Sunday, 18 December 2011

ဆစ်ဒနီမြို့တွင်း၊မြို့ပြင်ကို Sightseeing Bus နဲ့ခရီးသွားခြင်း

ခရစ်စမတ်နဲ့ နှစ်သစ်ကူးအားလပ်ရက်အဖြစ် ကျောင်း (၂)လ ကျော်ပိတ်လို့ ခရီးတစ်ခုသွားဖို့ စီစဉ်ခဲ့ပါတယ်။ ဒါနဲပဲ အင်တာနက်ထဲမှာ ဟိုရှာဒီရှာ အလုပ်များခဲ့ရပါတယ်။ ခရီးစရိတ်လဲ သက်သာရမယ်၊ ကိုယ်မရောက်ဘူးတဲ့ ဒေသတွေကိုလဲ အနှံ့ရောက်ရမယ် ဆိုတဲ့ အဓိကရည်ရွယ်ချက်နဲ့ပေါ့။ ကျောင်းတက်ရတာလဲ အဆိုင်းမင့်တွေက တအားများတော့ စိတ်ပြေလက်ပျောက် သဘော၊ အနားယူတဲ့သဘောလဲပါပါတယ်။


(Sightseeing Bus ကို မစီးမီပေါ့)
ဒါနဲ့ အင်တာနက်ထဲကနေ Sightseeing Bus နဲ့ ဆစ်ဒနီမြို့တွင်း၊မြို့ပြင်ကို ဈေးသက်သက်သာသာနဲ့ သွားနိုင်တဲ့ အစီအစဉ်တစ်ခုကို တွေ့မိတာပါ။ ဒီလိုနဲ့ Sightseeing Bus နဲ့ ခရီးသွားဖြစ်လိုက်ပါတယ်။ Sightseeing Bus စထွက်တာကတော့ Central Station ကပါ။ ဒီလိုနဲ့ Central Station ကို မီးရထားစီပြီးသွားလိုက်ပါတယ်။ လက်မှတ်ခက လူကြီးတစ်ယောက်လျှင် (၃၅) ဒေါ်လာနှုန်းကျသင့်ပေမယ့် စာရေးသူက ကျောင်းသားဖြစ်လေတော့ (၃၀)ဒေါ်လာပဲပေးရပါတယ်။ Sydney Tour နဲ့ Bondi Tour ဆိုပြီး ခရီးလမ်းကြောင်း ၂-ခုရှိပေမယ့် အခုဝယ်ထားတဲ့ လက်မှတ်က တစ်စောင်ထဲနဲ့ ခရီး ၂-ခုကို ၂၄-နာရီအတွင်း အတက်အဆင်းကြိုက်သလောက်လုပ်နိုင်ပါတယ်။


(Sightseeing Bus မှ ကားစပယာနှင့် အမှတ်တရ)


Sydney Tour မှာ ကားရပ်နားမည့်နေရာ ၂၄-ခု ရှိပြီးတော့ Bondi Tour ကတော့ ကားရပ်နားမည့်နေရာ ၁၀-နေရာရှိပါတယ်။ စုစုပေါင်း ၃၄-နေရာရှိပါတယ်။ ဒီနေရာတွေကို ကိုယ်ပိုင်ကား(သို့) တက္ကစီ (သို့) ရိုးရိုး ဘက်စ်ကားနဲ့ သွားမယ်ဆိုရင်တော့ စရိပ်စကက ဒေါ်လာ (၃၀) လောက်နဲ့ မလောက်တာကကတော့ အမှန်ပါပဲ။
(ဆစ်ဒနီဟာဘာတံတားကြီးကို Sightseeing Bus ပေါ်မှတွေ့ရပုံ)


အဲဒီနေရာတွေကတော့ Circular Quay, Wynyard Arcade, Queen Victoria Building, Town Hall, William St, Kings Cross, EI Alamein Fountain, Woolloomooloo Bay, Sydney Opera House, Botanical Gardens, Parliament House/ NSW Library, Hyde Park, Australian Museum, Central Station, Power House Mudeum, Sydney Fish Market, Star City Casino, Maritime Museum, Exhibition Centre & Hard Rock Cafe, Imax/ Chinese Gardens, Sydney Aquariam, King St Wharf, Campbell's Cove, The Rocks, Sydney Tower and Australian Opal Cutters နဲ့ Bondi Beach စတာတွေပဲ ဖြစ်ပါတယ်။
(စူပါမင်းအ၀တ်အစားနဲ့ တွေ့ရသူတစ်ယောက်ပေါ့)

ကားပေါ်မှာတော့ လမ်းဘေးတစ်လျှောက်မှာရှိတဲ့ ထင်ရှားတဲ့ နေရာတွေ အကြောင်းကို အသံချဲ့စက်မှတဆင့် ကြေညာပေးပါတယ်။ အဆင်သင့် အသံသွင်းထားတဲ့ စီဒီကို ဖွင့်ပေးခြင်းဖြစ်ပါတယ်။ ဆစ်ဒနီမြို့တော်ကြီးက အရမ်းကြီးမားလွန်းတော့ ဒီလို ကားမျိုးနဲ့ သွားရတာ အရမ်းကိုပဲ သင့်တော်လှပါတယ်။
(ဗစ်တိုးရီးယား ဘုရင်မရုပ်တုကို Sightseeing Bus ပေါ်မှ မြင်ရပုံ)

ဒီရက်တွေဟာ လူတိုင်းအတွက် အားလပ်ရက်တွေ ဖြစ်တာကြောင့် မြို့ထဲမှာ ဈေးရောင်းသူ၊ ဈေးဝယ်သူတွေနဲ့ အရမ်းကို စီကားလှပါတယ်။ ရောင်တဲ့သူဘက်ကလဲ ရာခိုင်နှုန်းတော်တော် များများကို လျှော့ရောင်းနေတဲ့အချိန်ပေါ့။ ဒီ သြစီကလူတွေကတော့ အခုလို လျှော့ရောင်းတဲ့ အချိန်မှာ ၁နှစ်စာ ၀ယ်ယူကြတယ်လို့ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သာမန်ရက်တွေမှာ လူသုံးကုန် ပစ္စည်းတွေဟာ အရမ်းဈေးကြီးကြလို့ပါပဲ။
(မြေအောက်လမ်းတစ်နေရာ နဲ့ Sightseeing Bus)

နေရာတော်တော်များများကတော့ ကမ္ဘာကျော်နေရာတွေပဲဖြစ်ပါတယ်။ ဆစ်ဒနီဟာဘာတံတားကြီး တို့၊ ဆစ်ဒနီ အော်ပရာဟောက်စ်တို့၊ ဘွန်ဒိုင်းကမ်းခြေတို့ပေါ့။ ကားစီးနေရင်းနဲ့ တစ်ခုစဉ်းစာမိတာကတော့ အမိမြန်မာပြည်မှာလဲ ဒီလို ကားမျိုးတွေ ရှိရင် ဘယ်လောက် ကောင်း မလဲလို့................ပေါ့

(ကမ္ဘာကျော် Bondi Beach တစ်နေရာ)
နောက်တစ်ပတ်မှာတော့ သွားဖြစ်ခဲ့တဲ့ နေရာတွေ အကြောင်းကို ဆက်လက် ပြီးတော့ ငါးပိချက်လေး ချက်ချင်ပါသေးတယ်။ ငါးပိချက်စားဖို့ စောင့်ဦးနော်။

မောင်နေခြည် (လှည်းကူး)

No comments: