Saturday, 30 November 2013

လှည်းကူးမြို့နယ်၊ ဒရယ်ဘိုကျေးရွာ၊ ကြည်နူးရိပ်စားသောက်ဆိုင်မှာ လူငယ်ရှစ်ဦး နဲ့ ရဲတွေရဲ့ ပဋိပက္ခ

 စားသောက်ဆိုင်ထဲတွင် သောင်းကျန်နေသည့် လူငယ်ရှစ်ဦးကို သွားရောက်ထိန်းသိမ်းသည့် ရဲတပ်ဖွဲ့ဝင်ငါးဦးကို ပြန်လည်ခုခံသောကြောင့် ပြည်သူ့ဝန်ထမ်းအား နာကျင်စေမှုဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

လှည်းကူးမြို့နယ်၊ ဒရယ်ဘိုကျေးရွာ၊ ပဲခူး-ရန်ကုန်ကားလမ်းဘေးရှိ ကြည်နူးရိပ်စားသောက်ဆိုင်၌ နိုဝင်ဘာ ၂၇ ရက် ည ၁၀ နာရီအချိန်တွင် လူငယ်ရှစ်ဦး သောင်းကျန်နေသည်ဆိုကာ ဆိုင်မန်နေဂျာမှ ဖုန်းဆက်အကြောင်းကြားသောကြောင့် ရဲတပ်သားငါးဦး ဆိုင်သို့ရောက်သွားသောအခါ ပြန်လည်ခုခံ၍ ရဲတပ်သားများ ဒဏ်ရာရရှိသွားကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်းတွင်ဖော်ပြထားသည်။

ဆိုင်အတွင်းမှ လူငယ်ရှစ်ဦးသည် ရဲတပ်သားများ ရောက်လာချိန်တွင် ပုလင်းများရိုက်ခွဲပြီး စားပွဲကိုကန်ကာ ဒီကေဘီအေအဖွဲ့ မှဟု ပြောဆိုသောင်းကျန်းရင်း ဆဲဆိုကာ ခုံများ၊ တုတ်များဖြင့် ရဲများကို ၀ိုင်းရိုက်ကြကြောင်း ရဲမှုခင်းတွင် ဖော်ပြထားသည်။

ထို့ကြောင့် ရဲငါးဦးအနက် လေးဦးဒဏ်ရာရပြီး လှည်းကူးဆေးရုံတွင် ပြင်ပလူနာအဖြစ် ဆေးဝါးကုသနေရကာ လူငယ်ရှစ်ဦးကို ပြည်သူ့ဝန်ထမ်းအား တာဝန်ဝတ္တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန် နာကျင်စေမှုဖြစ်သည့် ပြစ်မှုဆိုင်ရာပုဒ်မ -၃၃၂ ဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဝန်ထမ်းများအား ၀ိုင်းရိုက်သည့် အထက်ပါအဖြစ်အပျက်မျိုး မကြာခဏဖြစ်ပေါ်နေရာ နိုဝင်ဘာ ၂၅ ရက်တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့ နယ်၊ နောင်မူးကျေးရွာတွင် မူးယစ်ဆေးဝါးတရားခံများကို ဖမ်းဆီးစဉ် ရွာသား ၅၀ ဦးခန့်က တားဆီးရာမှ ပဋိပက္ခဖြစ်ခဲ့သည်။

ယခုနှစ်အတွင်း သာကေတမြို့နယ်တွင်လည်း အလားတူကြုံတွေ့ခဲ့ဖူးကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

7day Daily
Ref:http://www.thithtoolwin.info/2013/11/blog-post_6255.html#.Upj7EScl9sY

No comments: