Saturday, 4 June 2011

ဆစ်ဒနီမြို့တော် အပိုင်း (၄)

၂၀-ရာစု အစောပိုင်းက ဆစ်ဒနီ

၁၉၀၁ ခုနှစ်မှာတော့ သင်္ဘောများဟာ ဆိပ်ကမ်းတံတားတွေရဲ့ ၂၃မိုင် (၃၇ကီလိုမီတာ) အတွင်းမှာ ကုန်ပစ္စည်းများကို တင်ချနိုင်ခဲ့ကြပါတယ်။ ဆစ်ဒနီသားတွေဟာ ပထမကမ္ဘာစစ်တုံးက ဗြိတိသျှအင်ပါယာအတွက် စစ်တိုက်ခဲ့ကြရာ ၁၉၁၅ မှ ၁၉၁၆ အတွင်း တူရကီနိုင်ငံ၊ Gallipoli Peninsula မှာဖြစ်ပွားတဲ့ ပြင်းထန်တဲ့ တိုက်ပွဲမှာ အကျအရှုံး တော်တော်များခဲ့ပါတယ်။




 ၁၉၂၀လောက်မှ ၁၉၃၀လောက်အထိ ဖြစ်ပေါ်ခဲ့တဲ့ ကမ္ဘာတစ်ဝန်း စီးပွားရေးပြဿနာတွေရဲ့ အတောအတွင်းမှာ ဆစ်ဒနီဟာ ဒုက္ခအကြီးအကျယ်ရောက်ခဲ့ရပါတယ်။ ဘဏ်တွေရဲ့ ငွေကြေးခ၀ါချမှု အပါအ၀င် ပြဿနာတွေရဲ့ ကြားထဲမှာ သြစတေးလျရဲ့ စက်မှု့လုပ်ငန်းများ လဲပြိုကျခဲ့ရပါတယ်။ ယင်းရဲ့ဆိုးရွားတဲ့ အကျိုးဆက်တွေကြောင့် သြစီမှာ အလုပ်လက်မဲ့တွေ တိုးပွားလာခဲ့ရပါတယ်။ နိုင်ငံသား တော်တော် များများဟာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အစားအစာလည်း ရှားပါးခဲ့ပါတယ်။

လေကြောင်းခရီးဆက်သွယ်ရေးကို ၁၉၃၀ပြည့်နှစ်လောက်မှာ စတင်ပျံသန်းပေးခဲ့တာကြောင့် ဗြိတိန်ကနေ သြစီကို လာလည်ချင်သူတွေအတွက် တော်တော်လေးကို လွယ်ကူသွားစေခဲ့ပါတယ်။ ဥရောပမှလာတဲ့ သင်္ဘောတွေကတော့ City Certre အနီးက Rose Bay မှာ ကမ်းကပ်ရပ်နားကြပါတယ်။ ဒုတိယကမ္ဘာစစ် (၁၉၃၉-၁၉၄၅) အတွင်းမှာတော့ ဂျပန်ဟာ အရှေ့တောင်-အာရှဒေသတွင်းက အိမ်နီးနားချင်းနိုင်ငံတွေကို ကျူးကျော်သိမ်းပိုက်ခဲ့တာကြောင့် သြစီဟာ မိမိနိုင်ငံအသက်ရှင်ရပ်တည်နိုင်ရေးအတွက် ဂျပန်ကို တိုက်ခိုက်ခဲ့ရပါတယ်။

မော်ဒန်ဆစ်ဒနီကို မွေးဖွားခြင်း

၁၉၄၇ မှာတော့ စစ်ဒဏ်ကြောင့် အိုးအိမ်မဲ့ခဲ့ရတဲ့ ဥရောပတိုက်သားတွေဟာ ဆစ်ဒနီမှာ အခြေချဖို့ ရောက်ရှိလာခဲ့ကြပါတယ်။ ဥရောပသားတွေရဲ့ ရောက်ရှိလာမှု့ဟာ ဗြိတိသျှတွေနီးပါးကို အရေအတွက် များလာခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒုတိယကမ္ဘာစစ်ကတော့ ဆစ်ဒနီရဲ့ မြင်ကွင်းကို ဖေါ်ထုတ်ပေးခဲ့ပါတယ်။

(ပထမကမ္ဘာစစ်တုံးက ကျဆုံးခဲ့တဲ့ သြစီ နှင့် နယူးဇီလန်စစ်သားများအတွက် Hyde Park အတွင်းက Anzac Memorial Building အဆောက်အဦးပုံ။)

ဗြိတိန်ကနေ ပစိဖိတ်သမုဒ္ဒရာရဲ့ အပေါ်မှာတည်နေတဲ့ ပထ၀ီ မြေနေရာအထအထိပေါ့။ အရှေ့တောင်အာရှဒေသကို ကိုလိုနီအဖြစ်ကနေ ဥရောပသားတွေရဲ့ အာဏာ၊ ပါဝါတွေ ရုတ်သိမ်းအပြီးနဲ့ ဒုတိယကမ္ဘာစစ်အပြီး အချိန်လောက်မှာ  Pacific Rim လို့လူသိများတဲ့ ဒီဒေသရဲ့စီးပွားရေးဟာ အရမ်းကို အောင်မြင် လာခဲ့ပါတယ်။ ၁၉၅၀နဲ့ ၁၉၆၀ လောက်မှာ ဂျပန် နဲ့ ထိုင်ဝမ်တို့နှင့်၎င်း၊ ၁၉၆၀ နဲ့ ၁၉၇၀လောက်မှာ တောင်ကိုရီးယားနှင့်၎င်း ကျယ်ပြန့်ပြီး ကြီးမားလှတဲ့ စီးပွားရေးလုပ်ခဲ့သလို ဟောင်ကောင်၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ တရုတ်တို့နဲ့ပါ ကုန်သွယ်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး သြစတေးလျနိုင်ငံရဲ့ စီးပွားရေးဟာ ဦးမော့လာခဲ့ပါတယ်။

သြစတေးလျဟာ အရမ်းလွတ်လပ်မှု့နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်အပြည့်ရှိတဲ့ နိုင်ငံအဖြစ် ပေါ်ထွက်လာခဲ့ရုံမက ဗြိတိသျှကချည်နောင်ထားတဲ့ နိုင်ငံရေးပိုင်းဆိုင်ရာ၊ ဥပဒေဆိုင်ရာတွေမှာ တဖြည်းဖြည်းချင်း လျှော့ချလာနိုင်ခဲ့ပါတယ်။

၁၉၆၀ပြည့်နှစ်လောက်မှာတော့ သြစီမှ ဗီယက်နမ်စစ်ပွဲဆီသို့ စစ်သားများကို ပို့ဆောင်ခဲ့ပါတယ်။ ယင်းစစ်ပွဲမှ ဒုက္ခရောက်သူများကို ဆစ်ဒနီလမ်းမများဆီသို့ ရွှေ့ပြောင်းပေးခဲ့ကြပါတယ်။ ယင်းစစ်ပွဲနှင့် အရှေ့တောင်အာရှဒေသမှ အဓိကရုဏ်းများကြောင့် အာရှဒေသမှ ပြောင်းရွေ့အချေချသူများ သြစီသို့ရောက်ရှိလာခဲ့ကြပါတယ်။ ဥပမာအားဖြင့် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဟောင်ကောင်၊ ဖိလစ်ပိုင်နဲ့ မြန်မာတွေဟာ သူတို့ရဲ့ ယဉ်ကျေးမှု့ဓလေ့ထုံးစံတွေ၊ အစားအသောက်တွေကို ယူဆောင်လာခြင်းဖြင့် ယနေ့ခေတ် ဆစ်ဒနီဟာ Multicultural City အဖြစ် လျှင်မြန်စွာ ပြောင်းလဲခဲ့ရပါတယ်။

မောင်နေခြည် (လှည်းကူးမြေ)

ဆစ်ဒနီမြို့တော် အပိုင်း (၅) ကို ဆက်လက်တင်ပြပါမည်။

No comments: