Thursday, 28 July 2011

အော်ရယ်ဘီ ခံတွင်း​သန့်​ဆေး​ရည် မသုံး​စွဲရန် နှိုး​ဆော်ချက် ထုတ်ပြန်

အော်ရယ်ဘီ (Oral-B) အမျိုး​အစား​ ခံတွင်း​သန့်​ဆေး​ရည်ကို မသုံး​စွဲဖို့​ ကျန်း​မာ​ရေး​ဝန်ကြီး​ဌာနက ဒီ​နေ့​ထုတ် ​ကြေး​မုံသတင်း​စာမှာ အသိ​ပေး​နှိုး​ဆော်ချက် ထုတ်ပြန်လိုက်ပါတယ်။

အော်ရယ်ဘီ ​ဆေး​ရည်ဟာ ကျန်း​မာ​ရေး​နဲ့​မညီညွတ်တဲ့​အပြင် ထုတ်လုပ်တဲ့​ကုမ္ပဏီကလည်း​ အဲဒီ ​ဆေး​ရည်ကို ပြန်သိမ်း​နေတာ​ကြောင့်​ မသုံး​သင့်​ဘူး​လို့​ နှိုး​ဆော်ချက်က ဆို​ပေမယ့်​ ကျန်း​မာ​ရေး​နဲ့​ ဘယ်လိုမညီညွတ်တာလဲဆိုတာကို​တော့​ နှိုး​ဆော်ချက်မှာ မ​ဖော်ပြထား​ပါဘူး​။

အော်ရယ်ဘီ ခံတွင်း​သန့်​ဆေး​ရည်ဟာ ဘယ်နိုင်ငံကထုတ်တာလဲ၊​ ဘာ​ကြောင့်​ကျန်း​မာ​ရေး​နဲ့​ မညီညွတ်တာလဲ၊​ ​အော်ရယ်ဘီ အမျိုး​အစား​ သွား​တိုက်​ဆေး​နဲ့​ သွား​ပွတ်တံ​တွေ​ရော ကျန်း​မာ​ရေး​နဲ့​ ညီညွတ်ရဲ့​လား​ ဆိုတာနဲ့​ပတ်သက်ပြီး​ အိန္ဒိယနိုင်ငံမှာ ယမုံနာ​ဆေး​ခန်း​ဖွင့်​ထား​ပြီး​ မြန်မာဒုက္ခသည်​တွေကို အခမဲ့​ဆေး​ကုသ​ပေး​နေတဲ့​ ​ဒေါက်တာတင့်​ဆွေကို ​မေး​မြန်း​ထား​ပါတယ်။

အော်ရယ်ဘီ ခံတွင်း​သန့်​ဆေး​ရည်နဲ့​ပတ်သက်ပြီး​ ကမ္ဘာမှာ သတင်း​စထွက်လာတဲ့​အ​ကြောင်း​ ​ဒေါက်တာတင့်​ဆွေက အခုလို ​ပြောပါတယ်။

ဒီသတင်း​ ကမ္ဘာမှာ စ​ပေါ်လာတာ ဇူလိုင် ၁၅ ကတည်း​က စပြီး​ ​ပေါ်လာတယ်ခင်ဗျ။ ဒီ အ​မေရိကန်နိုင်ငံမှာ ရှိတဲ့​ နိုင်ငံ​ပေါင်း​စုံ​ကော်ပို​ရေး​ရှင်း​ကြီး​ ဖြစ်တဲ့​ တီအန်ဂျီလို့​ ​ခေါ်ပါတယ်။ အဲဒီ ကုမ္ပဏီက​နေ ပြီး​တော့​ ပါး​စပ်နဲ့​ခံတွင်း​သန့်​ရှင်း​ရေး​ ပါး​စပ်​ဆေး​တဲ့​ ​ဆေး​ကို ပြန်​ခေါ်တယ်လို့​ ​ခေါ်တာ​ပေါ့​လေ။ ဝယ်သုံး​ပြီး​သား​လူ​တွေကို ပြန်ပို့​ပါ ဆိုပြီး​တော့​ သူတို့​ ​ကြေညာချက် ထုတ်တယ်ခင်ဗျ။ ဘာ​ကြောင့်​လဲဆို​တော့​ သူက အကုန်လုံး​ပို့​ပါလို့​ အတင်း​ခိုင်း​တာ​တော့​ မဟုတ်ဘဲနဲ့​ ပိုချင်တဲ့​လူ ပို့​ပါဆိုတဲ့​ သ​ဘောမျိုး​ ဖြစ်ပါတယ်။ အ​ကြောင်း​ပြချက်က​တော့​ ပါး​စပ်နဲ့​ ခံတွင်း​ဆေး​ရည်ထဲမှာ မလိုလား​အပ်တဲ့​ ဗက်တီး​ရီး​ယား​တွေရဲ့​ အ​ရေအတွက်ဟာ ပိုပြီး​တော့​ ပါ​နေတယ်​ပေါ့​လေ။ အဲဒါ​ကြောင့်​ အန္တရာယ် ရှိနိုင်စရာ ရှိတယ်ဆိုတဲ့​ ထင်မြင်ယူဆချက်အရ ဒီ ထုတ်ကုန်​တွေကို ပြန်ပြီး​တော့​ ပို့​ခိုင်း​ သွင်း​ခိုင်း​တာပဲခင်ဗျ။”

မလိုလား​အပ်တဲ့​ ဗက်တီး​ရီး​ယား​ဆိုတာ ခံတွင်း​ကင်ဆာ ဖြစ်​စေတာတို့​ ဘာတို့​လား​။

“အဲဒီလို​တော့​ မဟုတ်ဘူး​ခင်ဗျ။ ဗက်တီး​ရီး​ယား​ဆို​တော့​ infection ​ခေါ်တဲ့​ ​ရောဂါပိုး​ဝင်တာ ဖြစ်နိုင်တယ်။ ဒါ​ပေမယ့်​ ဖြစ်နိုင်တာကလည်း​ ပုံမှန် ကျန်း​မာ​ရေး​ ​ကောင်း​နေတဲ့​ လူ​တွေအတွက်​တော့​ မ​ထောင်း​သာဘူး​ပေါ့​လေ။ ကျန်း​မာ​ရေး​ အား​နည်း​နေတဲ့​အချိန် ကိုယ်ခံအား​နည်း​နေတဲ့​ လူ​တွေမှာ​တော့​ ဗက်တီး​ရီး​ယား​ပိုး​ဝင် တာ​တွေ ဖြစ်​စေနိုင်တယ်လို့​ သူတို့​ ယူဆတဲ့​အတွက် ဒီ အ​မေရိကန် အက်ဖ်ဒီ​အေ က​နေပြီး​တော့​ ​ကြောညာချက် ထုတ်တာ ဖြစ်ပါတယ် ခင်ဗျ။ အဲဒီ​တော့​ ဒီကုမ္ပဏီကလည်း​ ကုမ္ပဏီခွဲ​တွေရှိတယ်။ ဖိလစ်ပိုင်မှာလည်း​ ရှိတယ်၊​ ထိုင်း​မှာလည်း​ ရှိတယ်​ပေါ့​။ တကမ္ဘာလုံး​ အကျုံး​ဝင်တာ​ပေါ့​။”

ခံတွင်း​ဆေး​ရည်က​တော့​ သိပ်ပြဿနာ မရှိ​လောက်ဘူး​ ကျ​နော်တို့​ တိုင်း​ပြည်မှာ။ ​တော်​တော်တတ်နိုင်တဲ့​ လူမှ သုံး​တာကိုး​။ ခံတွင်း​နဲ့​ ပတ်သက်လို့​ သွား​ပွတ်တံတို့​၊​ သွား​တိုက်​ဆေး​တို့​….။

“အခုထိ​တော့​ အဲဒါ​တွေ မထွက်​သေး​ဘူး​ခင်ဗျ။ ​ဆေး​ရည်ကိုပဲ​ပေါ့​လေ။ သွား​တိုက်​ဆေး​တွေ၊​ သွား​တိုက်တံ​တွေကို​တော့​ မဟုတ်ဘူး​။ ​ဆေး​ရည်ထဲ ​ဖျော်စပ်တဲ့​အထဲမှာ သူတို့​ တခုခု ချို့​ယွင်း​သွား​ပုံ ရတယ်ခင်ဗျ။ လိုတာထက် ပိုတဲ့​ ဗက်တီး​ရီး​ယား​အ​ရေအတွက်ပါတယ်ဆို​တော့​ အခုထိက​တော့​ ဒီခံတွင်း​ဆေး​ရည် ကိုပဲ ထုတ်ပါ​သေး​တယ်ခင်ဗျ။ ကျန်တာ​တွေ​တော့​ အခုထိ​တော့​ မထုတ်​သေး​ပါဘူး​။”

အဲဒီ​တော့​ ဆရာ မသုံး​ရင် အ​ကောင်း​ဆုံး​ပေါ့​နော်။

“မသုံး​သင့်​ဘူး​ခင်ဗျ။ သူတို့​က​တော့​ ပို့​ချင် ပို့​ကြပါလို့​ ​ပြော​တော့​ ကျ​နော်တို့​ ကျန်း​မာ​ရေး​ရှု​ထောင်က ကြည့်​ရင်​တော့​ မသုံး​တာ အ​ကောင်း​ဆုံး​ပဲလို့​ ဆရာဝန်တ​ယောက်အ​နေနဲ့​ ညွှန်ချင်တယ်ခင်ဗျ။”

ဒီကိစ္စနဲ့​ ပတ်သက်လို့​ တခြား​ ဘာများ​ပြောချင်ပါ​သေး​လဲ။

“ဒီဟာကို တကယ်လို့​ ကျ​နော်တို့​ ဗမာနိုင်ငံမှာလည်း​ အဲဒီလို တား​ဆီး​မှု သို့​မဟုတ် သတိ​ပေး​ကြေညာမှု​တွေ ရှိရင်​တော့​ ​ကောင်း​တယ်ခင်ဗျ။ အဲဒီလို လုပ်ရင်​တော့​ ကျ​နော်တို့​နိုင်ငံရဲ့​ ကျန်း​မာ​ရေး​ဌာနကို ချီး​ကျူး​ရမှာပါ။ ဒီသတင်း​ ထွက်လာတာက အခုဆို ၁၂ ရက်​တောင် မရှိ​သေး​ဘူး​ပေါ့​လေ။ ကမ္ဘာနဲ့​အမီ လူထုရဲ့​ ကျန်း​မာ​ရေး​ကို သတိ​ပေး​နိုင်စွမ်း​ရှိရင်​တော့​ ဒါ ​ကောင်း​တယ်၊​ အဲဒီလိုလည်း​ လုပ်သင့်​တယ်လို့​ ယူဆတယ်။ ​နောင်လည်း​ပဲ အဲဒီလို လူထုကျန်း​မာ​ရေး​ ထိခိုက်မယ့်​ ဟာ​တွေကို သတိဝီရိယနဲ့​ ​နေ့​ညမပြတ် ကြည့်​ပြီး​တော့​ ပြည်သူလူထုကို ကျယ်ကျယ်ပြန့်​ပြန့်​ အသိ​ပေး​သင့်​တယ်လို့​ ယူဆပါတယ်ခင်ဗျ။”

From DVB NEWS

No comments: