Sunday, 26 June 2011

ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံမည့် သြစတေးလျ နိုင်ငံခြားရေးဝန်ကြီး

သြစတေးလျ နိုင်ငံခြားရေးဝန်ကြီး Kevin Rudd (သြစတေးလျဝန်ကြီးချုပ်ဟောင်း) ဟာ လာမယ့်သီတင်းပတ် အတွင်း မြန်မာနိုင်ငံကို သွားရောက်ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ ခေါင်းဆောင် တွေအပြင် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။



သူ့ရဲ့ ခရီးစဉ်အတွင်း သြစတြေလျနိုင်ငံရဲ့ ရပ်တည်ချက်ဖြစ်တဲ့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အပြင် အမျိုးသား ရင်ကြားစေ့ရေး ကိစ္စတွေကို တိုက်တွန်း ဆွေးနွေးသွားမယ်လို့ Mr. Kevin Rudd က ပြောပါတယ်။

ဒီခရီးစဉ်ဟာ ၂၀၀၂ ခုနှစ်မှ ၂၀၁၁ခုနှစ်အထိ ၉-နှစ်တာအတောအတွင်း သြစတေးလျနိုင်ငံခြားရေးဝန်ကြီးတစ်ဦးရဲ့ ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ သွားရောက်ခြင်းဖြစ်ပါတယ်။

သြစတြေလျနိုင်ငံဟာ မြန်မာနိုင်ငံက ဒုက္ခသည်တွေအရေးနဲ့ တခြား ဖွံ့ဖြိုးရေး စီမံကိန်းတွေမှာ နှစ်စဉ် အကူအညီပေးနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်က သြစတြေလျက ပေးတဲ့ အကူအညီဟာ သြစတေးလျဒေါ်လာ ၂၉ သန်းရှိရာက ဒီနှစ်အတွင်း သြစတေးလျဒေါ်လာ ၄၇ သန်းအထိ တိုးပြီး အကူအညီ ပေးခဲ့ပြီး လာမည့်နှစ်မှာ သြစတေးလျဒေါ်လာ သန်း ၅၀ထိတိုးပေးမယ်လို့ သိရပါတယ်။


(Herald Sun အင်တာနက်စာမျက်နှာမှ သတင်းကို ဘာသာပြန်ဖေါ်ပြပါသည်။)

No comments: