လှည်းကူး ။ ။
ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူးမြို့နယ်၊ စားဘူးတောင်း ကျေးရွာ
အုတ်ဖိုကျေးရွာ (ယခု သမီးလေး ကျေးရွာ) တွင် ရာဘာ စိုက်ပျိုးထားသော မြေများ၊
ပိုင်ရှင်ရှိ မြေလွတ်များ၊ ပဲခူးမြို့နယ် ဆပ်ချောင်း ကျေးရွာ မြေများ
(အမြန်လမ်းမကြီးဘေး) နှင့် လှည်းကူးမြို့နယ် အတွင်းရှိ အခြားသော နေရာများမှ
မြေများ အား မြေလုယက် အုပ်စုဖွဲ့ လူဆိုးဂိုဏ်းများမှ မင်းမဲ့ စရိုက်ဆန်ဆန်
ပြုလုပ်နေကြသည့် အပြင် ကျေးရွာ အတွင်းရှိတစ်ရွာတည်းနေ ခရစ်ယာန် ဘာသာဝင်
ကရင် တိုင်းရင်းသားများနှင့် ဗုဒ္ဓဘာသာဝင် ရွာသူရွာသားများအား တစ်ဘာသာနှင့်
တစ်ဘာသာ ဘာသာရေး အဓိကရုန်း အသွင် သဏ္ဍန်ဖော်ဆောင်ရန် ကြိုးပမ်း ဆောင်ရွက်
နေကြောင်း အဆိုပါ ကျေးရွာသား တစ်ဦး၏ သတင်းပေးပို့ချက်အရ သတင်း ရရှိသည်။
အဆိုပါ မြေလု လူဆိုး ဂိုဏ်းခေါင်းဆောင်မှာ ဦးကျော်ကျော် (ဘ) ဦးကောင်း
(မှတ်ပုံတင် အမှတ် ၇/ ပခန (နိုင်) ၀၅၂၇၁၀) နှင့် ဒုခေါင်းဆောင်သူများမှာ
ဦးဟန်တင် (ဘ) ဦးငြိမ်းအောင် (ပဲခူး)၊ ဦးသက်နိုင် (ခ) ဖိုးချို (ဘ)
ဦးမြင့်နိုင် မောပြ ကျေးရွာ (လှည်းကူး)၊ ဦးတင်မြင့် (ဘ) ဦးအောင်ငြိမ်း
သာယာကုန်းကျေးရွာ (ပဲခူး)၊ ဦးသန်းဦး (မီးသတ် အဖွဲ့ဝင်) သီးကလေး ကျေးရွာ
(လှည်းကူး)၊ လှလေးစိန် ဆပ်အင်းကျေးရွာ (ပဲခူး)၊ တာတီး (ခ) မောင်မောင်တာ (ဘ)
ဦးစံခင် (တပ်ပြေး) ပဲခူး နှင့် အပေါင်း အပါ (၂၇)ဦး တို့ဖြစ်ကြောင်း
သိရသည်။
“အဲဒီ့ ဂိုဏ်းခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေက
နိုင်ငံတော်က ခွင့်ပြုချက် မရှိတဲ့ မြေတွေကို နိုင်ငံတော်ကို ရော်ဘာ
စိုက်ပျိုးရန် ဆိုပြီး လိမ်လည်ပြီး လျှောက်ထားတဲ့ မြေကွက်တွေရယ်၊
ပိုင်ရှင်ရှိတဲ့ မြေကွက်တွေကို လုယူ သိမ်းပိုက်ပြီး သူတို့
အကျိုးစီးပွားအတွက် ရောင်းချပြီး ငွေမဲ ပိုင်ရှင်တွေ ဖြစ်လာတာပါ” ဟု
အမည်မဖော်လိုသူ ၎င်းရွာသားက M-Media သို့ပြောသည်။
ဆက်လက်၍
၎င်းငွေများဖြင့် ယင်းဂိုဏ်းခေါင်းဆောင်နှင့် အဖွဲ့ဝင်များသည် ဟိုတယ်၊ အိမ်၊
ကားများ ၀ယ်ယူ ထားပြီး ၎င်းတို့ကို အာမခံသူများ မရှိအောင် နည်းအမျိုးမျိုး
ဖြင့် ခြိမ်းခြောက်ရမ်းကားပြီး မင်းမရှိသည့် တိုင်းပြည်သဖွယ် အုပ်စုဖွဲ့
အနိုင်ကျင့် ဗိုလ်ကျ စိုးမိုးရေး ၀ါဒ ကျင့်သုံးလျက် ရှိကြောင်း၊ မိမိတို့
ရွာသားများမှာ ၎င်းတို့ကို အရေးယူပေးစေ လိုသော ဆန္ဒရှိနေပါသော် လည်း
တိုင်တောဖို့ရန်ပင် ကြောက်ရွံ့နေရကြောင်း၊ မိမိတို့ပိုင် မြေများအား မတရား
ယူထားသူများထံမှ ပြန်လည် ရယူလို ကြောင်းကို သမ္မတကြီး ဦးသိန်းစိန်နှင့်
တာဝန်ရှိသူများကို သိစေလိုကြောင်း အဆိုပါ ရွာမှ ရွာသားတစ်ဦး က ထပ်လောင်း
ပြောကြားသည်။
အဆိုပါ အကြောင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ
လှည်းကူးစခန်းသို့ တိုင်ကြားထားသော်လည်း အရေးယူ ဆောင်ရွက်ခြင်း
မရှိသည့်အပြင် လျစ်လျူရှုထားကြောင်း သတင်းရရှိသည်။
REF :M-Media
https://www.facebook.com/AazwamlaY
No comments:
Post a Comment