လှည်းကူးမြို့နယ်၊ အနောက်ဘက်ခြမ်းတွင် မြေလွတ်မြေရိုင်း ကုန်လုနီးပါးအထိ ရော်ဘာစိုက်ပျိုးသူ များ ပြားလာခဲ့ကြောင်း လှည်းကူးမြို့နယ်၊ မြန်မာ့နှစ်ရှည်သီးနှံလုပ်ငန်းမှ သိရသည်။ရော်ဘာတစ်ပေါင်၏ ဈေး နှုန်းသည် ယခင်နှစ်များက ကျပ် ၆ဝဝ မှ ကျပ် ၈ဝဝ အထိသာရှိခဲ့ပြီး ယခုနှစ်တွင် ကျပ် ၁၈ဝဝ အထိ မြင့် တက်ခဲ့သဖြင့် ယခင်သီဟိုဠ်ခြံစိုက် ပျိုးသူများကပါ ရော်ဘာစိုက်ပျိုးလာခဲ့ကြောင်း သိရသည်။
”အရင်ကဆို ရော်ဘာတစ်ပေါင်ကို ၆ဝဝ၊ ၇ဝဝ ရအောင်တောင် အသည်းအသန်ရောင်းရတာ။ဒီနှစ်ကျမှ ရော်ဘာတစ် ပေါင်ကို ကျပ်၁၈ဝဝအထိ မြင့်တက်ခဲ့တာပါ။ အခုနောက်ပိုင်း ဒေါ်လာဈေးကျတဲ့အတွက် ရော်ဘာတစ် ပေါင်ကို ၁၄ဝဝ၊ ၁၅ဝဝ ဖြစ်သွားတယ်။ ဒါပေမဲ့ ရော်ဘာတစ်ပေါင်ရဲ့ ထုတ်လုပ်မှုစရိတ်ကတော့ လိုက်နေ တုန်းပါပဲ။ ဒါကြောင့် အားလုံးကရော်ဘာကိုပဲ စိုက်လာကြတယ်။ လှည်းကူးမြို့နယ်မှာ မြေလွတ်မြေရိုင်း ဧက ၇ သောင်းကျော်ရှိတာ ရော်ဘာစိုက်ဖို့ လုပ်ပိုင်ခွင့်ကျပြီး တော်တော်များများ စိုက်နေကြပါပြီ။ တချို့က ရော်ဘာမျိုးမှားပြီး ပြန်စိုက်တာရှိတယ်။ တချို့ကျတော့လည်း မစိုက်ဖြစ်သေးတာတွေလည်း ရှိနေ သေးတယ်”ဟု လှည်းကူးမြို့နယ်၊ မြန်မာ့နှစ်ရှည်သီးနှံလုပ်ငန်း မြို့နယ်မန်နေဂျာ ဦးကျော်ဝင်းက ပြော သည်။ရော်ဘာပင်တစ်ပင်သည် မြေကြီးမှ အမြင့်နှင့်လုံးပတ်လက်မ ၂ဝ ရှိလျှင် အစေးထုတ်ယူနိုင်ပြီး ထိုအရွယ်သို့ ရောက်ရန်အတွက် နည်းပညာပိုင်း၊ မျိုးရွေးချယ်မှုပိုင်း၊ ဂရုစိုက်မှုပိုင်းတို့ပေါ်တွင် မူတည်သဖြင့် နှစ်ကာလကြာမြင့်မှု ကွာခြားသွားတတ်ကြောင်း၊ မြန်မာ နိုင်ငံတွင် ရော်ဘာတစ်ဧကလျှင် ပေါင် ၁ဝဝဝ နှင့် ၁၂ဝဝ ကြားထွက်လေ့ရှိကြောင်း သိရသည်။”မြန်မာနိုင်ငံမှာက မိုးများတဲ့အတွက် ရော်ဘာအစေးထုတ်ယူတာကို မိုးရာသီ ၄ လနားရတယ်။ တကယ်လို့သာ မိုးမများဘဲ ၉ လ၊ ၁ဝ လလောက်သာလှီးရရင် ဒီထက်အထွက်နှုန်းတိုးတာပေါ့။ ရော်ဘာ ဈေးကောင်းတော့ ရော်ဘာစိုက်ပျိုး သူတွေအတွက် တွက်ခြေကိုက်သလို ရော်ဘာခြံအလုပ်သမားတွေအတွက်လည်း အဆင်ပြေပါတယ်။ ဒီနှစ်ရော်ဘာဈေးကောင်းလို့ မြေလွတ်မြေရိုင်းမှန်သမျှကို တိုးချဲ့ စိုက်ပျိုးလာကြတာ ပျိုးပင်တောင် ရောင်းမလောက်ဖြစ်ခဲ့ရတယ်” ဟု ဦးကျော်ဝင်းက ဆက်လက်ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ရော်ဘာစိုက်ပျိုးမှုများကို ၁၉၉၄-၉၅ ခုနှစ်မှစ၍ စီမံကိန်းဇုန် ၃ ခု သတ်မှတ်ကာ စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး လက်ရှိအခြေအနေတွင် မည်သည့်ကုမ္ပဏီနှင့်မဆို လွတ်လွတ်လပ်လပ် ရောင်းချနိုင် ကြောင်း၊ လုပ်ငန်းရှင်များက ကိုယ်စားလှယ်အေးဂျင့်များဖွင့်၍ ရော်ဘာများကို လိုက်လံဝယ်ယူပြီး တရုတ်နိုင်ငံသို့ မူဆယ်လမ်းမှ တိုက်ရိုက်တင်ပို့မှု အများဆုံးဖြစ် ကြောင်း သိရသည်။
မင်းချစ်နိုင်
(ပေါ်ပြူလာဂျာနယ်မှကူးယူဖေါ်ပြပါသည်။)
No comments:
Post a Comment