လှည်းကူးမြို့နယ်ရှိ ဂျီအီးစီ (ပညာရေး)အသင်းသားများ၏ ပညာ ရေးဝန်ထမ်းများအား ချေးငွေပေးအပ် ပွဲ အခမ်းအနားကို လှည်းကူးမြို့ နယ်၊ မူလွန်ကျောင်း၌ နံနက် ၉ နာရီတွင် ကျင်းပခဲ့ရာ အသင်းသား ပညာရေးဝန်ထမ်းများအား တစ်ဦး လျှင် ကျပ်တစ်သိန်းစီဖြင့် ဆရာ၊ ဆရာမ အယောက် ၁ဝဝ အား ချေးငွေထုတ်ပေးခဲ့ကြောင်းသိရသည်။ ”ကျောင်းဖွင့်ခါစက ကျောင်း ကုန်ကျ စရိတ်တွေကို သူများဆီ က ချေးပြီးသုံးထားရတာ။ အပြင်မှာ ချေးတော့ အတိုးလည်း များတယ်။ ခု ဒီမှာ ချေးတာက အဲဒီကို ပြန်ဆပ် မလို့ပါ။ ဒီအသင်းမှာ ချေးတာက အတိုးနှုန်းလည်း သက်သာပါတယ်” ဟု ငွေချေးသူဆရာမတစ်ဦးက ပြောသည်။ အင်းစိန်မြို့နယ်ရှိ ပညာရေး ဝန် ထမ်းများအား သိန်း ၇ဝ၊ ရွှေပြည် သာမြို့နယ်ရှိ ပညာရေးဝန်ထမ်းများ အား သိန်း ၅ဝ ချေးပေး ခဲ့ပြီးဖြစ် ကြောင်း သိရသည်။ ၄င်းချေးထားသော ငွေများ အား ၁ဝ လအတွင်း အရစ်ကျ ပြန်ဆပ်ရမည်ဖြစ်ပြီး ပြီးသွားလျှင် နောက်တစ်ရစ်ထပ်ချေးနိုင်ကြောင်း အင်းစိန်ခရိုင် ဂျီအီးစီ(ပညာရေး) ဒါ ရိုက်တာအဖွဲ့ဝင်အတွင်းရေးမှူး ဦးစိုးဝင်းက ပြောသည်။
ဇင်မို့မို့အေး
Popular Journal မှ ကူးယူဖေါ်ပြပါသည်။
No comments:
Post a Comment