ဒီပို့စ်ကို မရေးမီ စာရေးသူဟာ ကွန်ပျူတာပညာရပ်မှာ သူငယ်တန်းအဆင့်လောက်ပဲရှိသူ ဆိုတာကိုတော့ ဦးစွာ ပြောကြားထားလိုပါတယ်။ ဒီပို့စ်ဟာလဲ ကွန်ပျူတာပညာရပ်မှာ ကျွမ်းကျင်သူ ပညာရှင်များကို မရည်ရွယ်ပါဘူး။
စာရေးသူလို လက်တည့်စမ်းချင် သူများအား လက်တဲ့စမ်းဖို့သာ ရည်စူးပြီး ဒါလေးကို ဝေမျှခြင်းသာဖြစ်ပါတယ်။
ဝေမျှချင်တာကတော့ Windows 7 တင်ထားပြီး အသံမထွက်တဲ့ ကွန်ပျူတာကို အသံထွက်လာအောင် လုပ်နိုင်တဲ့နည်းပါပဲ။ ဒါနဲ့ပတ်သက်ပြီး မိမိကိုယ်တွေ့ကိုပဲ စပြီးပြောရမှသင့်မယ်ထင်တယ်။
ဖြစ်ပုံကတော့ ကလိတာ လွန်သွားရာကနေ စတာပါ။ Windows XP မှာ Microsoft 2010 ကို သွားတင်လိုက်ပါတယ်။ တင်လဲပြီးရော Windows က ပြုတ်ကျသွားရော။ ဒါနဲ့ တစ်ခါ Windows 7 ကို ပြန်တင်လိုက်ပါတယ်။ ကျန်တာတွေအားလုံး အလုပ်လုပ်ပေမယ့် အသံက ထွက်မလာဘူး။ ထွက်ပေါ်လာတာကတော့ no audio device installed ဆိုတာပါပဲ။ ကြိုးစားကြည့်တယ်။ မရဘူး၊ ဒုံရင်းက ဒုံရင်းပဲ။ ဒါနဲ့ နီးစပ်ရာ အသိမိတ်ဆွေတွေကို အကူအညီတောင်းကြည့်ပါတယ်။ သူတို့လဲ အသံထွက်အောင် အမျိုးမျိုးကြိုးစားပေမယ့် အသံကထွက်မလာပါဘူး။ ဆော့ဝဲအသစ်ထပ်ဝယ်ရမလို ဖြစ်နေပါတယ်။ ဒါနဲ့ Google Search Engine ထဲမှာ တွေ့မလားလို့ ရှာဖွေကြည့်မိပါတယ်။ တွေ့တော့တွေ့တယ်။ ဒါပေမယ့် အားလုံးက ပိုက်ဆံပေးပြီး ၀ယ်ရမယ့် ဟာတွေပဲရှိတယ်။
အဲဒါနဲ့ပဲ Youtube ထဲမှာ no audio device installed windows 7 ကို ရိုက်ထည့်လိုက်ပြီး အဖြေကိုရှာပါတယ်။ မမျှော်လင့်ပဲ အဖြေရပြီး စာရေးသူရဲ့ ကွန်ပျူတာက အသံထွက်သွားပါတယ်။ (၂)လလောက် စိတ်ကသိကအောင့် ဖြစ်ခဲ့တာတွေ အကုန်ပျောက်သွားပါတော့တယ်။ အောက်ကပါတဲ့လင့်ကတော့ စာရေးသူရဲ့ကွန်ပျူတာကို အသံထွက်စေအောင် လုပ်ပေးလိုက်တဲ့ နည်းပညာပါပဲ။ ဥပမာ သဘောမျိုးနဲ့ ပေးလိုက်တာပါ။ မိမိကွန်ပျူတာရဲ့ ဆော့ဝဲတွေနဲ့ကိုက်ညီမယ့် နည်းလမ်းတွေကို Youtube ထဲမှာပဲ ရှာဖွေနိုင်ပါတယ်။
ိမိတ်ဆွေတို့ရေ....ဒီကနေ ရလိုက်တဲ့ အသိလေးတစ်ခုကတော့
"များများကလိဖို့လိုသလို၊ များများ စာဖတ်ဖို့လိုတယ်" ဆိုတာပါပဲ။
ရေးသူ မောင်နေခြည် (လှည်းကူး)
No comments:
Post a Comment