သတ္တ၀ါတွေနေတဲ့ ဒီလောကမှာ ကြီးတဲ့သူက ငယ်တဲ့သူကို၊ ခွန်အားရှိတဲ့သူက ခွန်အားမရှိတဲ့သူကို၊ ချမ်းသာတဲ့သူက ဆင်းရဲတဲ့သူကို၊ နည်းပညာပိုင်တဲ့သူက နည်းပညာ မပိုင်တဲ့သူကို စသဖြင့် စသဖြင့် ကြီးနိုင်ငယ်ညှင်းတွေကို ကြားရ တွေ့ရတာ နေ့စဉ်နဲ့အမျှ ပါပဲ။ ဒီလို ညှင်းဆဲမှု့တွေကို အားနည်းသူတွေဖက်က အားရှိတဲ့သူတွေကို ပြန်လည်တုန့်ပြန်ဖို့ဆိုရာမှာ ခက်ခဲတဲ့ အနေအထားပါပဲ။
တစ်ခါကပေါ့ ကျုပ်တို့မြို့နယ်ထဲက ရွာတစ်ရွာမှာ ခြေရင်းအိမ်နဲ့ ခေါင်းရင်းအိမ် စကားများ ရန်ဖြစ်ပြီး မခေါ်မပြောကြပါဘူး။ ခြေရင်းအိမ်က အရမ်းဆင်းရဲပါတယ်။ ခေါင်းရင်းအိမ်ကတော့ ရွာမှာဆိုတော့ တောသူဌေးပေါ့။ ခေါင်းရင်းအိမ် တောသူဌေးက ခြေရင်းအိမ်နဲ့ ရန်ဖြစ်ခဲ့တာကို စိတ်ထဲမှာ အခဲမကျေဘူး ဖြစ်နေပါတယ်။
တစ်နေ့တော့ တောသူဌေးက သူအိမ်ရဲ့ မီးဖိုချောင်ကို သူကိုယ်တိုင် မီးနဲ့ရှို့ပါတယ်။ ပြီးတော့ လံကျုတ်လုပ်ပြီး ခြေရင်းအိမ်က ဦးပွ-က သူအိမ်ကို မီးရှို့တဲ့အကြောင်း လှည်းကူးရဲစခန်းမှာ တရားစွဲပါတော့တယ်။ ရဲစခန်းကလဲ ဘာမှ မစုံစမ်းပါပဲ ခြေရင်းအိမ်က ဦးပွ-ကို လာဖမ်းခေါ်သွားပါတယ်။ ခြေရင်းအိမ်က ဦးပွ-ခမြာ ကြောင်တောင်တောင်နဲ့ ရဲစခန်းမှာ တစ်ပတ်လောက် အိပ်လိုက်ရပါတော့တယ်။
ဘေးက အမှန်တရားကို သိတဲ့လူတွေက ခြေရင်းအိမ်က ဦးပွ-မဟုတ်ကြောင်းကို သိလို့ ရဲစခန်းကို လိုက်မှ ဦးပွ-ခမြာ ရဲစခန်းက လွတ်လာပါတော့တယ်။ ရဲစခန်းက လွတ်လာတဲ့ အချိန်မှာ ဦးပွ-ကို ၀ိုင်းပြီး ဗျူးပါတော့တယ်။ အဲဒီချိန်မှာ ဦးပွ ဖြေလိုက်တာကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
"သက်သက်မဲ့မှ သက်သက်မဲ့ပါ- ငါ့တူရာ "-ဟု။
အဲဒီအချိန်က စပြီး အဲဒီရွာမှာ သက်သက်မဲ့မှ သက်သက်မဲ့ပါ - ဟူသော စကားဟာ ယခုထိတိုင် တွင်နေပါတော့တယ်။
တောက ဟာသတွေကို ပြောပါတယ်။
မောင်နေခြည် (လှည်းကူး)
No comments:
Post a Comment