Monday, 25 July 2011

သုံး​စီး​မြောက် ထိုင်း​ ရဟတ်ယာဉ်ပျက်ကျ၊​ သုံး​ဦး​သေဆုံး

ထိုင်း​ကြည်း​တပ်ပိုင် ဘလက်​ဟော့​ ရဟတ်ယာဉ် ပျက်ကျပြီး​နောက် မ​နေ့​က ထိုင်း​လေတပ်ပိုင် ဘဲလ်ရဟတ်ယာဉ် တစီး​ ထပ်မံပျက်ကျသွား​ပါတယ်။

ပျက်ကျသွား​တဲ့​ ဘဲလ် ၂၁၂ ရဟတ်ယာဉ်ဟာ ၁၉ ရက်​နေ့​က ပျက်ကျတဲ့​ ဘလက်​ဟော့​ ရဟတ်ယာဉ်က ရုပ်အ​လောင်း​တွေကိုသယ်ဖို့​ဘန်​ကောက်က​နေ ကဲန်ကကျန် သစ်​တောကိုအသွား​ မ​နေ့​က မနက် ၉ နာရီ မိနစ် ၄၀ ​လောက်မှာ ပျက်ကျခဲ့​တာဖြစ်​ကြောင်း​ ​မြေပြင်ဆက်သွယ်​ရေး​စခန်း​က ​ပြောတယ်လို့​ ထိုင်း​ရုပ်သံသတင်း​ဌာန channel 9 က ​ကြေညာသွား​ပါတယ်။


တောထဲပျက်ကျသွား​တဲ့​ အဲဒီရဟတ်ယာဉ်ဆီကို ​ဒေသခံရွာသား​ ကရင်ဦး​ကြီး​တ​ယောက်နဲ့​ သူ့​ရဲ့​ သမီး​တ​ယောက်က အရင်ဆုံး​ရောက်ရှိသွား​ပြီး​ ရဟတ်ယာဉ်​ဘေး​မှာ လွင့်​ကျ​နေတဲ့​ ယာဉ်မှူး​ ၂ ဦး​အနက် တဦး​ကို မီး​ဘေး​က ကယ်ဆယ်နိုင်ခဲ့​တယ်လို့​ သတင်း​က ဆိုပါတယ်။
ကရင်ဦး​ကြီး​က “နှစ်​ယောက် ထွက်ကျ​နေတာကို ​တွေ့​ရတယ်။ ရဟတ်ယာဉ်ကို မီး​တဟုန်း​ဟုန်း​လောင်​နေပြီ။ အပြင်ဘက်ကိုကျလာတဲ့​ လူတ​ယောက်ကို မီး​တောက်နဲ့​ ​ဝေး​တဲ့​နေရာကို တို့​သား​အဖနှစ်​ယောက် ဆွဲထုတ်လာခဲ့​တယ်။ သူက သတိ ​ကောင်း​နေတုန်း​ပဲ အသက်မ​သေတာ ​တွေ့​ရလို့​ဝမ်း​သာပါတယ်” လို့​ channel 9 ကို ​ပြောကြား​ပါတယ်။

ဘဲလ် ၂၁၂ ရဟတ်ယာဉ်နဲ့​ ပါသွား​သူ ၄ ဦး​အနက် ​လေယာဉ်မှူး​ ၃ ဦး​ ​သေဆုံး​ပြီး​ ၁ ဦး​ လွတ်​မြောက်လာတာဖြစ်ပါတယ်။ လွတ်ဘူရီခရိုင် ပျံသန်း​ရေး​စခန်း​ဌာနချုပ်မှူး​က ခုတကြိမ် ပျက်ကျတာနဲ့​ ပတ်သက်ပြီး​ ထိုင်း​ရုပ်သံသတင်း​ဌာန တီပီဘီအက်စ်ရဲ ​မေး​မြန်း​ချက်ကို ခုလို ​ဖြေကြား​သွား​ပါတယ်။

“ပျက်ကျနိုင်တဲ့​ အချက်က သုံး​ချက်ရှိတယ်။ လူချို့​ယွင်း​ချက် ဒါမှမဟုတ် မိုး​လေဝသ အ​ခြေအ​နေ ဆိုး​ဝါး​လို့​ ပြီး​တော့​ ပတ်ဝန်း​ကျင်​ပေါ့​။ ခုတစီး​ ပျက်ကျတာက စက်ချို့​ယွင်း​မှု​ကြောင့်​ ဖြစ်ဖို့​များ​တယ်။”
ထိုင်း​ ရဟတ်ယာဉ် ၃ စီး​ ပျက်ကျခဲ့​တဲ့​ ထိုင်း​နိုင်ငံ​တောင်ပိုင်း​ ရာ့​ခ်ျဘူရီခရိုင်နဲ့​ ဖက်ခ်ျဘူရီခရိုင်က ကဲန်ကကျန်ကြိုး​ဝိုင်း​ ​ဒေသဟာ မြန်မာပြည်ဘက်က ထား​ဝယ်နဲ့​ မြိတ်ခရိုင်မှာရှိပြီး​ ​ပေ သုံး​ထောင်​ကျော်မြင့်​တဲ့​ တနင်္သာရီ​တောင်တန်း​ဒေသနဲ့​ ဆက်စပ်​နေတာ ဖြစ်ပါတယ်။

ထိုင်း​ သစ်ထုတ်လုပ်​ရေး​ ကုမ္ပဏီတချို့​ရဲ့​ မသမာမှု​ကြောင့်​ ​တော​တွေပြုန်း​တီး​နေမှုကို ကင်း​လှည့်​ကြည့်​ရှုရင်း​ ရဟတ်ယာဉ်​တွေ ခုလို ပျက်ကျတာ ဖြစ်တယ်လို့​ ထိုင်း​မီဒီယာ​တွေက ​ပြောပါတယ်။

ဒီရဟတ်ယာဉ်​တွေ ဆက်တိုက် ပျက်ကျ​နေမှုနဲ့​ ပတ်သက်ပြီး​ ​လေယာဉ်မှူး​တွေကို အပြစ်မမြင်ကြဘဲ အား​ပေး​ဖေး​မကြဖို့​ ထိုင်း​စစ်ဦး​စီး​ချုပ် ဗိုလ်ချုပ်ကြီး​ ပရာယွတ် ကျန်အိုချာက မီဒီယာက​နေတဆင့်​ တနိုင်ငံလုံး​ကို ​မေတ္တာရပ်ခံခဲ့​ပါတယ်။

သေဆုံး​သူ တပ်မှူး​တပ်သား​ အား​လုံး​ကို ရာထူး​နဲ့​ ခံစား​ခွင့်​ မြှင့်​တင်​ပေး​လိုက်တဲ့​အပြင် သူတို့​ရဲ့​ သား​သမီး​တွေအား​လုံး​ အစိုး​ရအမှုထမ်း​လိုက ထမ်း​ပိုင်ခွင့်​ ​ပေး​လိုက်တယ်လို့​ ထိုင်း​မီဒီယာ​တွေမှာ ​ဖော်ပြပါတယ်။

ဇူလိုင် ၁၆ ရက်မှာ ယူအိ​ခေါ် ပထမဆုံး​ရဟတ်ယာဉ်ဟာ နယ်စပ်သစ်​တော​တွေအ​ပေါ် ကင်း​လှည့်​ပျံသန်း​ကြည့်​ရှုရာက​နေ ပျက်ကျခဲ့​တာဖြစ်ပြီး​ အဲဒီရဟတ်ယာဉ်က ​သေဆုံး​သူ ၅ ဦး​ကို သယ်ယူဖို့​သွား​တဲ့​ ဘလက်​ဟော့​ကလည်း​ ဇူလိုင် ၁၉ ရက်မှာ ပျက်ကျခဲ့​တာဖြစ်ပါတယ်။ ခု​နောက်ဆုံး​ ဘဲလ် ၂၁၂ ရဟတ်ယာဉ်နဲ့​ ​ပေါင်း​လိုက်ရင် ​သေဆုံး​သူ စုစု​ပေါင်း​ ၁ရ ဦး​ ဖြစ်ပါတယ်။

DVB မှ ကူးယူဖေါ်ပြပါသည်။

No comments: