကစပယ်ပန်းသိပ်ကြိုက်" ဟု ပြောပြောဆိုဆို အပေါက်ဝထွက်၍ စပယ်ပင်ရှေ့အကြာကြီးရပ်ကာ အိမ်ကိုကျောခိုင်းနေလိုက်ပါသည်။ တစ်အောင့်နေ ဆရာကြီးထွက်လာတာ မြင်ရသည့်အခါ ကျမပိုလို့ပင် စိတ်မကောင်းဖြစ်ရပါသည်။ ကျောင်းတက်လျှင်ဝတ်သည့် ကျောင်းစိမ်းလုံချည်လေးလဲဝတ်ကာ ကျမအား ဖော်ရွာစွာဖြင့် စကားတွေဖောင်ဖွဲ့လျက် ကျမမိခင် ကျန်းမာရေးကို မေးမြန်းလေသည်။
ကျမမိခင်ကို ဆေးခန်းပြ ဆေးပုံမှန်စားရန်ကိစ္စများ လုပ်ကိုင်ပေးပြီး အခြေအနေကောင်းသည်နှင့် ကျောင်းသို့ပြန်ခဲ့လေသည်၊ ဆရာကြီးအတွက် ကျောင်းစိမ်းပုဆိုး တစ်ထည်ကို မဖြစ်မနေဝယ်အပြီး ကျမမိခင်မေးမြန်းရာက အင်္ကျီအဖြူတစ်ထည်ကို ဖြည့်ပီးဝယ်ပေးလိုက်ပါသည်။ ဆရာကြီးကိုကန်တော့ရန် ဆွဲခြင်းထဲတဲ့ယူလာသည့် ကျောင်းစိမ်းဝတ်စုံကို ရွာခံဆရာမ မမရီ တွေ့ရှိသွားရာမှ ထိုနေ့ကအဖြစ်ကို ကျမ ဇာတ်ကြောင်းပြန်မိလေသည်။
အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်း ကလေးများကို သင်ကြားတိုင်း မျက်ရည်ကျအောင် ပြောတတ်သည့်ကျမသည် ဆရာမတစ်ချို့ကို မျက်ရည်ကျစေမိလေသည်။ ခွင့်ရ၍ကန်တော့သည် ကန်တော့၍ခွင့်ပေးသည်ဟု အခြားဆရာ ဆရာမများ သံသယမဖြစ်စေချင်ပါ။ မမရီက စောစောကသိရင် ဒီနေ့မော်တော်နဲ့မြို့ကို မှာလို့ရသည်၊ မနက်ဖြန်မှပဲ မှာရတော့မှာပဲဟု တသသ ပြောနေလေသည်။ ချက်ချင်းကို ပေးချင်နေသည်၊ မမရီမှတစ်ဆင့် သူ၏ဖခင်သိရှိကာ မမရီအဖေက ပုဆိုးတစ်ထည်။ နောက် အခြားသော ဆရာ ဆရာမများ ကန်တော့ကြလေသည်။
ထိုသီတင်းတစ်ပတ်အပြီး ကျောင်းပြန်တက်သည့်တစ်ရက်မှာတော့ မန္တလေးရှပ်အကျီအဖြူ ကျောင်းစိမ်းပုဆိုးအသစ်တို့ ဝတ်ဆင်လျက် ကျောင်းရုံးခန်းမှ စာသင်ဆောင်သို့အကူး ကျမစာသင်ခန်းရှေ့ အဖြတ်တွင်တော့ မျက်နှာရဲလျက် အိုးတိုးအန်းတန်းဖြစ်နေပုံရလေသည်၊ ကျမသည် ဆရာကြီး အနေမခက်စေရန် ထုံးစံအတိုင်း မမြင်ယောင်ဆောင်၍ ကျောခိုင်းလိုက်ပါတော့သည်။
ခိုင်ခိုင်စောလွင်
(မောက္ခပညာရေးမဂ္ဂဇင်း-မှ ကူးယူဖေါ်ပြပါသည်။)
Sunday, 18 December 2011
ဆစ်ဒနီမြို့တွင်း၊မြို့ပြင်ကို Sightseeing Bus နဲ့ခရီးသွားခြင်း
ခရစ်စမတ်နဲ့ နှစ်သစ်ကူးအားလပ်ရက်အဖြစ် ကျောင်း (၂)လ ကျော်ပိတ်လို့ ခရီးတစ်ခုသွားဖို့ စီစဉ်ခဲ့ပါတယ်။ ဒါနဲပဲ အင်တာနက်ထဲမှာ ဟိုရှာဒီရှာ အလုပ်များခဲ့ရပါတယ်။ ခရီးစရိတ်လဲ သက်သာရမယ်၊ ကိုယ်မရောက်ဘူးတဲ့ ဒေသတွေကိုလဲ အနှံ့ရောက်ရမယ် ဆိုတဲ့ အဓိကရည်ရွယ်ချက်နဲ့ပေါ့။ ကျောင်းတက်ရတာလဲ အဆိုင်းမင့်တွေက တအားများတော့ စိတ်ပြေလက်ပျောက် သဘော၊ အနားယူတဲ့သဘောလဲပါပါတယ်။
(Sightseeing Bus ကို မစီးမီပေါ့)
ဒါနဲ့ အင်တာနက်ထဲကနေ Sightseeing Bus နဲ့ ဆစ်ဒနီမြို့တွင်း၊မြို့ပြင်ကို ဈေးသက်သက်သာသာနဲ့ သွားနိုင်တဲ့ အစီအစဉ်တစ်ခုကို တွေ့မိတာပါ။ ဒီလိုနဲ့ Sightseeing Bus နဲ့ ခရီးသွားဖြစ်လိုက်ပါတယ်။ Sightseeing Bus စထွက်တာကတော့ Central Station ကပါ။ ဒီလိုနဲ့ Central Station ကို မီးရထားစီပြီးသွားလိုက်ပါတယ်။ လက်မှတ်ခက လူကြီးတစ်ယောက်လျှင် (၃၅) ဒေါ်လာနှုန်းကျသင့်ပေမယ့် စာရေးသူက ကျောင်းသားဖြစ်လေတော့ (၃၀)ဒေါ်လာပဲပေးရပါတယ်။ Sydney Tour နဲ့ Bondi Tour ဆိုပြီး ခရီးလမ်းကြောင်း ၂-ခုရှိပေမယ့် အခုဝယ်ထားတဲ့ လက်မှတ်က တစ်စောင်ထဲနဲ့ ခရီး ၂-ခုကို ၂၄-နာရီအတွင်း အတက်အဆင်းကြိုက်သလောက်လုပ်နိုင်ပါတယ်။
(Sightseeing Bus မှ ကားစပယာနှင့် အမှတ်တရ)
Sydney Tour မှာ ကားရပ်နားမည့်နေရာ ၂၄-ခု ရှိပြီးတော့ Bondi Tour ကတော့ ကားရပ်နားမည့်နေရာ ၁၀-နေရာရှိပါတယ်။ စုစုပေါင်း ၃၄-နေရာရှိပါတယ်။ ဒီနေရာတွေကို ကိုယ်ပိုင်ကား(သို့) တက္ကစီ (သို့) ရိုးရိုး ဘက်စ်ကားနဲ့ သွားမယ်ဆိုရင်တော့ စရိပ်စကက ဒေါ်လာ (၃၀) လောက်နဲ့ မလောက်တာကကတော့ အမှန်ပါပဲ။
(ဆစ်ဒနီဟာဘာတံတားကြီးကို Sightseeing Bus ပေါ်မှတွေ့ရပုံ)
အဲဒီနေရာတွေကတော့ Circular Quay, Wynyard Arcade, Queen Victoria Building, Town Hall, William St, Kings Cross, EI Alamein Fountain, Woolloomooloo Bay, Sydney Opera House, Botanical Gardens, Parliament House/ NSW Library, Hyde Park, Australian Museum, Central Station, Power House Mudeum, Sydney Fish Market, Star City Casino, Maritime Museum, Exhibition Centre & Hard Rock Cafe, Imax/ Chinese Gardens, Sydney Aquariam, King St Wharf, Campbell's Cove, The Rocks, Sydney Tower and Australian Opal Cutters နဲ့ Bondi Beach စတာတွေပဲ ဖြစ်ပါတယ်။
(စူပါမင်းအ၀တ်အစားနဲ့ တွေ့ရသူတစ်ယောက်ပေါ့)
ကားပေါ်မှာတော့ လမ်းဘေးတစ်လျှောက်မှာရှိတဲ့ ထင်ရှားတဲ့ နေရာတွေ အကြောင်းကို အသံချဲ့စက်မှတဆင့် ကြေညာပေးပါတယ်။ အဆင်သင့် အသံသွင်းထားတဲ့ စီဒီကို ဖွင့်ပေးခြင်းဖြစ်ပါတယ်။ ဆစ်ဒနီမြို့တော်ကြီးက အရမ်းကြီးမားလွန်းတော့ ဒီလို ကားမျိုးနဲ့ သွားရတာ အရမ်းကိုပဲ သင့်တော်လှပါတယ်။
(ဗစ်တိုးရီးယား ဘုရင်မရုပ်တုကို Sightseeing Bus ပေါ်မှ မြင်ရပုံ)
ဒီရက်တွေဟာ လူတိုင်းအတွက် အားလပ်ရက်တွေ ဖြစ်တာကြောင့် မြို့ထဲမှာ ဈေးရောင်းသူ၊ ဈေးဝယ်သူတွေနဲ့ အရမ်းကို စီကားလှပါတယ်။ ရောင်တဲ့သူဘက်ကလဲ ရာခိုင်နှုန်းတော်တော် များများကို လျှော့ရောင်းနေတဲ့အချိန်ပေါ့။ ဒီ သြစီကလူတွေကတော့ အခုလို လျှော့ရောင်းတဲ့ အချိန်မှာ ၁နှစ်စာ ၀ယ်ယူကြတယ်လို့ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သာမန်ရက်တွေမှာ လူသုံးကုန် ပစ္စည်းတွေဟာ အရမ်းဈေးကြီးကြလို့ပါပဲ။
(မြေအောက်လမ်းတစ်နေရာ နဲ့ Sightseeing Bus)
နေရာတော်တော်များများကတော့ ကမ္ဘာကျော်နေရာတွေပဲဖြစ်ပါတယ်။ ဆစ်ဒနီဟာဘာတံတားကြီး တို့၊ ဆစ်ဒနီ အော်ပရာဟောက်စ်တို့၊ ဘွန်ဒိုင်းကမ်းခြေတို့ပေါ့။ ကားစီးနေရင်းနဲ့ တစ်ခုစဉ်းစာမိတာကတော့ အမိမြန်မာပြည်မှာလဲ ဒီလို ကားမျိုးတွေ ရှိရင် ဘယ်လောက် ကောင်း မလဲလို့................ပေါ့
(ကမ္ဘာကျော် Bondi Beach တစ်နေရာ)
နောက်တစ်ပတ်မှာတော့ သွားဖြစ်ခဲ့တဲ့ နေရာတွေ အကြောင်းကို ဆက်လက် ပြီးတော့ ငါးပိချက်လေး ချက်ချင်ပါသေးတယ်။ ငါးပိချက်စားဖို့ စောင့်ဦးနော်။
မောင်နေခြည် (လှည်းကူး)
Saturday, 17 December 2011
မာစီဒီးပဲ စီးတယ်
ဒီတစ်ပတ်တော့ သြစီက Bus တွေ အကြောင်းကို ရေးမယ်လို့ စိတ်ကူးမိပါတယ်။ သြစီက Bus တွေကို စီးမယ်ဆိုရင် ရထားတွေမှာလို ကြိုတင်လက်မှတ်ဝယ်ယူနိုင်သလို ကားပေါ်ရောက်မှ ၀ယ်လို့လဲရပါတယ်။ မြို့ထဲမှာ ဆိုရင်တော့ ကားလက်မှတ်ကို ဈေးဆိုင်တွေက တဆင့်ဝယ်ရပါတယ်။ Bus ပေါ်မှာ မရောင်းပါဘူး။ လက်မှတ်ကို တပတ်စာကြိုတင်ပြီးတော့လဲ ၀ယ်နိုင်ပါတယ်။ Bus ကားမောင်းသူတွေဟာ များသောအားဖြင့် အမျိုးသားတွေဖြစ်ပါတယ်။ အမျိုးသမီး Bus ကား မောင်းသူတွေကိုလဲ တစ်ခါတစ်ရံ တွေ့နိုင်ပါတယ်။
များသေားအားဖြင့် မြို့ပြင်မှာ ဆိုရင်တော့ ၁၅ မိနစ်ကို တစ်စီးတော့ ပုံမှန်ထွက်ပါတယ်။ ဆစ်ဒနီမြို့ထဲမှာတော့ ရန်ကုန်အတိုင်းပါပဲ။ Bus ကား တော်တော်ပေါပါတယ်။ ကားကြပ်လေ့မရှိပါဘူး။
”မာစီဒီးပဲ စီးတယ်”ခေါင်းစဉ်ကို တွေ့လိုက်ရတော့ စာဖတ်သူရဲ့ စိတ်ထဲမှာ တစ်မျိုးလေးတော့ ဖြစ်သွားမယ်ထင်ပါတယ်။ ဒီကောင် ကြွားလှချည်လားပေါ့။ တကယ်ပါ မာစီဒီးကားကိုပဲ ကျွန်တော်စီးတယ်။ ဘာ့ကြောင့်လဲဆိုတော့ သြစီက Bus ကားတွေဟာ များသောအားဖြင့် မာစီဒီးကားတွေ ဖြစ်လို့ပါပဲ။ စာရေးသူဟာ ကိုယ်ပိုင်ကားရှိသူ မဟုတ်တော့ ကျောင်းတက်ရင် ရထား (သို့မဟုတ်) Bus နဲ့ပဲ သွားပါတယ်။ Bus တိုင်းမှာ အဲယားကွန်းပါပါတယ်။ Bus အများစုကတော့ Wheelchair အသုံးပြုသူတွေ၊ ခလေးတွန်းလှည်းတွေ အတွက် တက်နိုင်၊ ဆင်းနိုင်တဲ့ Bus တွေဖြစ်ပါတယ်။
Busကားမောင်းသူတွေဟာ အရမ်းပဲ စည်းကမ်းလိုက်နာကြပါတယ်။ မြန်မာပြည်မှာလို မှတ်တိုင်မဟုတ်တဲ့ နေရာတွေမှာ ဘယ်တော့မှ ရပ်လေ့မရှိပါဘူး။ Busရဲ့ ရှေ့အပေါက်သည် ခရီးသည်များ တက်ရောက်ရန်ဖြစ်ပြီးတော့ နောက်အပေါက်သည် ဆင်းရန် အပေါက်ဖြစ်ပါတယ်။ ဘယ်သူမှလဲ နောက်အပေါက်ကနေ မတက်ပါဘူး။ Bus ကားတိုင်းမှာလဲ စပယာမပါပါဘူး။ ကားပေါ်မှာ အစားအသောက်စားခြင်း၊ ဆေးလိပ်သောက်ခြင်း စတာတွေကို ခွင့်မပြုပါဘူး။ CCTV နဲ့ အချိန်ပြည့် မှတ်တမ်းတင်ထားရှိပါတယ်။ မိမိပစ္စည်းမေ့ကျန်ခဲ့ရင်တောင် စိတ်ပူစရာ မလိုပါဘူး။ ပြန်ရနိုင်ပါတယ်။
ဒါကြောင့် ပြောပါတယ်။ ”မာစီဒီးပဲ စီးတယ်” လို့။
နောက်တစ်ပတ်မှာတော့ Sightseeing Bus နဲ့ Sydney တစ်မြို့လုံး သွားရောက်ပုံကို တင်ပြလိုပါတယ်။
Sunday, 4 December 2011
သြစီရထားအကြောင်း
ဒီတခါတော့ ဆစ်ဒနီမြို့တော်ရဲ့ မီးရထားအကြောင်းကို ရေးမယ်လို့ စဉ်းစာမိပါတယ်။ ဆစ်ဒနီမှာရှိတဲ့ ရထားတွေက များသောအားဖြင့် နှစ်ထပ်ရထားတွေဖြစ်ပါတယ်။ နယ်ဝေးသွားတဲ့ ရထားတွေကတော့ တစ်ထပ်ပဲရှိပါတယ်။ ကောင်းကင်ရထားတွေလဲ ရှိပါတယ်။ ရထားတွေကို လျှပ်စစ်ဓာတ်အားနဲ့ပဲမောင်းနှင်ကြပါတယ်။ မြို့တွင်းပြေး ရထားတွေကတော့ (၁၅) မိနစ်ကို တစ်စီးရှိပါတယ်။ သတ်မှတ်ထားတဲ ဘူတာတွေကို သတ်မှတ်ထားတဲ့ အချိန်မှာ ဆိုက်ကပ်ပါတယ်။ အချိန်ကတော့ ဘာတိကျသလဲတော့ မမေးနဲ့ အရမ်းကို တိကျလှပါတယ်။
( သြစီရထားတစ်စီးပုံ)
ရထားလက်မှတ်ဝယ်မယ်ဆိုရင်တော့ စက်ထဲမှာ ကိုယ်သွားချင်တဲ့ နေရာကို နှိပ်လိုက်ပြီး ကျသင့်ငွေကို ထည့်လိုက်ရုံနဲ့ လက်မှတ် ကျလာပါတယ်။ အနိမ့်ဆုံး ရထားလက်မှတ်ခကတော့ သြစီဒေါ်လာ ၃.၂၀ ကျသင့်ပါတယ်။ကျောင်းသားတွေ၊ အလုပ်ရှာနေတဲ့ လက်မှတ်ရှိတဲ့သူတွေ၊ ပင်စင်ယူထားသူတွေနဲ့ ကိုယ်လက်အင်္ဂါချို့ယွင်းနေသူတွေကတော့ လက်မှတ်ခ တစ်ဝက်ပဲ ကျပါတယ်။ ဒါပေမယ့် သြစီရထားလက်မှတ်က စင်္ကာပူက MRT တို့ Bus တို့မှာ အသုံးပြုသလို touch and go card တွေတော့မဟုတ်ပါဘူး။ လက်မှတ်စစ်တဲ့ စက်ထဲကို ထိုးထည့်ရတာပါ။ ပုံမှန်အားဖြင့် ရထားတွဲ (၈) တွဲပါရှိပါတယ်။ တစ်တွဲနဲ့ တစ်တွဲကိုလည်း ကူးနိုင်ပါတယ်။ တွဲတစ်တွဲမှာ လူ ၁၀၀ လောက်ထိုင်နိုင်တဲ့ ထိုင်ခုံတွေပါရှိသလို ကိုယ်လိုချင်သလို ခုံကို အရှေ့၊အနောက် လှည့်နိုင်ပါတယ်။ တစ်ခါတစ်ရံမှာတော့ လက်မှတ်စစ်တဲ့သူတွေလဲ ရှိတတ်ပါတယ်။ ရထားခိုးစီးရင်တော့ ဒဏ်ငွေ သြစီဒေါ်လာ (၂၀၀) ပေးဆောင်ရပါလိမ့်မယ်။ အခြားစည်းမျဉ်းတွေလဲရှိပါသေးတယ်။ ထိုင်ခုံတွေပေါ်ကို ခြေထောက်တွေ ဆင်းပြီး တင်ထားလို့မရပါဘူး။ အရက်သေစာ သောက်စားလို့ မရပါဘူး။ ပေါက်ကွဲစေတတ်တဲ့ အရာဝတ္ထုတွေကိုလဲ ယူဆောင်ခွင့် မရှိပါဘူး။ ဒါတွေကို ချိုးဖြတ်ရင်လည်း ဒေါ်လာ (၂၀၀) ပေးရမှာပါပဲ။
ဆစ်ဒနီက ရထားတွေပေါ်မှာ နေ့စဉ်မြင်တွေ့ရတဲ့ မြင်ကွင်းကတော့ အဆန်းကြီးတော့ မဟုတ်ပါဘူး။ ပုံမှန် မြင်တွေ့နေကျပါပဲ။ ကိုယ့်အလုပ် ကိုယ်လုပ်နေသူတွေများပါတယ်။ မိန်းခလေး အများစုကတော့ ရထားပေါ်ရောက်မှ အလှပြင်ကြသူတွေများပါတယ်။ ကျောင်းသားတွေကတော့ အိုင်ဖုန်းတွေကိုယ်စီနဲ့ အလုပ်ရှုပ်နေပါတယ်။ တစ်ယောက်ထဲ စကားပြောနေတဲ့ သူတွေများပါတယ်။ တစ်ချို့ကတော့ စာဖတ်ကြပါတယ်။ ရထားကလဲ သူရောက်ရှိတဲ့ ဘူတာကို ရောက်ရင် ရောက်ရှိကြောင်း ကြေညာပေးသလို နောက်ဆိုက်မည့် ဘူတာအစဉ်ကိုလည်း ကြေညာပေးပါတယ်။ ဘူတာတိုင်း ဘူတာတိုင်းမှာ ကွန်ပျူတာတွေနဲ့ ဆိုက်ရောက်လာမည့် ရထားတွေ၊ ခရီးလမ်းကြောင်းတွေကို ဖေါ်ပြပေးပါတယ်။ သတ်မှတ်ထားတဲ့ စည်းမျဉ်းအ၀ါအတွင်းမှာ နေကြဖို့ အမြဲနှိုးဆော်ပေးပါတယ်။ ရထားပေါ်မှာ ပစ္စည်းကျန်ခဲ့ရင်လဲ ပျောက်မှာ မပူရပါဘူး။ နီးစပ်ရာ ဘူတာကို အကြောင်းကြားလိုက်ရင် မိမိပစ္စည်းကို ပြန်ရနိုင်ပါတယ်။
(ရထားလက်မှတ် နဲ့ ကားလက်မှတ်ပုံ)
အလုပ်သွားချိန်၊ အလုပ်ပြန်ချိန်တို့မှာတော့ ရထားကြပ်တယ်လို့ဆိုရမှာ။ တစ်နေရာနဲ့ တစ်နေရာက အတော်လှမ်းကြတော့ များသောအားဖြင့် ကားမရှိသူတွေက ဘူတာနဲ့ နီးတဲ့နေရာမှာပဲ နေကြတာများပါတယ်။ ဘူတာတိုင်း ဘူတာတိုင်းမှာ ကားရပ်နားဖို့ နေရာအများအပြား စီစဉ်ပေးထားပါတယ်။ တွန်းလှည်းနဲ့ လာသူတွေကိုကိုလည်း ရထားဝန်ထမ်းတွေက ရထားအဆင်း၊အတက်ကို စီစဉ်ပေးပါတယ်။
Monday, 28 November 2011
ကလိလိုက်တာလဲ လွန်ပါရောလား
ဒီပို့စ်ကို မရေးမီ စာရေးသူဟာ ကွန်ပျူတာပညာရပ်မှာ သူငယ်တန်းအဆင့်လောက်ပဲရှိသူ ဆိုတာကိုတော့ ဦးစွာ ပြောကြားထားလိုပါတယ်။ ဒီပို့စ်ဟာလဲ ကွန်ပျူတာပညာရပ်မှာ ကျွမ်းကျင်သူ ပညာရှင်များကို မရည်ရွယ်ပါဘူး။
စာရေးသူလို လက်တည့်စမ်းချင် သူများအား လက်တဲ့စမ်းဖို့သာ ရည်စူးပြီး ဒါလေးကို ဝေမျှခြင်းသာဖြစ်ပါတယ်။
ဝေမျှချင်တာကတော့ Windows 7 တင်ထားပြီး အသံမထွက်တဲ့ ကွန်ပျူတာကို အသံထွက်လာအောင် လုပ်နိုင်တဲ့နည်းပါပဲ။ ဒါနဲ့ပတ်သက်ပြီး မိမိကိုယ်တွေ့ကိုပဲ စပြီးပြောရမှသင့်မယ်ထင်တယ်။
ဖြစ်ပုံကတော့ ကလိတာ လွန်သွားရာကနေ စတာပါ။ Windows XP မှာ Microsoft 2010 ကို သွားတင်လိုက်ပါတယ်။ တင်လဲပြီးရော Windows က ပြုတ်ကျသွားရော။ ဒါနဲ့ တစ်ခါ Windows 7 ကို ပြန်တင်လိုက်ပါတယ်။ ကျန်တာတွေအားလုံး အလုပ်လုပ်ပေမယ့် အသံက ထွက်မလာဘူး။ ထွက်ပေါ်လာတာကတော့ no audio device installed ဆိုတာပါပဲ။ ကြိုးစားကြည့်တယ်။ မရဘူး၊ ဒုံရင်းက ဒုံရင်းပဲ။ ဒါနဲ့ နီးစပ်ရာ အသိမိတ်ဆွေတွေကို အကူအညီတောင်းကြည့်ပါတယ်။ သူတို့လဲ အသံထွက်အောင် အမျိုးမျိုးကြိုးစားပေမယ့် အသံကထွက်မလာပါဘူး။ ဆော့ဝဲအသစ်ထပ်ဝယ်ရမလို ဖြစ်နေပါတယ်။ ဒါနဲ့ Google Search Engine ထဲမှာ တွေ့မလားလို့ ရှာဖွေကြည့်မိပါတယ်။ တွေ့တော့တွေ့တယ်။ ဒါပေမယ့် အားလုံးက ပိုက်ဆံပေးပြီး ၀ယ်ရမယ့် ဟာတွေပဲရှိတယ်။
အဲဒါနဲ့ပဲ Youtube ထဲမှာ no audio device installed windows 7 ကို ရိုက်ထည့်လိုက်ပြီး အဖြေကိုရှာပါတယ်။ မမျှော်လင့်ပဲ အဖြေရပြီး စာရေးသူရဲ့ ကွန်ပျူတာက အသံထွက်သွားပါတယ်။ (၂)လလောက် စိတ်ကသိကအောင့် ဖြစ်ခဲ့တာတွေ အကုန်ပျောက်သွားပါတော့တယ်။ အောက်ကပါတဲ့လင့်ကတော့ စာရေးသူရဲ့ကွန်ပျူတာကို အသံထွက်စေအောင် လုပ်ပေးလိုက်တဲ့ နည်းပညာပါပဲ။ ဥပမာ သဘောမျိုးနဲ့ ပေးလိုက်တာပါ။ မိမိကွန်ပျူတာရဲ့ ဆော့ဝဲတွေနဲ့ကိုက်ညီမယ့် နည်းလမ်းတွေကို Youtube ထဲမှာပဲ ရှာဖွေနိုင်ပါတယ်။
ိမိတ်ဆွေတို့ရေ....ဒီကနေ ရလိုက်တဲ့ အသိလေးတစ်ခုကတော့
"များများကလိဖို့လိုသလို၊ များများ စာဖတ်ဖို့လိုတယ်" ဆိုတာပါပဲ။
ရေးသူ မောင်နေခြည် (လှည်းကူး)
ဂျပန်နိုင်ငံထုတ် မိုင်အိနိချိ သတင်းစာပါ ဒေါ်အောင်ဆန်းစုကြည် ရေးသားတဲ့ HOLIDAY - 4 မြန်မာပြန်
အားလပ်ရက် (၄)
ကျွန်မ ပုဂံသွားရောက်ခဲ့တဲ့နေ့များကို ရေးသားနေစဉ် အဲဒိရှေ့ဟောင်းမြို့တော်မှာလုံး
ဝမကြားဘူးတဲ့ ဝမ်းနည်းကြေကွဲဘွယ်ဖြစ်ရပ်ဆိုးတခုဖြစ်ပေါ်ခဲ့ပါတယ်။ ကမ္ဘာလှည့်ခရီးသည် ဂျပန်အမျိုးသမီးတ ယောက်ကို မော်တော်ဆိုင်ကယ်တက္ကစီမောင်းသမားက သတ်ဖြတ်လိုက်ခြင်းဟာ တစိမ်းတရံစာများ အပေါ် ပျူငှာစွာဆက်ဆံတယ်လို့ နာမည်ကြီးနေတဲ့အသိုင်း အဝိုင်းရှိ လူအများကို တုန်လှုပ်ခြောက်ခြား စေခဲ့ပါတယ်။ ဒီ ရာဇဝတ်မှုဟာ တုန်လှုပ်ခြောက်ခြားမှုလှိုင်းကိုရိုက်ခတ်လိုက်ပါတယ်။ “ ဒီလိုဖြစ်ရပ် ဆိုးဟာ ဒီနေရာမှာ တခါမျှမဖြစ်ခဲ့ဘူးပါဘူး၊ ကျွန်တော်တို့တော့ နားကိုမလည်နိုင်ပါ။ ကျွန်တော်တို့ဟာ ဒီလိုလူစားတွေ မဟုတ်ကြပါ။ ကျွန်တော်တို့ဟာ အလွန်ကိုရှက်မိပါတယ်။”လို့ အခင်းဖြစ်ပွါးရာ ညောင် ဦးဒေသခံ အမျိုးသားတဦးက ကျွန်မတို့ကိုယ်စား ပြောကြားပေးလိုက်ပါတယ်။
Tuesday, 22 November 2011
အလှအပခံစားတတ်တဲ့ ကိုပေါ်
ဒီနေ့ ၁၂ နိုဝင်ဘာ ၂၀၁၁ စနေနေ့။ ၁၂ ၁၁ ၁၁။
မနေ့ညက အလဲဗင်းမီဒီယာအုပ်စုက ကမကထပြုကျင်းပတဲ့ ၁ ခြောက်လုံးပွဲ၊ ကျွန်တော့်အခေါ် ၁၁ သုံးလုံး ဂုဏ်ပြုပွဲက အပြန် ကျွန်တော့်မှာ အတွေးရေလျဉ်ကြော မျောလို့ မဆုံးနိုင် ဖြစ်ခဲ့ရပါတယ်။
တွေးမိသလောက် ရေးချရရင်လဲ အခန်းဆက် ၀တ္ထုရှည်ကြီးတစ်ပုဒ်လောက် ရေးစရာတွေရှိတယ်။ သို့သော် ကျွန်တော့်မှာ လတ်တလော ရေးရမယ့်တာဝန်တွေက တစ်ပတ်ပြီးတစ်ပတ် ဖိစီးနေလေတော့ အတိတ်အကြောင်းချင်းရာတွေကို ခဏ ရွှေ့ဆိုင်းထားရပါတယ်။
Thursday, 17 November 2011
စင်္ကာပူရောက် မြန်မာတဦး တိုက်ပေါ်မှခုန်ချ သတ်သေ
စင်ကာပူနိုင်ငံ၊ Serangoon Central, Block 420 နေ မရင်ငြိမ်းပွင့်သည် ဗုဒ္ဓဟူးနေ့နံနက်ပိုင်းတွင် သူမနေထိုင်ရာ တိုက်ခန်းမှ ခုန်ချပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ တုန်လှုပ်ဖွယ်သတင်းသည် Facebook အပါအဝင် လူမှုရေးကွန်ယက်များမှတဆင့် အလျင်အမြန် ပျံ့နှံ့သွားခဲ့ပြီး လူအများ အနေဖြင့် အကြီးအကျယ် အံ့အားသင့်သွားခဲ့ရသည်။
Tuesday, 15 November 2011
မြန်မာနိုင်ငံလူမျိုးများ၏ ဘာသာစကားနှင့် ပညာရေး (စာတမ်း) ဒေါက်တာသိန်းလွင်
အကျဉ်းချုပ်ဖော်ပြချက်
မြန်မာနိုင်ငံတွင်နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများသည် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့ကြသည့် အချိန်ကာလ၊ သမိုင်း၊ ယဉ်ကျေးမှုနှင့် ဘာသာစကားများကွဲပြားကြသော်လည်း တူညီနေသည့် အချက်မှာ မြန်မာနိုင်ငံကို အတူတကွပိုင်ဆိုင်ခြင်းဖြစ်သည်။
သို့ရာတွင် ဗမာဘာသာစကားမှလွဲ၍ အခြားတိုင်းရင်းသား ဘာသာစကားများကို စာသင်ကျောင်းများတွင် သင်ကြားမှုကို ၁၉၆၂ ခုနှစ်မှစ၍ တားဆီးခဲ့သည်။ ထိုတားဆီးမှုသည် ယနေ့ထက်တိုင်ပင် ဖြစ်သည်။
ဤစာတမ်းတွင် မြန်မာနိုင်ငံတွင် နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးကြီး (၈) မျိုးနှင့် ရှမ်းပြည်တွင်နေထိုင်ကြသည့် လူမျိုး (၄)မျိုးတို့၏ မြန်မာနိုင်ငံသို့ဝင်ရောက်ခဲ့ကြသည့် ရှေးဦး သမိုင်း၊ အစဉ်အလာပြောဆိုခဲ့ကြသည့် လူမျိုးများ၏ မူလအစကို ဖော်ပြသည့် ဒဏ္ဍာရီများ၊ ကိုးကွယ်ယုံကြည်မှုနှင့်ဘာသာစကားများကို ဖော်ပြထားပါသည်။
ဒေါ်အောင်ဆန်းစုကြည်ငယ်စဉ်ကတက်ခဲ့တဲ့ကျောင်း မှာ ကျောင်းသားဟောင်းတွေအမှတ်တရ တွေ့ ဆုံ
from http://komoethee.blogspot.com/
Saturday, 12 November 2011
မင်းကိုနိုင်မိခင် ဒေါ်လှကြည်၏ ရင်တွင်းပြောစကား
ကျွန်မဒီလိုပွဲမျိုး အတွေ့အကြုံမရှိပါဘူး၊ အဲဒီအတွက်ကြောင့် ဒီလိုပွဲမျိုးမှာ စကားပြောခွင့်ရတဲ့ဟာကို စကားပြောမှားဆိုမှားရှိရင် ကျွန်မကိုခွင့်လွှတ်ပါလို့ အနူးအညွတ် တောင်းပန်ပါ တယ်။ အခုကျွန်မမွေးနေ့မှာ ကျွန်မသားမွေးနေ့မှာ ကျွန်မလာတဲ့အခါ ကျွန်မကိုတွေ့တဲ့ ကလေးတွေက ပြောပါတယ်။ အမေ အမေ့သားကို အမေ မပိုင်တော့ပါဘူး။ တိုင်းပြည်က ပိုင်ပါတယ်လို့ပြောပါတယ်။ အဲဒီပြောလိုက်တဲ့ စကားလေးကို ကျွန်မအရမ်းဝမ်းလည်းသာပါတယ်။ ပီတိလည်းဖြစ်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ သူတို့တွေဟာ သားအပေါ်မှာ ချစ်ကြတာကိုး။ နောက်ပြီးတော့ ကျွန်မမှာ မွေးထားတဲ့ သားလေးက တစ်ယောက်တည်းပါ။ အခု ကျွန်မမှာ သားတွေ အများကြီး ရှိနေပါပြီ။ ဝေမျှပေးတဲ့ သားတွေ၊ သမီးတွေ အများကြီး ရှိခဲ့ပါ ပြီ။ အခုလို အချိန်အခါမှာ မိဘတိုင်းဟာ ကျွန်မကို ဘယ်လိုခံစားရပါသလဲလို့ မေးကြပါတယ်။ သားသမီးရှိကြတဲ့ မိဘတွေက ဒီလိုအချိန်အခါမှာ ဘယ်လိုခံစားရမလဲဆိုတာ ရင်ထဲမှာ အကုန်လုံးရှိကြတယ်ဆိုတာ ကျွန်မပြောဖို့ မလိုပါဘူး။ အဲဒီလိုပဲ ထင်ပါတယ်။
ကျွန်မတို့လိုပဲ မိသားစုအပေါင်းတွေဟာ အများအတွက်ကို အနစ်နာခံပြီးတော့ ပါရမီ ဖြည့်ပေးနေကြတဲ့ မိသားစုအားလုံးကို ကျွန်မ ကျေးဇူးတင်ပါတယ်။ အဲဒီထဲမှာမှ လူဆိုတာ လောကဓံတရား ဆိုတာ အကုန်လုံးရှိကြပါတယ်။ အဲဒီတော့ မေတ္တာမျှဝေပေးနေတဲ့ မိသားစုတွေ အားလုံးကို အကုန်လုံးပဲ ကျေးဇူးတင်ပါတယ်။ မင်းကိုနိုင်နဲ့တကွ အကျဉ်းထောင်အသီးသီးမှာ ရှိနေကြတဲ့ နိုင်ငံရေးအကျဉ်းသားအပေါင်းတို့ အမြန်ဆုံး လွတ်ငြိမ်းချမ်းသာခွင့်ရပါစေလို့ ကျွန်မ ဆုတောင်းခဲ့ပါတယ်။ မိသားစုတွေ အကုန်လုံးပါ မေတ္တာပို့ အမျှပေးဝေနေသလို မိသားစုတွေကို ကျွန်မ ဘာလက်ဆောင် ပေးချင်သလဲဆိုတော့ ရှင်ဇနကဘိဝံသ ဟောထားတဲ့ တရားလေးတစ်ပုဒ် ရှိပါတယ်။ လူမှုဆိုလျှင် လူလိုပင် လောကဓံ ရှိမြဲ ၀မ်းနည်းဝမ်းသာ အများပါပဲ။ ကျွန်မ ပြောချင်ပါတယ်။ အခုချိန်မှာ ကျွန်မတို့ မိသားစုတွေ အကုန်လုံးဟာ သားလေးတွေကို မျှော်လင့်နေကြပါတယ်။ အဲဒီလို မျှော်လင့်တဲ့အတိုင်းပဲ အမြန်ဆုံးလွတ်ပါစေလို့ ကျွန်မ ဆုတောင်း မေတ္တာပို့သပါတယ်။ ဒါပါပဲ ကျွန်မ ပြောချင်ပါတယ်။
http://first-11.com မှ ကူးယူပါသည်။
Sunday, 6 November 2011
တောက်မယ့်မီးက မိန်းမလား(Woman) ရေးသူ ဦးအေးချစ် EEAC
တောက်မယ့်မီးက မိန်းမလား(Woman)
လောကကြီးမှာ အရာ ခပ်သိမ်းဟာ အမြဲတမ်း ဒွန်တွဲရက် ရှိပါတယ်။ နှစ်ခု ဖက်ယှဉ်လျက် ရှိပါတယ်။ တစ်ခါတစ်ရံ ဆန့်ကျင်မှု သဘော ဆောင်နေပြီး တစ်ခါတစ်ရံ မှာတော့ ပူးတွဲမှု သဘောကို ဆောင်နေကြ ပါတယ်။
တစ်ခုရှိလို့ တစ်ခုရှိနေ ရသလို တစ်ခု မရှိရင်လည်း တစ်ခုက မဖြစ်ပါ။ ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယောစတဲ့ ဓာတ်ကြီး လေးပါးက တစ်ခုနဲ့ တစ်ခု သဟဇာတ သဘော ဆောင်နေသလို ပဋိပက္ခ သဘောလည်း ဆောင်နေပါတယ်။ အမာရှိလို့ အပျော့ရှိတယ်။ အပူရှိလို့ အအေးရှိတယ်။ ဖွဲ့စည်းမှု ရှိလို့ ပြိုကွဲမှု ရှိတယ်။ လှုပ်ရှားမှု ရှိလို့ ငြိမ်သက်မှု ရှိကြတာပါ။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အပြန်အလှန် အကျိုးပြုပြီး အတူ ယှဉ်တွဲ နေထိုင် နေကြရတာပါ။
Thursday, 20 October 2011
စတိုင်တစ်မျိုးပေါ့
ကိုမိုးသီးဇွန်ဘလော့မှ ကူးယူဖေါ်ပြပါသည်။
Monday, 17 October 2011
အလောင်းမင်းတရား ဦးအောင်ဇေယျပုံစံဖြင့် လာရောက်အားပေးသူ
ကမ္ဘောဒီးယား နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပသော BIDC ဖိတ်ခေါ် ဖလားပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်တွင် မြန်မာလူငယ်အသင်းက ထိုင်းလူငယ်အသင်းကို ၂ – ၁ ဖြင့် အနိုင်ရရှိက ချန်ပယံ ဆုဖုလားနှင့် ငွေသား 20000 US$ ကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါသည်။ နောက်ဆုံးဗိုလ်လုပွဲ ဖြစ်သည့်အလျောက် ပွဲကျင်းပရာ Olympic Stadium ကွင်းအတွင်းသို့ မြန်မာ ပရိတ်သတ်များ နေ့လည် ၂ နာရီ ထိုးမှ စတင် ၀င်ရောက်လာရာ ပွဲစခါနီး အချိန်တွင် ယောက်၂၀၀ နီးပါးရောက်ရှိပြီး၊ နိုင်ငံတော်သီချင်း၊ မြန်မာ့အားကစား ကမာကိုလွှမ်းစေရမည်၊ ရဲရဲတောက် သီချင်းများ သံပြိုင်သီဆို အားပေးကြပါသည်။ ပရိတ်သတ်များထဲတွင် ထူးထူးခြားခြား အလောင်းမင်းတရား ဦးအောင်ဇေယျပုံစံဖြင့် လာရောက်အားပေးသော ပရိတ်သတ်ကိုလည်းတွေ့ရပါသည်။
http://mandalaygazette.com/73835/uncategorized-other/copypaste ကူးယူဖေါ်ပြပါသည်။
Friday, 14 October 2011
အမေး ပီအိပ်(ခ်ျ)ဒီ ကျောင်းသူ၊ အဖြေ လီကွမ်ယု
အင်တာနက်ကျေးဇူးကြောင့် စင်ကာပူသတင်းတစ်ပုဒ် ဖတ်ခွင့်ကြုံလိုက်ပါတယ်။ အသက် ၂၇ နှစ် အရွယ် ပါရဂူဘွဲ့သင်တန်းတက်နေတဲ့ ဇီဝသိပ္ပံကျောင်းသူလေးတစ်ယောက်က စင်ကာပူရဲ့ ၀ါရင့်ဝန်ကြီးချုပ်ဟောင်း လီကွမ်ယုကို ကျောင်းသား ၁၇၀၀ ရဲ့ရှေ့မှာ မေးခွန်းတစ်ခု မေးချလိုက်ပါတယ်။ အချိန်တိုအတွင်းမှာ တခြားနိုင်ငံက ၀င်ရောက်လာတဲ့ နိုင်ငံခြားသားတွေ အောတိုက်နေတာမို့ စင်ကာပူနိုင်ငံသူ၊ နိုင်ငံသားတွေမှာ အမျိုးသားရေးစိတ်တွေ ပျက်ယွင်းနေကြပြီ။ ဒါ့ကြောင့် သည်နိုင်ငံဟာ သူတို့မိခင်နိုင်ငံဆိုတဲ့ ခံစားချက်တွေပြန်ရလာအောင် လူမှုရေးအရ စည်းလုံးညီညွတ်မှုရှိလာအောင် ကျွန်မတို့တွေ ဘယ်လိုလုပ်ကြရင်ကောင်းမတုံးလို့ ကလေးမလေးက သူ့ထက်အသက် ၆၀ တိတိကြီးတဲ့ လီကွမ်ယုကို မေးလိုက်တာပါ။
ဆရာ နန္ဒာသိန်းဇံဆီသို့
ဆရာ . . .
၁၃-၉-၂၀၁၁ နေ့က ဆရာကွယ်လွန်ခြင်း တစ်လပြည့်အခမ်း အနားကို ကမ္ဘာအေးက နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)မှာ ကျင်းပခဲ့ပါတယ်။ မဟာသဒ္ဓမ္မ ဇောတိကဓဇ ပါမောက္ခ ဒေါက်တာသိန်းဇံ (နန္ဒာသိန်းဇံ) ဆိုတဲ့ ကတ္တီပါနဖူးစီးနဲ့ အလွန်ခမ်းနားလှပါတယ်ဆရာ။ ခန်းမကြီးထဲက ဗုဒ္ဓဆင်းတုတော်ရဲ့မုဒြာက ဓမ္မစကြာမုဒြာပါ ဆရာ။ ဗုဒ္ဓဟောကြားခဲ့တဲ့ သုတ္တန် တရားတော်တွေထဲမှာ အနှစ်သက်ဆုံးသုတ္တန် တစ်ခုကိုပြောပါဆိုရင် ဘယ်သုတ္တန်ကိုပြောမလဲ ဆရာလိုမေးတော့ ဆရာက ဓမ္မစကြာလို့  ပြောခဲ့ဖူးတာ သတိရမိပါတယ်။ ဆရာရဲ့ အလွန်အောင်မြင် ကျော်ကြားတဲ့ ပထမ လက်ရာဖြစ်တဲ့ ဘ၀အဓိပ္ပာယ်နှင့် ဘ၀သစ္စာစာအုပ်ဟာ ဓမ္မစကြာတရားကို အခြေခံပြီးပြုစုထားတဲ့ ဒဿနိက ဗေဒမဟာဝိဇ္ဇာဘွဲ့ကျမ်းပဲလေ။
ပဋိပက္ခကြားက မြန်မာနိုင်ငံ - အာရှရဲ့ ဘော့စနီးယား ဖြစ်နိုင်သလား
၁၉၉၈ ခုနှစ်က ကျနော် ခေတ်ဟောင်း ရခိုင်သမိုင်းကို လေ့လာနေတဲ့ အချိန်မှာ ဗမာ့သမိုင်းပ ညာရှင်ကြီး ဒေါက်တာသန်းထွန်းက နှစ်ပေါင်း ၃၀၀ ကျော် တည်တံ့ခဲ့တဲ့ မြောက်ဦးခေတ် ဘာကြောင့် ရုတ်တရက် ပျက်သုဉ်းသွားသလဲလို့ မေးပါတယ်။
အဖြေကို တစ်ခွန်းတည်းနှင့် ပေးပါတဲ့။ ကျနော်ရဲ့ အဖြေက စည်းလုံးမှု မရှိတဲ့အတွက် မြောက်ဦးခေတ် နိဂုံးချုပ်ရတဲ့ အကြောင်း ပြန်လည်ဖြေခဲ့ပါတယ်။ ရခိုင်ရဲ့ မြောက်ဦးခေတ်ဆိုတာ အေဒီ ၁၄၃၀ ကနေ ၁၇၈၄ ခုနှစ်အထိ နှစ်ပေါင်း ၃၅၄ နှစ် ကြာခဲ့ပါတယ်။ နှစ်ပေါင်း ၃၀၀ ကျော် အတွင်းမှာ တည် ဆောက်ခဲ့တဲ့ ကာကွယ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး စနစ်တွေဟာ မုဆိုးဖို ရွာသူကြီး စတင် တည်ထောင်ခဲ့တဲ့ ကုန်းဘောင် မင်းဆက် ၁၇၅၂ က နှစ်ပေါင်း ၃၂ နှစ် အကြာမှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
Thursday, 13 October 2011
ဦးဇာဂနာ ရဲ့ ဟာသများ
ဇာဂနာနဲ့ ဗီဒီယိုအက်ဥပဒေ
ဇာဂနာ – ဗီဒီယိုအက်က ဘာလို့ ၃ နှစ်ချလဲ။
တရားသူကြီး – နာဂစ်မုန်တိုင်း ဓါတ်ပုံပါလို့။ ဆင်ဆာမတင်လို့။
ဇာဂနာ – မုန်တိုင်း တိုက်တာကို ဆင်ဆာတင်ရဦးမှာလား။ မုန်တိုင်းတိုက်တာ ခဏရပ်ထားဦး ရိုက်ကူးရေး သွားတင်ပါရစေဦးလို့ ပြောလို့မရဘူးလေ။
တရားသူကြီး - ကိန်။
ဇာဂနာ နဲ့ ဘုန်းကြီးလမ်းလျှောက်မှု
ဇာဂနာ – ဘုန်းကြီးဆွမ်းကပ်တာ ဘာအပြစ်လဲ။
တရားသူကြီး - အဲဒီ ဘုန်းကြီးတွေက လမ်းပေါ် လမ်းလျှောက်တယ်။
ဇာဂနာ – ဒီအမှုက သဘာဝမကျတော့ဘူး၊ ကျွန်တော်ဒီနေ့ ဗုဒ္ဓဘာသာကနေ ထွက်မယ်။
တရားသူကြီး - ထွက်မနေပါနဲ့ကွာ၊ ထွက်လည်း ထောင်ဒဏ်တွေ ပေး … အုံး… မှာ…။
ဆွဲချနဲ့ အီးမေးပြဿနာ
အစိုးရရှေ့နေ - ကိုဇာဂနာ ရှင့်အီးမေးလ် ပြော။
ဇာဂနာ - thura61@gmail.com
အစိုးရရှေ့နေ - ကျွန်မ ပြောနေတာ အီးမေးလ် နော်၊ ဂျီမေးလ် မဟုတ်ဘူး။
ဇာဂနာ - ကျွန်တော်မျိုးကြီး သေသင့်ပါတယ်။
ဇာဂနာ နဲ့ နိုင်ငံရေးအကျဉ်းသား
ဇာဂနာ – အတူတူ ထောင်ထဲမှာ နေခဲ့ရတဲ့ ဘုန်းကြီး ၄ ပါးရှိတယ်၊ အဲဒီဘုန်းကြီး ၄ ပါးလည်း လွတ်စေချင်တာပဲ၊ ဟိုး တောင်သာက ကြည်စိုးလည်း လွတ်စေချင်တာပဲ၊ မျိုးမင်းသန်းဆိုတဲ့ ပုဂံက ကောင်လေးကော၊ ဘိုကလေးက သီဟသက်ဇင်ကော၊ နာမည်ကြီးတဲ့ ဦးဂမ္ဘီရကော အကုန်၊ အကုန်လွတ်စေချင်တာပဲ။ အဲဒီလိုပဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်လည်း လွတ်စေချင်တာပဲ။
ဧရာဝတီသတင်းဌာန – ဘာဖြစ်လို့ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို လွတ်စေချင်တာလဲ၊ သူက နိုင်ငံရေးအကျဉ်းသား မို့လို့လား။
ဇာဂနာ - နိုင်ငံရေးအကျဉ်းသားလို့ ကျနော် မပြောပါဘူး။ မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား ရှိလို့လား။
မိုးမခ မှ ကူယူပါသည်။
Wednesday, 12 October 2011
ထောင်ထဲတွင် ၁ လသမီး အရွယ်ကတည်းက မိခင်နဲ့အတူ နေထိုင်ခဲ့သော ကလေးငယ်တဦး
ထောင်ထဲတွင် ၁ လသမီး အရွယ်ကတည်းက မိခင်နဲ့အတူ နေထိုင်ခဲ့သော ကလေးငယ်တဦး။ ယခု သူမအသက်မှာ ၁ နှစ်ရှိပြီ ဖြစ်သည်။ ကား၊ ဆိုင်ကယ်နှင့် အချိုရည်များကို ယနေ့မှစတင်ပြီး ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်းဖြစ်သည်။ (ဓာတ်ပုံ - မန်းသားလေး)
from http://www.irrawaddyblog.com/2011/10/blog-post_2935.html
Saturday, 8 October 2011
စင်္ကာပူရောက် မြန်မာ ၄၂ ဦး၏ ပတ်စ်ပို့ နှင့် ငွေများ အလိမ်ခံရ
စင်္ကာပူအခြေစိုက် Shwe Thandar ကုမဏီပိုင်ရှင် ကိုစံဦးက မြန်မာ ၄၂ ဦး၏ ပတ်စ်ပို့ နှင့် စင်င်္ကာပူဒေါ်လာ တသိန်းနီးပါး ယူပြီး ထွက်ပြေးသွားကြောင်း၊ နောက်ပိုင်းတွင် ပတ်စ်ပို့ များ ပြန်လည် ပေါ်ပေါက်လာသော်လည်း ကိုစံဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
Friday, 7 October 2011
ဗိုလ်ချုပ်ဒေါသထွက်သောနေ့
မြန်မာ့လွပ်လပ်ရေးတပ်မတော် (BIA) အားဖျက်သိမ်းပြီးမြန်မ့ကာကွယ်ရေးတပ်မတော် (BDA) ကိုပြောင်းလဲဖွဲ့စည်းခဲ့သည့် ၁၉၄၂ ခုနှစ်ကဖြစ်သည်။တပ်အင်အားသုံးထောင်ကျော်ရှိသောမြန်မာ့လွပ်လပ်ရေးတပ်မတော်အား ဂျပန်အာဏာပိုင်တို့ကလက်တစ်ဆုပ်စာခန့်ရှိသော မြန်မာ့လွပ်လပ်ရေးတပ်မတော်ကိုပြန်လည်ဖွဲ့စည်းပေးပြီး မြန်မာ့ကာကွယ်ရေးတပ်မတော်ကိုဦးစီးရန် ဗိုလ်ချုပ်အောင်ဆန်းအားဗိုလ်မှုးကြီး (ကာနယ်) အဆင့်သို့လျှော့ချလိုက်သည့်အချိန်မှစပြီး အရာရှိ၊အရာခံ၊အကြပ်၊တပ်သားအားလုံး စိတ်ထိခိုက်ကာစိတ်ဓာတ်ကျနေကြသည် ။
Tuesday, 27 September 2011
မြန်မာ့ပညာရေး ကလိမ်ကကျစ်များ
(မောက္ခပညာရေး မဂ္ဂဇင်းမှ ကူးယူသည်။)
မြန်မာစကားမှာ ကလိမ်ကျတာကို ''မဖြစ်နိုင်သည်ကို လိမ်လည် လှည့်ဖြား ချဲ့ထွင်ပြောဆိုသည်'' လို့ အဓိပ္ပာယ် ဖွင့်ပါတယ်။ အင်္ဂလိပ်မှာကတော့ လိမ်တာကို "Fraud" လို့ပြောတယ်။ Fraud ကို အင်္ဂလိပ်လို အဓိပ္ပာယ်ဖွင့်ရင်
" Crime of cheating somebody: the crime of obtaining money or some other benefit by deliberate deception" လို့ဆိုထားပါတယ်။မကောင်းတဲ့စိတ်နဲ့ တစ်စုံတစ်ယောက် အကျိုးပျက်အောင် လုပ်တဲ့အလုပ်တွေကို ကလိမ်ကျတယ်လို့ ပြောတယ်
Letter from Burma: Holiday 3 (By Aung San Suu Kyi)
The third temple where we went to worship in Pagan was That-byin-nyu. The highest of the ancient religious monuments, it is also one of the most beautiful, with its harmonious proportions and tiered terraces.
Until the 1990s, visitors were allowed to climb up to the terraces and look down on the serenity of Pagan as it spread out in inimitable stillness. It was a perfect spot for "I've been there" photographs, and I have several of my young self sitting on one of the terraces with a cousin and an uncle, all of us looking very pleased with ourselves and with life in general.
Sunday, 25 September 2011
Eleven Media Group ၏ Chairman & CEO ဒေါက်တာသန်းထွဋ်အောင်
အားလုံး မင်္ဂလာပါခင်ဗျာ။ ဧရာဝတီမြစ်ဟာ ပြည်ထောင်စုရဲ့ သင်္ကေတ၊ ဧရာဝတီမြစ်ဆုံဟာ ပြည်ထောင်စုရဲ့ အစပဲဖြစ်ပါတယ်။ ဧရာဝတီကို ချစ်မြတ်နိုးခြင်းဟာ ပြည်ထောင်စုကို ချစ်မြတ်နိုးခြင်းဖြစ်ပါတယ်။ ပြည်ထောင်စုကို ချစ်မြတ်နိုးခြင်းဟာ နိုင်ငံကိုချစ်မြတ်နိုးခြင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီဆွေးနွေးပွဲကို တက်ရောက်လာသူတွေဟာ ကိုယ့်နိုင်ငံကို ချစ်မြတ်နိုးသူတွေ၊ ပြည်ထောင်စုကို ချစ်မြတ်နိုးသူတွေ၊ ဧရာဝတီကို ချစ်မြတ်နိုးသူတွေလို့ ယူဆပါတယ်။ ဒီပွဲကို မတက်ရောက်နိုင်ကြတဲ့ ပြည်တွင်းမှာရှိတဲ့ အလွှာအသီးသီး၊ နေရာဒေသအသီးသီး၊ ဌာနအသီးသီး၊ နေရာဒေသအရပ်အသီးသီးမှာရှိတဲ့ တိုင်းရင်းသားလူမျိုးအားလုံးအပါအ၀င် နိုင်ငံတကာမှာရှိနေကြတဲ့ မြန်မာစိတ်ရှိတဲ့ မြန်မာအားလုံးရဲ့ ဧရာဝတီချစ်စိတ်ကို ကျွန်တော်မျက်ဝါးထင်ထင်မြင်ရတဲ့အခါ ကျွန်တော်တို့နိုင်ငံဟာ အရေးကြုံတဲ့အချိန်မှာ ညီညွတ်လာနိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာမယ်လို့ ယုံကြည်ပြီး ကျွန်တော်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံသားတစ်ယောက် ဖြစ်ရတာကို အများကြီးဂုဏ်ယူမိကြောင်း ပဏာမပြောကြားလိုပါတယ်။
Friday, 23 September 2011
ကမ္ဘောဒီးယားတွင် တွေ့ရှိခဲ့သော မြန်မာစေတီတစ်ဆူနှင့် ကွင်းဆက် ပျောက်ဆုံးနေသော မျိုးနွယ်စုတစ်ခု
(First Eleven Media website မှ ကူးယူပါသည်။)
၂၀၁၀ပြည့်နှစ် ဇွန်လ။ ကမ္ဘောဒီးယားနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်နေသော ဦးပြုံးမောင်မောင်နှင့် အဖွဲ့က မြန်မာလူမျိုး တစ်ဦးမျှမရှိသော အရပ်ဒေသ၌ မြန်မာစေတီတစ်ဆူကို တွေ့ ရှိခဲ့ကြပါသည်။ ထိုဒေသမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ သွားရောက်ပါက အချိန်လေးနာရီ ကြာမြင့်မည်ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမှ သွားရောက်ပါက အချိန်ခြောက်နာရီ ကြာမြင့်မည်ဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ၊ ပိုင်လင်းဒေသ အနီး၌ ဖြစ်ပါသည်။
အောင်စူဠာမဏိစေတီ
စေတီ၏ ဘွဲ့အမည်မှာ အောင်စူဠာမဏိ(Aung Sular Mani Stupa) ဖြစ်ပါသည်။ ကမ္ဘောဒီးယား လူမျိုးများက အောင်ချူဠာမဏိဟု ခေါ်ဆိုကြပါသည်။ အမြင့်ပေ ၁၀၀ ခန့်ရှိသော ကုန်းတော်ထက်တွင် စေတီ ကိုတည်ထားပြီး ဥာဏ်တော်အမြင့် မှာ ပေခြောက်ဆယ်ခန့် ရှိပါသည်။
Thursday, 22 September 2011
အားလပ်ရက် (၂)
စိမ်းလန်းစိုပြေတဲ့ကုန်းမြေရဲ့ အနောက်ဘက်နယ်ခြားတလျှောက် လေးတွဲ့စွာစီးဆင်းနေတဲ့ ဧရာဝတီမြစ်ရဲ့ အံ့မခန်းမြင် ကွင်းကို ပုဂံဟိုတယ်(မြစ်မြင်ကွင်း)က ပကတိဖော်ပြပေးနေပါတယ်။
ကျွန်ုပ်တို့ ပုဂံတွင် လေးရက်နေထိုင်စဉ်မှာ မုတ်သုန်ရာသီတွင်း ကောင်းစွာချဉ်းနင်းဝင်ရောက်နေသော်လဲ မိုးဖွဲလေး(အမှန် တကယ်ကိုအဖွဲဆုံးလေး) တကြိမ်ပဲ ရွာခဲ့ပါတယ်။ မြို့တော်ဟောင်းအတွက် ကျော်ကြားစေခဲ့တဲ့ ရှုမောဘွယ်ရာ နေဝင် ဆည်းဆာများကို ညနေတိုင်း ကျွန်ုပ်တို့ခံစားပျော်ရွှင်ခဲ့ရပါတယ်။
Wednesday, 14 September 2011
အပန်းဖြေနားရက်များ-၁
(ဒီတပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါးပါ။ ဖေ့စ်ဘုတ်မှာ စာစီပြီး မျှထားတာတွေ့လို့ ကူးယူပါတယ်။)
ယခုနှစ်များစွာ အတွင်းမှာ အပန်းဖြေနားရက်တွေဆိုတာ ကျွန်မအတွက်တော့ အတိတ်ကာလက ဖျိုးခနဲ ဖျတ်ခနဲ မှတ်တမ်းထားမိလိုက်တဲ့ အမှတ်ရစရာ ဓာတ်ပုံတစ်ချို့ လိုပါပဲ။ ပြန်ကြည့်လိုက်တိုင်း ကြည်လင်ထင်ရှားနေတယ်။ ဒါပေမဲ့ အဖြစ်အပျက်တွေက ဟိုးအဝေးကြီးကလိုပါပဲ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူး
(အနှစ် ၂၀ ကျော်အတွင်း ပြည်တွင်းမီဒီယာမှာ ပထမဆုံး ဖော်ပြခွင့်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူး ဖြစ်ပါတယ်။ The Messenger ဂျာနယ်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာက ကူးယူပါတယ်။ အခုနောက်ဆုံး သိရတဲ့ သတင်းများအရ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူးပါပြီးနောက် The Messenger News Journal ဂျာနယ်ကို စာပေစိစစ်က နောက်ဆက်တွဲ သတင်းရုံးတင်ခွင့်နဲ့ မျက်နှာဖုံးမှာ နောက်ဆုံးရ သတင်းဦးများ ဖော်ပြခွင့်ပိတ်ပင်လိုက်ကြောင်း သတင်းဆိုးကို ကြားသိရပါကြောင်း ...)
ဒေါ်အောင်ဆန်းစုကြည်နှင့် The Messenger ဂျာနယ်တို့ တွေ့ဆုံမေးမြန်းခွင့်ရခိုက် သူမဖြေကြားခဲ့သည်များအနက်မှ လူငယ်များနှင့် ပတ်သက်သည့် သဘောထားအမြင်တချို့ကို စာဖတ်သူများသိရှိစေရန် ကောက်နှုတ်ဖော်ပြလိုက်ပါသည်။
Monday, 12 September 2011
Letter from Burma: Holiday (2)
People visit a golden stupa in Yangon, Myanmar. (Mainichi)Bagan Hotel (Riverview) truly does provide a magnificent view of the Irrawaddy flowing lazily along the western boundary of the lush grounds. Although well into the monsoon season, there was just one fleeting shower (the merest drizzle, really) during the four days we spent in Pagan and every evening we enjoyed the splendid sunsets for which the ancient capital is famous. From the verandah of our bungalow we would watch the red disc slide down at a regal pace, tinting the sky with impossible vermilions and oranges and yellows and lighting up fantastic cloud profiles before sinking behind the mauve and indigo hills that smudged the opposite bank of the river. It was a travel brochure photograph come to life.
Letter from Burma: Holiday (1)
For many years now, holidays for me have been memory snapshots of past events, vivid but distant.
The Himalayas: riding up and up a mountain path through lichen festooned forests on the back of a stately mule with seductively long lashes; sitting down on a grassy slope looking down at misty, shadowy lands, eating a lunch of hard boiled eggs and parched rice; wandering from Buddhist monasteries to Hindu temples in Kathmandu, then ending up in a small coffee shop famous for its American brownies; shooting the rapids on a raft; sighting a tiger from the back of an elephant while munching sour Indian gooseberries plucked from wild bushes; watching an enactment of the dance of death performed with mesmerizing slow steps by Tibetan monks in the North East Frontier Area of India. In a schloss overlooking a Swiss lake, enjoying delicious food of which the daily highlight was homemade rosehip jam for tea. On a canal boat meandering along the waterways of England, family dog perched on the roof, surveying the green views with absolute serenity. Camping on the empty sands of Tiree with the wide Scots gray ocean stretching away to where a few seals played.
Thursday, 8 September 2011
ကုန်းဘောင်မင်းဆက်ဟု ဆိုသော သမ္မတဟောင်း ဦးဘဦး
၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့တွင် မြန်မာပြည် လွတ်လပ်ရေး ရသော အခါ သမ္မတ ဖြစ်သူမှာ ညောင်ရွှေ စော်ဘွားကြီး စ၀်ရွှေသိုက် ဖြစ်သည်။ သို့သော် စ၀်ရွှေသိုက်ကို ယာယီ သမ္မတ ဟုသာ ဆိုကြသည်။
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲ ထားသဖြင့် ပထမဆုံး ရွေးကောက်ပွဲများ ကျင်းပပြီးသော အခါ လွှတ်တော်ခေါ်သည်။ နိုင်ငံတော် သမ္မတ ရွေးချယ်ရန် ဖြစ်၏။ ဦးဘဦးကို မြန်မာနိုင်ငံတော် သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခဲ့သည်။
ဆရာတော် ဦးဥတ္တမ
ဆန်ရေစပါးနှင့် သယံဇာတ မျိုးစုံပေါကြွယ်လှသော မြန်မာနိုင်ငံတွင် တိုင်းသူပြည်သားတို့ စားဝတ်နေရေး ခက်ခဲ ကျပ်တည်းကာ ဆင်းရဲ ဒုက္ခရောက်နေကြရခြင်းသည် “အစိုးရ ညံ့ဖျင်းလွန်း၍ ဖြစ်သည်” ဟု ၁၉၂၁ ခုနှစ် မတ်လ (၂၃) ရက်နေ့ ဒေးဒရဲမြို့နယ် ဆုကလပ်ရွာ၌ တရားဟောခဲ့သဖြင့် ဗြိတိသျှ စစ်ပုလိပ်တို့၏ ဖမ်းဆီး အကျဉ်းချခံခဲ့ရသည့် ပုဂ္ဂိုလ်ကို မြန်မာတို့ မမေ့လောက်သေးဟု ထင်သည်။ ထို ပုဂ္ဂိုလ်မှာ နိုင်ငံရေး နယ်ပယ်မှ မဟုတ်၊ သာသနာ့နယ်ပယ်မှ ထူးခြားသော ရဟန်းတော်တပါး ဖြစ်သည်။
ထို ပုဂ္ဂိုလ်သည် မြန်မာ့ နိုင်ငံရေးသမိုင်းတွင် ပထမဦးဆုံး ဖမ်းဆီးထောင်ချခံရသော ရဟန်း အာဇာနည် ဖြစ်သည်။ အထူး သဖြင့် “ကရက်ဒေါက် ဂက်ဒေါက်” (Craddock, Get Out!) ဟူသော ကြွေးကြော်သံကို အကြောင်းပြု၍ ဆရာတော်ကို မှတ်မိကြမည် ထင်ပါသည်။ ထိုအာဇာနည် အရှင်ကား “ဆရာတော် ဦးဥတ္တမ” ဖြစ်သည်။ “ကရက်ဒေါက်” (Sir Reginlad Henry Craddock) သည် ထိုစဉ်က ဗြိတိသျှကိုလိုနီ မြန်မာနိုင်ငံ၏ ဒုတိယဘုရင်ခံ ဖြစ်သည်။
သမိုင်းတကွေ့မှ အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို
သန်းဝင်းလှိုင်
စက်တင်ဘာ ၆၊ ၂၀၁၁
ကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းကာလတို့၌ ထင်ရှားခဲ့သောပုဂ္ဂိုလ်မှာ နောင်တွင် အာဇာနည်ခေါင်းဆောင်ကြီးတဦးဖြစ်လာသည့် ဒီးဒုတ်ဦးဘချိုပင်ဖြစ်သည်။ ဆရာချိုသည် မြန်မာ့နိုင်ငံရေး၊ စာပေလောက၊ ဂီတလောကတို့တွင် ရှေ့ဆောင်တဦးဖြစ်သလို လောကီပညာ အင်းအိုင်စမဗေဒင်နက္ခတ်နှင့် ဆေးပညာတို့တွင် ထဲထဲဝင်ဝင် တတ်သိနားလည်သည့်စွယ်စုံရပုဂ္ဂိုလ်ထူးပင်ဖြစ်သည်။
Friday, 2 September 2011
ကမ္ဘာနှစ်ခု ကြားက ရတနာနတ်မယ်
(မှတ်ချက်။ ။ ပို့စ်ဟောင်းတစ်ခုပါပဲ။ ဒါပေမယ့် မဟောင်းပါဘူး။ ကောင်းနေဆဲပါပဲ။)
မကြာသေးခင်က ထွက်တဲ့ သြစတြေးလျ အရှေ့ပိုင်း Griffith University ရဲ့ Review journal အမှတ်စဉ် ၂၇ မှာ ရေးထားတဲ့ Between Two Worlds ဆိုတဲ့ စာတပုဒ်ကို ဆရာမ ဒေါ်ကြည်မေကောင်း ဘလော့မှာပေးတဲ့ လင့်တွေကတဆင့် ဖတ်လိုက်မိတယ်။
အဲဒီ ဂျာနယ်လေးက တခါထုတ်ရင် ခေါင်းစဉ် Theme တခုအောက်မှာ ဝိုင်းရေး ကြတာမျိုးလေးပါ။ အဲဒီ အမှတ်စဉ် ၂၇ ကလည်း food အစားအစာ အကြောင်းပါ။ တော်ရုံဆိုလည်း အဲဒီ ခေါင်းစဉ်အောက်မှာ ကိုယ်တို့လိုလူတွေအတွက် ဒီလောက် စိတ်ဝင်စားစရာ ကောင်းမယ့် စာမျိုးပါလာမယ်လို့ ထင်စရာအကြောင်း သိပ်မရှိဘူးလေ။ တွေ့မယ့် တွေ့လိုက်တော့ ဗမာလူမျိုးတွေ အတော်စိတ်ဝင်စား တဲ့ အမျိုးသမီးတယောက်အကြောင်း ဖြစ်နေတယ်။
(ကနောင်မင်းရဲ့ မြစ်တော် ရတနာနတ်မယ် (LIFE မဂ္ဂဇင်းက ၁၉၅ဝ တွင် ရိုက်ကူးထားသောပုံ)
Monday, 29 August 2011
“ဆာလောင်မွတ်သိပ်ပါ… အရူးထပါ…” (Steve Jobs ပြောကြားခဲ့သည့် မိန့်ခွန်း)
(ချစ်လှစွာသော သူငယ်ချင်းတယောက်ထံမှ Forward Mail ပါ။ လူတယောက်ရဲ့ ဘဝတက်လမ်းအတွက် အတုယူစရာ မှတ်သားစရာ ဖြစ်တဲ့အတွက် ပြန်လည်ဝေမျှလိုက်ပါတယ်။ ကျွန်မလည်း ဘဝအတွက်အများကြီး ကြိုးစားနေဆဲဖြစ်တဲ့ အတွက် ဒီလိုမှတ်သားစရာတွေ ပညာယူစရာတွေ လိုအပ်ပါတယ်။ လှေကားထစ်တွေအတွက် အားဆေးတခွက်လို့ လည်း ပြောလို့ရပါတယ်။)
၂၀၀၅ ခုနှစ် ဇွန်လ ၁၂ရက် နေ့တွင် ကျင်းပခဲ့သော Stanford တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် Apple Computer နှင့် Pixar Animation Studio တို့ကို စတင်တည်ထောင်ခဲ့သူ Steve Jobs ပြောကြားခဲ့ သည့် မိန့်ခွန်း
ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်ကြီးတခုရဲ့ ဘွဲ့ရ မောင်မယ်များကို တွေ့ဆုံစကားပြောခွင့်ရတဲ့အတွက်ကြောင့် အင်မတန် ဂုဏ်ယူမိကြောင်း ပြောပါရစေ။ ကျနော်ဟာ တက္ကသိုလ်ဘွဲ့ရ တယောက်မဟုတ်ပါ။ အမှန်အတိုင်း ပြောရရင် ဘွဲ့နှင်းသ ဘင် အခမ်းအနားဆိုတာ ဒီနေ့မှ တက်ဖူးတာပါ။ ဒီ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ကျနော့်ဘဝ ဇာတ်လမ်းလေး သုံးပုဒ် ပြောပါရစေ။ မိန့်ခွန်းအရှည်ကြီး မဟုတ်ပါ။ ကြီးကြီးကျယ်ကျယ် အကြောင်းအရာတွေ မဟုတ်ပါ။ ဇာတ်လမ်း သုံးပုဒ် ထဲ ပါ။
ပထမဆုံးဇာတ်လမ်းကတော့ ဆက်စပ်ပုံဖော်ခြင်း အကြောင်းပါ။
Friday, 26 August 2011
အာဆီယံ ယူ-၁၉ ပြိုင်ပွဲအား လာရောက် ကြည့်ရှုရန် ဒေါ်အောင်ဆန်း စုကြည်အား ဦးဇော်ဇော် ဖိတ်ကြားခဲ့
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် အာဆီယံ ယူ-၁၉ ဘောလုံးပြိုင်ပွဲအား လာရောက် ကြည့်ရှုပါရန် ဒေါ်အောင်ဆန်း စုကြည်အား ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ဖိတ်ကြားမှု ပြုလုပ်ခဲ့ကြောင်း Weekly Eleven News ဂျာနယ်၏ ဖော်ပြချက်အရ သိရသည်။
Saturday, 20 August 2011
ဦးသိန်းစိန်ရုံးခန်းတွင် ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ ချိတ်ဆွဲထား
ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးသိန်းစိန် တွေ့ဆုံမှု ရုပ်သံသတင်းကို the Voice သတင်းဂျာနယ်က မှတ်တမ်းတင်ထားပုံ။
ဦးသိန်းစိန်၏ ရုံးခန်းတွင် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံ ချိတ်ဆွဲထားသည်။
Friday, 19 August 2011
စကော်ပီယံဂိုဏ်း (Scorpion Gang) ဝင် ၁၅ ဦး ဆယ်နှစ်ကျော်ကြာ အကျဉ်းချခံရရာမှ သြဂုတ် ၁၅ ရက်နေ့တွင် ပြန်လည်လွတ်မြောက်
စိုင်းဇွမ်ဆိုင်း Thursday, 18 August 2011 18:41 .
၁၉၉၀ နောက်ပိုင်းနှင့် ၂၀၀၀ ပြည့်နှစ် အစောပိုင်း ကာလများတွင် ရန်ကုန်မြို့ ညကလပ်များနှင့် လမ်းမများ၌ နာမည်ကြီးခဲ့သည့် စကော်ပီယံဂိုဏ်း (Scorpion Gang) ဝင် ၁၅ ဦး ဆယ်နှစ်ကျော်ကြာ အကျဉ်းချခံရရာမှ သြဂုတ် ၁၅ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာသည်။
ဂိုဏ်းခေါင်းဆောင် ရန်နိုင် အပါဝင် အဖွဲ့ဝင် ၁၅ ဦး လွတ်မြောက်လာပြီး မိသားစုများနှင့် ပြန်လည်နေထိုင်ကြောင်း လွတ်မြောက်လာသူတဦး၏ မိသားစုဝင်က ဧရာဝတီသို့ ပြောသည်။
Tuesday, 16 August 2011
တောင်းတခြင်းသို့ 
ငါတို့ တမ်းခြင်း
လွမ်းလောက်ပါလဲ
အချိန်ဆိုတဲ့ဝေါဟာရက
ငါတို့ ကိုနောက်ပြောင်နေတယ်၊
ငါတို့ လွမ်းလို့ ငါတို့  သေလဲ
အမှန်တရားကမင်းအတွက်ပေါ့
ကုန်လွန်ခဲ့ပြီလေ...
ငါနေနေတဲ့
အကြောင်းတရား
ငါတို့ ဘဝကိုလှောင်ပြောင်နေလဲ
ငါသည်ငါ့ဘဝကို လွမ်းနေမယ်...
နင်တို့ နောက်က နင်တို့ ဘဝ
ဟန်ချက်ညီမှု တောင်ဆိုမှုများ
ကုန်လွန်သွားတဲ့တမ်းချင်းများနဲ့ 
သံသရာကို ငါတို့ သွားကြမယ်။
ခိုင်မျိုးသူရ
Monday, 15 August 2011
နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် (ရန်ကုန်)၊ ဗုဒ္ဓဒေသနာတော်ပြန့်ပွားရေးပညာဌာန၏ ဧည့်ပါမောက္ခ စာရေးဆရာကြီး နန္ဒာသိန်းဇံ ကွယ်လွန်
နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် (ရန်ကုန်)၏ ဗုဒ္ဓဒေသနာတော်ပြန့်ပွားရေးပညာဌာန၊ ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသော စာရေးဆရာကြီး နန္ဒာသိန်းဇံ အသက်(၆၅)နှစ်ဟာ ယနေ့ညနေပိုင်းက ရန်ကုန်မြို့မှာ ကွယ်လွန်အနိစ္စ ရောက်ခဲ့ကြောင်း သိရှိရပါတယ်...။ ဆရာကြီးကွယ်လွန်သွားတာဟာ မြန်မာ့စာပေလောကအတွက် နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် (ရန်ကုန်)အတွက် အင်မတန်မှ ဆုံးရှုံးနစ်နာမှုဖြစ်ပါတယ်...။ ဆရာကြီးကောင်းရာ သုဂတိလားပါစေကြောင်း နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် (ရန်ကုန်)မှ တပည့်များကိုယ်စား ဆုမွန်ကောင်း တောင်းလိုက်ပါတယ်..။
နန္ဒာသိန်းဇံ (၁၉၄၇-၂၀၁၁)
၁၉၄၇ - ခုနှစ်၊ ဖေဖော်ဝါရီလ(၂၁)ရက်၊ သောကြာနေ့၌ ပဲခူးတိုင်း ပေါင်းတည်မြို့တွင် အဖ-ဦးညီကွန်း၊ အမိ-ဒေါ်ဟန်တင်တို့မှ မွေးဖွားပြီး မွေးချင်း(၃)ယောက်အနက် အငယ်ဆုံးဖြစ်သည်။ အမည်ရင်းမှာ မောင်သိန်းဇံဖြစ် သည်။
ဆရာတော်ကြီး ဒေါက်တာ ဦးဇာဂရာဘိဝံသ ( သြစတေးလျ) ၏ (၈၆)နှစ်ပြည့် မွေးနေ့အလှူတော် နှင့် အတ္ထုပ္ပတ္တိ အကျဉ်းချုပ်
(ဆရာတော်ကြီးကို စာရေးသူနှင့်အတူ ဖူးတွေ့ရပုံ)
ဆရာတော်ကြီး ဒေါက်တာ ဦးဇာဂရာဘိဝံသ ( သြစတေးလျ) ၏ (၈၆)နှစ်ပြည့် မွေးနေ့အလှူတော် အခမ်းအနားကို သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၊ ယနိုးရာရပ်၊ မြန်မာဘုန်တော်ကြီးကျောင်း၌ ယနေ့ (၁၄-၀၈-၂၀၁၁) မှာ ကျင်းပပြုလုပ်ပါတယ်။
နံနက်ပိုင်းမှာ သံဃာတော်များအား ဆွမ်းဆက်လှူဒါန်းပြီး ဧည့်ပရိသတ်တို့အား စားသောက်ဖွယ်ရာများနှင့် ကျွေးမွေးဧည့်ခံပါတယ်။
Saturday, 13 August 2011
ဝန်ကြီးများ မြို့တော်ခန်းမရှေ့  ဆန္ဒပြ ငိုကြွေးမည်
ဧရာဝတီမြစ်ကြီးကို ကယ်တင်ဖို့ ၀န်ကြီးတွေ မြို့တော်ခန်းမရှေ့ သွားပြီး၊ ဆန္ဒပြကြ ငိုပြကြမယ် လို့ သိရပါတယ်။
ဘယ်အချိန်လဲ ဆိုတာတော့ မပြောသေးပေမယ့် ငိုပြမယ့် ၀န်ကြီးများအတွက် လက်ကိုင်ပုဝါ တယောက် ၁၀ ထည်နှုန်း ဝေငှပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ဧရာဝတီမြစ်တလျှောက် ရေကာတာဆောက်တဲ့နည်းနဲ့ မိုက်လုံးကြီးနေခြင်းအကြောင်း မေးခွန်းကို ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက လှလှပပ ငိုပြပြီး ဖြေဆိုသွားပုံဟာ အရမ်း အရမ်း အောင်မြင်သွားတာကြောင့် ဒီလို ဆက်လုပ်ဖို့ အထက်က ညွှန်ကြားလိုက်တာပါ။
မနေ့က ဦးကျော်ဆန်း ချုံးပွဲချငို တဲ့အကြောင်း ဖော်ပြတော့ အင်တာနက်သုံးသူအများပြည်သူ အားပေးပုံတွေကို ကောက်နှုတ် ဖော်ပြလိုက်ပါတယ်။
ထာဝရအမွေအနှစ် မွန်မြတ်သည့် စေတနာ (သြဂုတ်လ ၉ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြခဲ့သော ဆောင်းပါးရှင် ‘လျှပ်စစ် ၀န်ထမ်းတစ်ဦး’ အမှတ် (၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ကိုယ်တိုင်ရေးသားထားသည့် ဆောင်းပါးဖြစ်)
နိုင်ငံတော်အစိုးရသည် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် လက်မှုကဏ္ဍမှ စက်မှုကဏ္ဍသို့ အရှိန်အဟုန်ဖြင့် အသွင်ကူးပြောင်း ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ အသွင်ကူးပြောင်း ဆောင်ရွက်ရန် အတွက် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် အခြေခံ အကျဆုံးနှင့် အဓိက အကျဆုံး လိုအပ်ချက်ပင် ဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံတော်အစိုးရ အနေဖြင့် လျှပ်စစ်ကဏ္ဍကို အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက် ပြောင်းလဲလာစေရေး ရည်ရွယ်လျက် နိုင်ငံတော်၏ လျှပ်စစ်ကဏ္ဍကို ဖော်ဆောင်နိုင်မည့် လျှပ်စစ်စွမ်းအား ဖွံ့ဖြိုးရေး စီမံကိန်းများကို စနစ်တကျ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။
ယနေ့ မြန်မာနိုင်ငံ၏ မျက်မှောက်ကာလ ဖွံ့ဖြိုးတိုးတက်မှုကို ကြည့်မည် ဆိုလျှင် ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံသစ်များနှင့် နိုင်ငံပိုင်စက်ရုံကြီးများ တိုးတက် ဖြစ်ထွန်းလာပြီး စက်မှုကဏ္ဍများ တိုးတက်မှု အရှိန်အဟုန် မြင့်မားလျက် ရှိသည်။
သြဂုတ်လ ၉ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြခဲ့သော ဆောင်းပါးရှင် ‘လျှပ်စစ် ၀န်ထမ်းတစ်ဦး’ ၏ ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်သည့် ဆောင်းပါးကို Eleven Media Groupနှင့် ၀ါရင့် သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းတို့က ဝေဖန်
သြဂုတ်လ ၉ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြခဲ့သော ဆောင်းပါးရှင် ‘လျှပ်စစ် ၀န်ထမ်းတစ်ဦး’ ၏ ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်သည့် ဆောင်းပါးကို Eleven Media Groupနှင့် ၀ါရင့် သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းတို့က ဝေဖန်ခဲ့ကြပါသည်။
နိုင်ငံပိုင်သတင်းစာပါ လျှပ်စစ်ဝန်ထမ်းတစ်ဦး အမည်ဖြင့် ရေးသားထားသည့် ဆောင်းပါး အမည်မှာ ‘ထာဝရ အမွေအနှစ် မွန်မြတ်သည့် စေတနာ’ ဖြစ်ပြီး ရေအားလျှပ်စစ်စီမံကိန်းများနှင့် ပတ်သက်သော အကြောင်းအရာများ၊ အဓိကအားဖြင့် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ဆိုင်ရာ အကျိုးဖြစ်ထွန်းမှု အချက်အလက်များကို ရေးသားထားခြင်း ဖြစ်ပါသည်။
Thursday, 11 August 2011
ဘာသာစကားမှသည် ဘာသာတရားဆီသို့
လင်းဝံသ
“ဘာသာ”ဆိုတဲ့စကားလုံးကို အဓိပ္ပါယ်ဖွင့်ကြည့်ရင် အကြမ်းဖျင်းအားဖြင့် ဒီလိုတွေ့ရမှာပါ။
၁။ ယုံကြည်ကိုးကွယ်သည့်အရာ
၂။ ပြောဆိုသုံးစွဲသောစကား
၃။ အကြောင်းအရာတခု
ဥပမာအားဖြင့် ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ။ ဗမာစကား၊ အင်္ဂလိပ်စကား။ သင်္ချာဘာသာ၊ ရူပဗေဒဘာသာ။ ဒါဟာ အကျဉ်းအားဖြင့် အဓိပ္ပါယ်ဖွင့်ဆိုပြီး ဥပမာပေးကြည့်တာပါ။ ဒီ့ထက်မက ကျယ်ပြန့်နက် ရှိုင်းတဲ့ အဓိပ္ပါယ်တွေနဲ့ ဥပမာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။
Wednesday, 10 August 2011
စိုက်ပျိုး​စရိတ်​ချေး​ငွေ မဆပ်နိုင်သဖြင့်​ လယ်သမား​များ​ ဖမ်း​ဆီးခံရ
အံ့ဘုန်းမြတ်
ဧရာဝတီတိုင်း​ ​ဒေး​ဒရဲမြို့​နယ်အတွင်း​ရှိ ​ကျေး​ရွာ​တွေက လယ်သမား​တွေ ဦး​ပိုင်ကုမ္ပဏီလီမိတက်က ထုတ်​ချေး​ခဲ့​တဲ့​ စိုက်ပျိုး​စရိတ်​ချေး​ငွေ​တွေကို ပြန်မဆပ်နိုင်တာ​ကြောင့်​ ရာနဲ့​ချီပြီး​ ဖမ်း​ဆီး​ခံ​နေရကြရပါတယ်။
Friday, 5 August 2011
ဒေါ်အောင်ဆန်းစုကြည်၏ နေ့စွဲမှတ်တမ်းများ
သန်းဝင်းလှိုင်
သြဂုတ် ၅၊ ၂၀၁၁
၁၉၄၂၊ စက်တင်ဘာလ ၆၊ နေ့လယ် ၂ နာရီတွင် ဂျပန်ခေတ်ဆေးရုံကြီး (ယခု နိုင်ငံတော် ကာကွယ်ရေးတက္ကသိုသ်) အရှေ့ဘက် အစွန်ဆုံးခန်းမဆောင်တွင် သူနာပြုဆရာမ မခင်ကြည်နှင့် ဗမာ့ကာကွယ်ရေးတပ်မတော် ဗိုလ်ချုပ် ဗိုလ်တေဇတို့ လက်ထပ်မင်္ဂလာပွဲ ပြုလုပ်သည်။
စက်တင်ဘာလ ၇၊ ညနေ ၅ နာရီအချိန်တွင် ရန်ကုန်မြို့ Nippon Military Club (မင်တိုမစ်ရှင်ဟိုတယ်)၌ ဗမာ့ကာကွယ်ရေးတပ်မတော် ဗိုလ်ချုပ်ဗိုလ်တေဇနှင့် ဇနီး ဒေါ်ခင်ကြည်တို့ မင်္ဂလာထမင်း တည်ခင်းဧည့်ခံကျွေးမွေးသည်။
Monday, 1 August 2011
ဟစ်တလာ နဲ့ မြန်မာ (ဟာသ)
ဒီအောက်က လင့်ခ်လေးကို ကလစ်လိုက်ပါ။
http://youtu.be/5BUoJtoycaM
အဘိဓာန်တွေ ပြန်လည်ပြင်ဆင်ဖို့ လိုအပ်နေပြီလား
ကမ္ဘာ့ အမြင့်ဆုံး ဆေးခြောက်ပင်များဟု ယူဆရသည့် အမြင့် ပေ ၈၀၀ ရှိသော ဆေးခြောက်ပင်များကို မက္ကစီကိုနိုင်ငံအတွင်း မြန်မာဂျာနယ်လစ်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြည်တွင်း ဂျာနယ်တစ်ခုက ရေးသားသည်။
(မူရင်း ရေးသားချက် အမှန်)
(ဂျာနယ်တစ်ခုတွင် ဖေါ်ပြပုံ)
အဆိုပါ ဆေးခြောက်ပင်များမှာ ခရမ်းချဉ်သီးပင်များ အကြားတွင် စိုက်ပျိုးထားခြင်း ဖြစ်သော်လည်း မြန်မာဂျာနယ်လစ်များ မက္ကစီကိုနိုင်ငံသို့ သွားရောက် ကြည့်ရှု သည့်အခါ ခရမ်းချဉ်သီးမဟုတ်ဘဲ အာလူးများကိုသာ တွေ့ရှိခဲ့ကြသည် ဆို၏။
မြန်မာဂျာနယ်လစ်များက သူတို့ တွေ့ရှိသော Tomato (ခရမ်းချဉ်သီး) ကို "အာလူး" ဟု အထက်ပါ သတင်းတွင် မှတ်တမ်းတင်ကြသည်ကို တွေ့ရသည်။ ဤကဲ့သို့ မှတ်သားလိုက်သဖြင့် အင်္ဂလိပ်-မြန်မာ အဘိဓာန် ပြုစုရေး အဖွဲ့ဝင်များ အလုပ်ရှုတ်သွားကြသည်။ ဂျာနယ်လစ်များ အလိုအရ Tomato မှာ အာလူး ဖြစ်သွားသဖြင့် Potato ကို အဓိပ္ပါယ် ဖွင့်ဆိုရန် အခက်အခဲ ဖြစ်သွားကြောင်း အဘိဓာန် ပညာရှင်များက ပြောကြားသည်။
မည်သို့ပင် ဖြစ်စေ- ကြီးမားလှသည့် ဧရာမ ဆေးခြောက်ပင်ကြီးများကို အံ့သြဖွယ်ရာ တွေ့ရှိခဲ့သည့် အဆိုပါ မြန်မာဂျာနယ်လစ်များအား မက္ကစီကိုနိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့မှ အထူး ဂုဏ်ပြုရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
From Burma Strange News
Saturday, 30 July 2011
ပရိသတ်ကြောင့် မြန်မာ့ဘောလုံးလောက ထိခိုက်နိုင်
မြန်မာ- အိုမန်ပွဲတွင် ရမ်းကားသည့် မြန်မာပရိသတ်ကြောင့် နိုင်ငံတကာ ဘောလုံးပွဲများ မြန်မာနိုင်ငံ၌ ကျင်းပခွင့် မရတော့မည်ကို စိုးရိမ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ပြောဆိုလိုက်သည်။
Thursday, 28 July 2011
အော်ရယ်ဘီ ခံတွင်း​သန့်​ဆေး​ရည် မသုံး​စွဲရန် နှိုး​ဆော်ချက် ထုတ်ပြန်
အော်ရယ်ဘီ (Oral-B) အမျိုး​အစား​ ခံတွင်း​သန့်​ဆေး​ရည်ကို မသုံး​စွဲဖို့​ ကျန်း​မာ​ရေး​ဝန်ကြီး​ဌာနက ဒီ​နေ့​ထုတ် ​ကြေး​မုံသတင်း​စာမှာ အသိ​ပေး​နှိုး​ဆော်ချက် ထုတ်ပြန်လိုက်ပါတယ်။
အော်ရယ်ဘီ ​ဆေး​ရည်ဟာ ကျန်း​မာ​ရေး​နဲ့​မညီညွတ်တဲ့​အပြင် ထုတ်လုပ်တဲ့​ကုမ္ပဏီကလည်း​ အဲဒီ ​ဆေး​ရည်ကို ပြန်သိမ်း​နေတာ​ကြောင့်​ မသုံး​သင့်​ဘူး​လို့​ နှိုး​ဆော်ချက်က ဆို​ပေမယ့်​ ကျန်း​မာ​ရေး​နဲ့​ ဘယ်လိုမညီညွတ်တာလဲဆိုတာကို​တော့​ နှိုး​ဆော်ချက်မှာ မ​ဖော်ပြထား​ပါဘူး​။
Monday, 25 July 2011
သုံး​စီး​မြောက် ထိုင်း​ ရဟတ်ယာဉ်ပျက်ကျ၊​ သုံး​ဦး​သေဆုံး
ထိုင်း​ကြည်း​တပ်ပိုင် ဘလက်​ဟော့​ ရဟတ်ယာဉ် ပျက်ကျပြီး​နောက် မ​နေ့​က ထိုင်း​လေတပ်ပိုင် ဘဲလ်ရဟတ်ယာဉ် တစီး​ ထပ်မံပျက်ကျသွား​ပါတယ်။
ပျက်ကျသွား​တဲ့​ ဘဲလ် ၂၁၂ ရဟတ်ယာဉ်ဟာ ၁၉ ရက်​နေ့​က ပျက်ကျတဲ့​ ဘလက်​ဟော့​ ရဟတ်ယာဉ်က ရုပ်အ​လောင်း​တွေကိုသယ်ဖို့​ဘန်​ကောက်က​နေ ကဲန်ကကျန် သစ်​တောကိုအသွား​ မ​နေ့​က မနက် ၉ နာရီ မိနစ် ၄၀ ​လောက်မှာ ပျက်ကျခဲ့​တာဖြစ်​ကြောင်း​ ​မြေပြင်ဆက်သွယ်​ရေး​စခန်း​က ​ပြောတယ်လို့​ ထိုင်း​ရုပ်သံသတင်း​ဌာန channel 9 က ​ကြေညာသွား​ပါတယ်။
Saturday, 23 July 2011
ပဲခူးမြို့မှာ ရေကြီး
ပဲခူးမြို့မှာ မနေ့ကစပြီး ရေစကြီးတယ်။ မိုးရွာသွန်မှုများတာကြောင့်ရယ်။ ဇောင်းတူဆည်ရေ ဖောက်ချတာတွေကြောင့် ပဲခူးမြို့ အနောက်ခြမ်းနဲ့ မြောက်ဘက်ခြမ်းရပ်ကွက်တွေ ရေမြုပ်ကုန်ပါတယ်။ ရေကြီးလာတဲ့ အတွက် နေထိုင်စရာ အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေအနေနဲ့ တာဘောင်တွေပေါ်နဲ့ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေကြရပါတယ်။ ရေဘေး ဒုက္ခသည် ပြည်သူတွေအတွက် ပရဟိတ ဆရာတော် ဦးကိတ္တိ ဦးဆောင်ပြီး ထမင်းထုပ်ဝေပေးလျက်ရှိပါတယ်။ ယခုချိန်အထိ တိုးလာတဲ့ ရေဟာ မကျသေးဘဲ ထပ်မံ တိုးလျက်ရှိပါတယ်။
ကိုမိုးသီး ၀ဘ်ဆိုက်မှ ကူးယူဖေါ်ပြပါသည်။
ဘွဲ့လက်မှတ်ရုံများ
စင်္ကာပူတွင် ဘွဲ့အတု၊ လက်မှတ်အတုများအတွက် အရေးယူရသော ကိစ္စများပင် ရှိနေလေပြီ။ Straits Times သတင်းစာတွင် သတင်းများ ဖတ်ရသည်။
၈-၈-၂၀၀၈ နေ့ထုတ်နှင့် ၃၀-၈-၂၀၀၈ နေ့ထုတ် Strait Times သတင်းစာမှ အလိမ်အညာ ဘွဲ့လက်မှတ်များအကြောင်း သတင်းနှင့်ဆောင်းပါးများကို ကျွန်တော် ဖြတ်ပိုင်ဖြတ်ပြီး သိမ်းထားပါသည်။ ထိုအကြောင်း နောက်ပိုင်းရေးသားပါမည်။
Thursday, 21 July 2011
ဦးအောင်ဆန်း၏ နောက်ဆုံးနေ့
ဇူလိုင်လ ၁၉ ရက်၊ စနေနေ့ ၁ဝ နာရီခွဲ။
မိုးလင်းကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်းညိုမှိုင်းလျက် ရှိသည်။ တိမ်တိုက်ဟူ၍ ဘာမျှကြည်လင်စွာမမြင်ရ။ မိုးကိုကြည့်ရသည်မှာ မြူသန်းနေသော ပင်လယ်ပြင် ကြီးလို ဝိုးဝိုးဝါးဝါးနေသည်။ မိုးသည် ကင်းကင်းလွတ်လွတ်စဲသည်ဟူ၍ မရှိဘဲတဖွဲဖွဲနေလိုက်၊ တဖြိုင်ဖြိုင် ရွာချလိုက်နှင့်၊ နောက်စွေ၍နေလေသည်။
လှည်းကူးပညာရေးဝန်ထမ်းများအား ငွေတစ်သိန်းစီ ထုတ်ချေး
လှည်းကူးမြို့နယ်ရှိ ဂျီအီးစီ (ပညာရေး)အသင်းသားများ၏ ပညာ ရေးဝန်ထမ်းများအား ချေးငွေပေးအပ် ပွဲ အခမ်းအနားကို လှည်းကူးမြို့ နယ်၊ မူလွန်ကျောင်း၌ နံနက် ၉ နာရီတွင် ကျင်းပခဲ့ရာ အသင်းသား ပညာရေးဝန်ထမ်းများအား တစ်ဦး လျှင် ကျပ်တစ်သိန်းစီဖြင့် ဆရာ၊ ဆရာမ အယောက် ၁ဝဝ အား ချေးငွေထုတ်ပေးခဲ့ကြောင်းသိရသည်။ ”ကျောင်းဖွင့်ခါစက ကျောင်း ကုန်ကျ စရိတ်တွေကို သူများဆီ က ချေးပြီးသုံးထားရတာ။ အပြင်မှာ ချေးတော့ အတိုးလည်း များတယ်။ ခု ဒီမှာ ချေးတာက အဲဒီကို ပြန်ဆပ် မလို့ပါ။ ဒီအသင်းမှာ ချေးတာက အတိုးနှုန်းလည်း သက်သာပါတယ်” ဟု ငွေချေးသူဆရာမတစ်ဦးက ပြောသည်။ အင်းစိန်မြို့နယ်ရှိ ပညာရေး ဝန် ထမ်းများအား သိန်း ၇ဝ၊ ရွှေပြည် သာမြို့နယ်ရှိ ပညာရေးဝန်ထမ်းများ အား သိန်း ၅ဝ ချေးပေး ခဲ့ပြီးဖြစ် ကြောင်း သိရသည်။ ၄င်းချေးထားသော ငွေများ အား ၁ဝ လအတွင်း အရစ်ကျ ပြန်ဆပ်ရမည်ဖြစ်ပြီး ပြီးသွားလျှင် နောက်တစ်ရစ်ထပ်ချေးနိုင်ကြောင်း အင်းစိန်ခရိုင် ဂျီအီးစီ(ပညာရေး) ဒါ ရိုက်တာအဖွဲ့ဝင်အတွင်းရေးမှူး ဦးစိုးဝင်းက ပြောသည်။
ဇင်မို့မို့အေး
Popular Journal မှ ကူးယူဖေါ်ပြပါသည်။
အာဇာနည်နေ့တွင် နိုင်ငံအလံကို တိုင်တ၀က်၌ လွှင့်ထူဖို့ မေ့လျော့သွားတဲ့ တိုကျိုမြန်မာသံရုံး
ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာသံရုံးက အလံတိုင်မှာ ၂၀၁၁ ဇူလိုင် ၁၉ ရက် (၆၄ နှစ်မြောက် အာဇာနည်နေ့) က ၂၀၀၈ မြန်မာနိုင်ငံအလံကို တိုင်ထိပ်တွင် လွှင့်ထူထားပါတယ်။ အာဇာနည်နေ့ ရောက်တိုင်း ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်များကို ဂုဏ်ပြု အလေးအမြတ်ပြုကာ ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံအလံများကို တိုင်တ၀က်တွင် လွှင့်ထူလေ့ရှိပါတယ်။ သို့သော်လည်း အစဉ်အလာကို ဖောက်ဖျက်ပြီး အလံကို တိုင်ထိပ်တွင် လွှင့်ထူထားခြင်းဟာ သက်ဆိုင်သူများအနေနဲ့ အလံကို တိုင်ဝက်တွင် လွှင့်ထူဖို့ မေ့လျော့တာလား၊ ဒါမှမဟုတ် မြန်မာအစိုးရကပဲ တိုင်ဝက်တွင် လွှင့်ထူရန်မလို လို့ အကြောင်းကြားတာလားဆိုပြီး စဉ်းစားစရာတွေ ဖြစ်ကုန်ပါတယ်။ ဘယ်လိုဖြစ်ဖြစ် ဒီလို ဖြစ်တာကတော့ မကောင်းပါဘူး။ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးမထားဘူးဆိုတဲ့ သဘောမျိုးလည်း ဖြစ်သွားတတ်တာ ကိုး။
(Burmatoday မှကူးယူဖေါ်ပြပါသည်။)
ICC အမြန်ရောက်လိုသူ အငြင်းပွားဖွယ်ရာ ဦးထူးထူးဟန်
ကိုပေါက် | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၀ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၅၈ မိနစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံး ICC သို့ တက်ရောက်ရန် ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို
မြန်မာစစ်ရာဇ၀တ်ကောင်အဖြစ် ထုတ်ဖော်ဝန်ခံခဲ့ကြောင်း သြစတြေးလျ နိုင်ငံသားဖြစ်နေပြီး မိမိကိုယ်ကို စစ်ထောက်လှမ်းရေး ဗိုလ်ဟောင်းဟု ဆိုထားသူ ဦးထူးထူးဟန်က မဇ္ဈိမကို ပြောသည်။
Wednesday, 20 July 2011
ထူးထူးဟန်၏စကား ယုံကြည်သူ နည်းပါး
ရန်ပိုင် Wednesday, 20 July 2011 16:19
E-mail Print
မြန်မာနိုင်ငံတွင် အနည်းဆုံး လူ အယောက် ၁၀၀ သတ်ဖြတ်ခဲ့သည် ဟူသော သြစတြေးလျနိုင်ငံရောက် ကိုထူးထူးဟန် ဆိုသူ၏ မကြာသေးခင်က ပြောကြားချက်များကို ယုံကြည်ရန် ခက်ခဲသည်ဟု အများက ယူဆနေကြသည်။
သြစတြေးလျနိုင်ငံတွင် ရောက်ရှိနေသူ ကိုထူးထူးဟန် (ဓာတ်ပုံ - AAP သတင်းဌာန)
Sunday, 17 July 2011
သမ္မတအိုဘားမားနဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမား တွေ့ဆုံ
အမေရိကန်သမ္မတ ဘရက်အိုဘားမားနဲ့ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားတို့ အိမ်ဖြူတော်မှာ တွေ့ဆုံနေစဉ် (ဇူလိုင်လ ၁၆၊ ၂၀၁၁)၊ Official White House Photo by Pete Souza
တိဘက်လူမျိုးတွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ အရေးကြီးတယ်ဆိုတာကို တိဘက် ဘာသာရေး ခေါင်းဆောင်ကြီး ဒလိုင်းလားမား (Dalai Lama) နဲ့ အိမ်ဖြူတော်မှာ စနေနေ့ကတွေ့ဆုံစဉ်မှာ အမေရိကန်သမ္မတ ဘရက်အိုဘားမား (Barack Obama) က အလေးထား ပြောကြားခဲ့ပါတယ်။
Friday, 15 July 2011
ပါကစ္စတန်မှာ ကာကွယ်ဆေး ဟန်ပြထိုးပြီး ဘင်လာဒင် ရဲ့ DNA ကို စီအိုင်အေ ရယူခဲ့
အမေရိကန် စီအိုင်အေနှင့် နေဗီ ဆီးလ် အဖွဲ့တို့မှ အိုစမာ ဘင်လာဒင် ကို ရှင်းလင်းနိုင်ခဲ့တဲ့အပေါ် ယဉ်ကျေးတဲ့ ကမ္ဘာ့အသိုင်းအ၀ိုင်းက ချီးကျုးခဲ့ကြသည်။ သို့သော်
စစ်ကိုင်းမြို့ ဆရာဝန်-ကျူရှင်ဆရာမှ ကျောင်းသူလေးကို မဟားတရားပြုကျင့်
စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းမြို့ ရွာထောင်တွင် တက္ကသိုလ်ဝင်တန်း ဘော်ဒါဆောင် တည်ထောင်ဖွင့်လှစ်ထားသူ အသက် ၄၅ နှစ်အရွယ် ဆရာဝန်က အရွယ်မရောက်သေးသူဒသမတန်း ကျောင်းသူ တစ်ဦးအား အဓမ္မပြုကျင့်မှုကို အမှုဖွင့် စစ်ဆေးနေကြောင်း စစ်ကိုင်းမြို့ ဒေသခံများ၊ မြို့နယ်တပ်ဖွဲ့ ရဲစခန်း၊ အမှတ် (၁) ရဲစခန်းတို့ထံမှ စုံစမ်းသိရှိရသည်။
Wednesday, 13 July 2011
မောင်ထိပ်ကွက်ကို နှိပ်စက်သူ ​ထောင် ၇ နှစ် ချမှတ်ခံရ
Published on July 13, 2011 by နော်နိုရင်း ·
ဧရာဝတီတိုင်း​ ဟင်္သာတမြို့​က ၉ နှစ်အရွယ် မိဘမဲ့​က​လေး​ငယ် ​မောင်ထိပ်ကွက် (​ခေါ်) စိုး​ထက်​အောင်ကို အပြင်း​အထန်နှိပ်စက်သူ ကိုစနိုး​ကို ဟင်္သာတမြို့​နယ် တရား​ရုံး​က ​ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်ပါတယ်။
ဒီ​နေ့​ ဇူလိုင်လ ၁၃ ရက်​နေ့​ မွန်း​လွဲမှာ အမိန့်​ချလိုက်တာလို့​ ​မောင်ထိပ် ကွက်ဘက်က လိုက်ပါ​ဆောင်ရွက်တဲ့​ မြို့​နယ်ဥပ​ဒေအရာရှိ ဦး​မောင်​မောင်ကြည်ဝင်း​က ​ပြောပါတယ်။
ခွန်အားအပိုင်းအစလေးများ
Nothing will change unless you do.
မင်း မလုပ်ဘဲနဲ့တော့ ဘာမှ ပြောင်းလဲလာမှာ မဟုတ်ဘူး။
Friday, 8 July 2011
ရိုက်နှက်ညှဉ်းပန်းခံခဲ့ရသည့် မောင်ထိပ်ကွက်နှင့် မေးမြန်းခန်း
DVB မှ July 7, 2011
ဧရာဝတီတိုင်း ဟင်္သာတမြို့မှာ လျှပ်စစ်မီးပူနဲ့ထိုးတာအပါအဝင် အပြင်းအထန်နှိပ် စက်ခံရလို့ ဒဏ်ရာတွေနဲ့ ဆေးရုံတက်ရတဲ့ ၉ နှစ်အရွယ် မိဘမဲ့ ကလေးငယ်လေးအတွက် ရှေ့နေ မောင်မောင်ကြည်ဝင်းက လိုက်ပါဆောက်ရွက် ပေးနေတယ်လို့ သိရပါတယ်။
Thursday, 7 July 2011
မဇ္စျိမဝံသ မြန်မာရဟန်းတော်များအဖွဲ့ ဖွဲ့စည်း
ဟိန်းဇော် Wednesday, 06 July 2011 11:56
အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ကြားခဲ့သည့် သံဃာတော်များသည် မြန်မာနိုင်ငံတွင် ပြန်လည်အခြေချကာ သာသနာပြု လုပ်ငန်းများစုပေါင်း ပြုလုပ်ရန် အတွက် မဇ္ဈိမဝံသ မြန်မာရဟန်းတော်များ အဖွဲ့ (MMSS) ဟူ၍ ဇူလိုင် ၃ ရက်နေ့က စတင် ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။
မဇ္ဈိမဝံသ မြန်မာရဟန်းတော်များအဖွဲ့ တွေ့ဆုံပွဲ (ဓာတ်ပုံ - ဧရာဝတီ)
Wednesday, 6 July 2011
ပြည်သူချစ်သော ဗိုလ်ချုပ်အောင်ဆန်း
မြန်မာတိုင်း သတ္တိသွေးပြရန်အချိန် ဗိုလ်ချုပ်ကြီး ကာနယ်အောင်ဆန်းက မြန်မာပြည် တစ်ပြည်လုံးသို့ အသံလွှင့်ပြောဆိုချက် ကိုင်း အခုလက်တွေ့စမ်းကြည့်မယ်၊ ခုခင်ဗျားတို့ ဒီအခွင့်အရေးတွေရ တော့မယ်၊ယူကြမလား တပ်ထဲဝင်ကြမလားပြောကြစမ်း၊ စစ်ထဲမဝင်ချင်တဲ့လူ တွေများလျှင် မြန်မာပြည်ဟာ လွတ်လပ်ရေးနဲ့ မထိုက်တန်ဘူး၊ ရှေ့တန်းက ရာဇဝင်ပြန်ပြောင်းပြောနေတဲ့ယုံတမ်းစကားဖြစ်နေမှာဘဲ၊ ရှေးကမြန်မာသူရဲ ကောင်းတွေ မြေကြီးထဲနေပြီး ရှက်စရာဖြစ်နေမှာ သတိထားကြနော်။''
''အသက်(၁၈)နှစ်ရှိပြီး ကျန်းမာရေးနှင့်၊ ပြည့်စုံလျှင်လက်ခံရန်ရှိခြင်း''
သြစတေးလျ နိုင်ငံတွင် ကျင်းပမည့် အာဇာနည်နေ့ ဖိတ်ကြားလွှာ
Monday, 4 July 2011
မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း
(တနှစ်နှင့်လေးလကြာ နိုင်ပွဲမဲ့ခဲ့ပြီး မွန်ဂိုလီးယားအား ၂း ၀ ဖြင့် ပထမဆုံးနိုင်ပွဲ ပြန်လည်ရရှိခဲ့သော မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအား ၀မ်းမြောက်ဂုဏ်ယူစွာ မှတ်တမ်းတင်ပါသည်။ ၃-၇-၂၀၁၁)
Sunday, 3 July 2011
ဩစတေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ
Published on July 2, 2011 by နော်နိုရင်
လက်ရှိ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဩစတေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တခြားနိုင်ငံပါတီနဲ့ ဒီနေ့ ရန်ကုန်မြို့မှာ တွေဆုံခဲ့ကြတယ်။
Saturday, 2 July 2011
လူ့သက်တမ်းကို (၁၀)နှစ်ကျော် ပိုပြီးရှည်စေနိုင်မည့် ဆေးသစ်တွေ့ပြီ
သိပ္ပံပညာရှင်တွေဟာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်ပြီး လူ့သက်တမ်းကို (၁၀)နှစ်ကျော် ပိုပြီးရှည်စေနိုင်မည့် ဆေးသစ်တစ်မျိုးကို ချီလီနိုင်ငံပိုင် ကျွန်းတစ်ကျွန်းဖြစ်တဲ့ Easter Island မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
Monday, 27 June 2011
လှည်းကူးတွင် မြေလွတ်ကုန်လုနီး ရော်ဘာစိုက်ကြ
လှည်းကူးမြို့နယ်၊ အနောက်ဘက်ခြမ်းတွင် မြေလွတ်မြေရိုင်း ကုန်လုနီးပါးအထိ ရော်ဘာစိုက်ပျိုးသူ များ ပြားလာခဲ့ကြောင်း လှည်းကူးမြို့နယ်၊ မြန်မာ့နှစ်ရှည်သီးနှံလုပ်ငန်းမှ သိရသည်။ရော်ဘာတစ်ပေါင်၏ ဈေး နှုန်းသည် ယခင်နှစ်များက ကျပ် ၆ဝဝ မှ ကျပ် ၈ဝဝ အထိသာရှိခဲ့ပြီး ယခုနှစ်တွင် ကျပ် ၁၈ဝဝ အထိ မြင့် တက်ခဲ့သဖြင့် ယခင်သီဟိုဠ်ခြံစိုက် ပျိုးသူများကပါ ရော်ဘာစိုက်ပျိုးလာခဲ့ကြောင်း သိရသည်။
Sunday, 26 June 2011
ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံမည့် သြစတေးလျ နိုင်ငံခြားရေးဝန်ကြီး
သြစတေးလျ နိုင်ငံခြားရေးဝန်ကြီး Kevin Rudd (သြစတေးလျဝန်ကြီးချုပ်ဟောင်း) ဟာ လာမယ့်သီတင်းပတ် အတွင်း မြန်မာနိုင်ငံကို သွားရောက်ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ ခေါင်းဆောင် တွေအပြင် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
Saturday, 25 June 2011
ဆစ်ဒနီမြို့ တော် အပိုင်း (၆)
ဆစ်ဒနီအော်ပရာဟောက်(စ်)
ဆစ်ဒနီအော်ပရာဟောက်(စ်)ရဲ့ ဒီဇိုင်းကိုတော့ ဒိန်းမတ်လူမျိုးဗိသုကာပညာရှင် Joern Utzon ကနေရေးဆွဲပါတယ်။ သူဟာ ကောင်းကင်မှာ နေရွေ့ရှားနေချိန်တိုင်းမှာ ဆစ်ဒနီအော်ပရာဟောက်ရဲ့ အရောင်တွေ၊ ထူးခြားတဲ့သွင်ပြင်တွေရဲ့ အချိန်နဲ့ အမျှ လိုက်လျောညီထွေဖြစ်စေဖို့ ဒီဇိုင်းကို ဖန်တီးရေးဆွဲခဲ့ပါတယ်။ လူတိုင်းကို အော်ပရာဟောက်ကနေပြီးတော့ ဆွဲဆောင်စေချင်ခဲ့တာပါတယ်။
Saturday, 18 June 2011
ငါ့ကိုခြောက်တဲ့ စာမေးပွဲတစ္ဆေ
E-mail Print PDF
‘‘စာ​ေ​မး​ပြဲ​ဆို​တာ ဘယ​္ေ​လာက္ပဲ​ျ​ပင္ဆင္လာ​တယ္ဆို​ဆို ေ​ၾ​ကာက္ကိုေ​ၾ​ကာက္တ​ယ်။ဘာြ​ကာ​င့်​လဲဆိုတော့ အေ​တာ်​ဆုံး​ဆို​တဲ့ သူ​ေ​တြေ​ျ​ဖ​ဖို​႔ ေ​တာ​္ခ်င္မွေ​တာ်​မ​ယ့်​သူ​ေ​တြ​က ေ​မး​ခြ​န​္း​ထုတ္ထား​တာ
​ျ​ဖ​စ​္ေ​န​လို​႔​ပဲ’’
Charles Colton (1780-1832)
ၿ​ဗိ​တိ​သ​ၽွ​ဘု​န​္းေ​တာ​္​ႀ​ကီး​စာ​ေ​ရး​ဆရာ
ဖတ္ဖူးတဲ့စာမးပြဲ
ဦး​သက်ထွ​န်း​က ယ​ခ​င်ြ​မို့​​မကျော​င်း၊ ယခု အထ​က (၂) ဒ​ဂုံ​မှာ ကျော​င်း​တက်ခဲ့​တ​ယ်။ စာ​လ​ည်း အေ​တာ​္ေ​လး​ေ​တာ်​သူြ​ဖ​စ်ြ​ပီး သူြ​ဖစ်ချင်တာ​က ဆရာ​ဝ​န်။ ဒါေ​ပ​မ​ယ့် ဘယ်ဘာ​သာ​တွဲေ​တွ​ယူ​ရ​မှ​န်း​မ​သိ​လို့​ ပါဠိ​ဘာသာ​တွဲ​ယူြ​ပီး ဆယ်တ​န်းေ​အာင်လာ​တယ်။ ကျော​င်း​အု​ပ်ြ​ကီး​က ပါဠိ​တွဲ​နဲ့​ ဆရာ​ဝန်လို​င်း​တက်လို့​​မ​ရ​ဘူး​ဆို​ေ​တာ့ ေ​နာက္ထပ္တ​စ်နှ​စ် ဆယ်တ​န်း ပြ​န်ေ​နတ​ယ်။ ဘိုင်အိုြ​ပန်ယူ​တ​ယ်။ စာေ​မး​ပွဲြ​ပ​န်ြေ​ဖ​တ​ယ်။ေ​အာင်တ​ယ်။ ဆရာ​ဝန်လို​င်း​တက်ခွ​င့်ြ​ပန်ရ​တ​ယ်။
Friday, 10 June 2011
Eleven Media Group ၏(၁၁)နှစ်ပြည့် အခမ်းအနား၌ EMG ၏ Chairman & CEO ဒေါက်တာ သန်းထွဋ်အောင်၏ ပြောကြားချက်
အားလုံးမင်္ဂလာပါ။ ဒီပွဲကို လာရောက်ချီးမြှင့်တဲ့အတွက် အားလုံးကိုကျေးဇူး အထူးတင်ပါတယ်။ ဒီနှစ် ၂၀၁၁ ခုနှစ်ဟာ ၁ ဂဏန်းတွေအတွက် ထူးခြားတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ ၁-၁-၁၁၊ ၁၁-၁-၁၁၊ ၁-၁၁-၁၁၊
အောက်ပြည်သားများ ငါးပုံတပုံခန့် ဆီးချိုတွေ့ (လှည်းကူးသားများ ပိုမို သတိထားရန် တင်ပြပါသည်။)
ကိုပေါက် | ကြာသပတေးနေ့၊ ဇွန်လ ၀၉ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၀၃ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံ အောက်ပိုင်းတွင် ဆီးချိုရောဂါ ဖြစ်ပွားမှာ ၁၉.၁ ရာခိုင်နှုန်းရှိပြီး မြို့နေလူထု ၁၁.၈ ရာခိုင်နှုန်းနှင့် တောနေလူထု ၇.၃ ရာခိုင်နှုန်းတွင် ဆီးချိုရောဂါ တွေ့ရကြောင်း မြန်မာနှင့် ကုလသမဂ္ဂ ကျန်းမာရေး အဖွဲ့များ ပူးတွဲ စစ်တမ်းတခုအရ သိရသည်။
Thursday, 9 June 2011
ဆစ်ဒနီမြို့တော် (အပိုင်း ၅)
ဆစ်ဒနီသူ၊ ဆစ်ဒနီသား
ဆစ်ဒနီသူ၊ ဆစ်ဒနီသားတွေဟာ Sydneysiders ဟု လူသိများ ထင်ရှားပါတယ်။ သူတို့တွေဟာ ကွဲပြားခြားနားတဲ့ လူမျိုးစုနောက်ခံတွေကတဆင့် လာကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အများသုံးစကားကတော့ ချွှဲချွှဲပျစ်ပျစ်ပြောရတဲ့ အင်္ဂလိပ်စကားပါပဲ။ အစောပိုင်း အခြေချသူတွေရဲ့ မူလနေရာဖြစ်တဲ့ အင်္ဂလန်အရှေ့ပိုင်းမှာပြောတဲ့ Cockney စကားတော်တော်များများကို ချေးငှါးထားတာပါ။
လှည်းကူးမြို့နယ်ရှိ ၀က်ခြံများတွင် ၀က်နားရွက်ပြာရောဂါ စတင်ကူးစက်နေပြီ
ဧရာဝတီ Wednesday, 08 June 2011 17:38
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ ၀က်ခြံများတွင် ၀က်နားရွက်ပြာရောဂါ စတင်ကူးစက်နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူတဦးက အတည်ပြု ပြောဆိုလိုက်သည်။
Saturday, 4 June 2011
ဆစ်ဒနီမြို့တော် အပိုင်း (၄)
၂၀-ရာစု အစောပိုင်းက ဆစ်ဒနီ
၁၉၀၁ ခုနှစ်မှာတော့ သင်္ဘောများဟာ ဆိပ်ကမ်းတံတားတွေရဲ့ ၂၃မိုင် (၃၇ကီလိုမီတာ) အတွင်းမှာ ကုန်ပစ္စည်းများကို တင်ချနိုင်ခဲ့ကြပါတယ်။ ဆစ်ဒနီသားတွေဟာ ပထမကမ္ဘာစစ်တုံးက ဗြိတိသျှအင်ပါယာအတွက် စစ်တိုက်ခဲ့ကြရာ ၁၉၁၅ မှ ၁၉၁၆ အတွင်း တူရကီနိုင်ငံ၊ Gallipoli Peninsula မှာဖြစ်ပွားတဲ့ ပြင်းထန်တဲ့ တိုက်ပွဲမှာ အကျအရှုံး တော်တော်များခဲ့ပါတယ်။
Thursday, 2 June 2011
ဆစ်ဒနီမြို့ တော် အပိုင်း (၃)
                                       (ဆစ်ဒနီဟာဘာအနီး ရှု့ခင်းတစ်နေရာပုံ)
ဆစ်ဒနီမြို့ရဲ့တိုးတတ်လာမှု့
ဆစ်ဒနီကို အကျဉ်းသားတွေ နောက်ဆုံးအသုတ်ရောက်လာတာကတော့ ၁၈၄၀ မှာပါ။ ၁၈၃၂ မှ ၁၈၅၁ အထိ ဗြိတိသျှအစိုးရက သြစတေးလျမှာ အခြေချမယ့် သူ့နိုင်ငံသားတွေကို ငွေကြေးနဲ့ အကူအညီပေးခဲ့ပါတယ်။ ဒါကြောင့် ဆစ်ဒနီမှာရှိတဲ့ ဗြိတိသျှလူမျိုးတွေဟာ ၁၈၆၁ မှာ ၉၅၀၀၀၊ ၁၈၉၁ မှာ ၃၉၉၀၀၀၊ ၁၉၅၂ မှာ လူဦရေ (၁)သန်းကျော်ခဲ့ပြီး ၁၉၆၃မှာတော့ (၂)သန်းကျော်ခဲ့ပါတယ်။ ယခုလက်ရှိမှာတော့ လူဦးရေ (၄)သန်းကျော်နေပါပြီ။