သိပ္ပံပညာရှင်တွေဟာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်ပြီး လူ့သက်တမ်းကို (၁၀)နှစ်ကျော် ပိုပြီးရှည်စေနိုင်မည့် ဆေးသစ်တစ်မျိုးကို ချီလီနိုင်ငံပိုင် ကျွန်းတစ်ကျွန်းဖြစ်တဲ့ Easter Island မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အမြဲတမ်း နုပျိုဆေး- ဟုခေါ်တွင်တဲ့ Rapamycin ဆေးကို Easter Island မှာရှိတဲ့ မြေကြီးတမျိုးထဲမှာ တွေ့ရှိရတဲ့ ဓာတုဗေဒပစ္စည်းတမျိုးမှ ထုတ်လုပ်ပါတယ်။ ၄င်းဆေးကို ကမ္ဘာပေါ်ရှိ ခလေးအချို့မှာ ခံစားနေရတဲ့ Hutchinson-Gilford Progeria Syndrome (HGPS) ရောဂါအတွက် အသုံးပြူနိုင်ကြောင်း လက်တွေ့စမ်းသပ်မှု့များအရ တွေ့ရှိရပါတယ်။ ၄င်းရောဂါဟာ အလွန်ရှားပါးလှပြီး မျိုးဗီဇနှင့် ဆိုင်တဲ့ ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။ ယင်းရောဂါခံစားနေရတဲ့ ခလေးငယ်တို့မှာ အလွန်လျှင်မြန်စွာ အိုမင်းလာကြပြီး အသက် (၁၂) နှစ် ပတ်ဝန်းကျင်လောက်မှာ အိုမင်းရင့်ရော်လာမှု့ကြောင့် သေဆုံးကြရရှာပါတယ်။
ခန္ဓာကိုယ်မှာရှိတဲ့ Progerin ဟုခေါ်တဲ့ ပရိုတိန်းများက ခန္ဓာကိုယ်တွင်းရှိ ဆဲလ်များအားလုံးအတွင်းသို့ ၀င်ရောက်သွားမှု့ကြောင့် အရွယ်မတိုင်မီ အိုမင်းရင့်ရော်စေပြီး HGPS ရောဂါ ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။ Rapamycin ဟာ ဆဲလ်အတွင်းရှိ Progerin များကို အလျှင်အမြန် ဖယ်ရှားပေးနိုင်ပြီး ကျန်းမာသော ဆဲလ်များကိုသာ ချန်ထားခဲ့မည်ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စု နဲ့ Harvard Medical School တို့မှ သုတေသနပညာရှင်တို့ ပူးပေါင်းအဖွဲ့က ဒီဆေးကို HGPS တွင်သာမက သာမန်လူသားတို့၏ အိုမင်းရင့်ရော်ခြင်းအတွက်ပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်လေမလားဟု စတင်၍ လေ့လာနေကြပြီ ဖြစ်ပါတယ်။
Rapamycin ကို ကိုယ်အင်္ဂါ အစိတ်အပိုင်းများ အစားထိုးကုသမှု့တွင် လူနာ၏ immune system ကို ဟန့်တားစေရန် အသုံးပြုနေကြပြီ ဖြစ်ပါတယ်။
သုတေသနပြုရာမှာ ပါဝင်သူ တစ်ဦးဖြစ်သူ Dimitri Krainc ကတော့ - ဆဲလ်များနဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေရဲ့ သက်တမ်းကို ဒီဆေးက ပိုမိုပြီးတော့ ဆွဲဆန့်ထားနိုင်လိမ့်မယ်- ဟု ပြောကြားခဲ့ပါတယ်။
(The Telegraph- Friday 01 -July, 2011) မှ ဘာသာပြန်ဖေါ်ပြပါသည်။
မောင်နေခြည် (လှည်းကူးမြေ)
No comments:
Post a Comment