သီတင်းကျွတ်လပြည့်ကျော်
(၁)ရက် မှသည် တန်ဆောင်မုန်းလပြည့်နေ့တိုင်အောင် သုံးဆယ်သော ရက်တို့ဟာုမြန်မာပြည်မှာ
ကထိန်သင်္ကန်းဆက်ကပ်တဲ့ ကာလတို့ဖြစ်ပါတယ်။ စာရေးသူတို့ ဇာတိမြို့ဖြစ်တဲ့ လှည်းကူးမှာလဲ
ကထိန်ပွဲတွေကို ကျင်းပကြတာ ရက်စေ့ပါပဲ။
တစ်ခုသော ကထိန်ရာသီမှာ ရှမ်းတဲကြီးအရှေ့ဖက်ကမ်း
အနောက်ကျောင်းဆရာတော် ဦးသုမန-ဦးဆောင်တဲ့ ဆရာတော်များဟာ အ၀ိုင်းကျောင်းကြီးကထိန်ပွဲမှ
ပိုက်ကြီးဝဲအရှေ့ကျောင်းကထိန်ပွဲသို့ ကူးလာပါတယ်။ ဆရာတော်ဦးသုမန-မှ ဦးဆောင်ကာ ငမိုးရိပ်ချောင်းရိုးအတိုင်း
ခြေလျင်ခရီးပဲ ကြွလာကြပါတယ်။
ကောက်ကွေ့ရွာနဲ့ လက်ပန်ရွာကြားရောက်တဲ့အခါမှာတော့
ကျွဲအုပ်တစ်အုပ်နဲ့ တွေ့ပါတော့တယ်။ ကျွဲတွေထဲမှာ မြန်မာကျွဲက သိပ်ပြီး မခက်ပေမယ် ဦးချိုကောက်ကောက်
ဘင်္ဂလားကျွဲကတော့ ဘုန်းကြီးတွေကို မြင်တာနဲ ခက်ဖို့ တရှူးရှူး ကြိုးစားပါတော့တယ်။
ပါလာတဲ့ဆရာတော်တော်တော်များများကတော့
ကျောင်းသားတွေကို ကျွဲမောင်းဖို့ တိုက်တွန်းပါတယ်။
ဒါပေမယ့် ဆရာတော် ဦးသုမန-က
ကျောင်းသားတွေကို ငါမှာ နည်း၇ှိတယ်ကွ၊ ငါ့နည်းနဲ့ ငါမောင်းမယ်။ ကျွဲတွေ ငြိမ်နေရမယ်-
ဟု ပြောဆိုပြီး ကျွဲတွေကို မောင်းပါတော့တယ်။ ဆရာတော် ဦးသုမနရဲ့ ကျွဲမောင်းနည်းကတော့
ကျွဲအနားကို သွားရောက်ပြီး လက်နဲ့တားကာ အောက်ပါအတိုင်း ပြောလိုက်တဲ့အခါမှာ ဆရာတော်
ဦးသုမန- ဦးဆောင်တဲ့ ဘုန်းတော်ကြီးတွေဟာ လက်ပန်ရွာထိပ်က အ-မ-က ကျောင်းထဲကို အနည်းလွတ်အောင်
ပြေးလိုက်ရပါတော့တယ်။
ဆရာတော် ဦးသုမနရဲ့ ကျွဲမောင်းနည်းကတော့
“
ချစ်သား…သီးခံလော..ချစ်သား…သီခံလော“-ဟု။
ဆရာတော် ဦးသုမန-အမှတ်တရ
(မှတ်ချက်။ ၊ ယခုအခါ ဆရာတော်
ဦးသုမန ပျံလွန်တော် မူသွားပြီးဖြစ်ပါသည်။)
မောင်နေခြည် (လှည်းကူး)
No comments:
Post a Comment