တောကဟာသများ ဆိုပေမယ့် ဒီတခါပြောမယ့် ဟာသလေးကတော့ မြို့လို့ပဲ ပြောရမှာဖြစ်ပါတယ်။
မြန်မာလူမျိုးများဟာ နာမယ်ပေးရာမှာ အရမ်းတော်ကြပါတယ်။ မတော်မရော် နာမယ်တွေကို ပေးလေ့ ခေါ်လေ့ရှိပါတယ်။ ဥပမာ- ခွေးမတို့၊ ခွေးကြီးတို့၊ ခွေးလေးတို့၊ ကြွက်နီတို့၊ ကြွက်ဖြူတို့ပါပဲ။ ဒီလိုခေါ်ကြလို့လဲ မူရင်းနာမယ်ပျောက်ပြီး အဲဒီနာမယ်တွေက သေရွာပါတဲ့အထိပါပဲ။ အဲဒီနာမည်အပေးခံရတဲ့သူခမျာ တစ်ခါတလေမှာ လူတောထဲ မ၀င်ရဲလောက်အောင်ကိုပင် ဖြစ်တတ်ပါသေးတယ်။ ဒါကို မြန်မာလူမျိုးများရဲ့ ချစ်စရာ ဓလေ့ထုံးစံဟု ခေါ်ရင် ရဖွယ်ရှိပါတယ်။ ဒါပေမယ့် လက်မခံနိုင်စရာပါ။
နောက်တစ်ခုက တစ်ဖက်သားကို စကားသင်ရာမှာလဲ တော်ကြပါတယ်။ စကားသင်ပေးရင်လဲ အဆဲကို ပထမဆုံးသင်ပေးတာကို တွေ့နိုင်ပါတယ်။ အခုပြောမယ့် ဟာသလေးကတော့ စကားသင်ရာကနေ ဆင်းသက်တယ်လို့ ဆိုရမှာပါ။
တနေ့မှာ စာရေးသူရဲ့ သူငယ်ချင်းတစ်ယောက်ဟာ ကိုရီးယားနိုင်ငံ၊ တက္ကသိုလ်တစ်ခုမှ ပေးအပ်တဲ့ စကောလားရှစ်ရပါတယ်။ စကောလားရှစ်ရတော့ အဲဒီတက္ကသိုလ်ကပေးတဲ့ အဆောင်မှာ နေရပါတယ်။ သူ့လိုပဲ အခြားနိုင်ငံကနေ စကောလားရှစ်ရတဲ့ ကျောင်းသားတွေလဲ အများကြီးပါပဲ။ စာရေးသူရဲ့ သူငယ်ချင်းနဲ့ အခန်းချင်းကပ်ရပ် အခန်းမှာနေတဲ့ကျောင်းသားက သီရိလင်္ကာနိုင်ငံက ဖြစ်ပါတယ်။ အဲဒီကျောင်းသားက စာရေးသူရဲ့သူငယ်ချင်းကို မိတ်ဆက်ပြီး မြန်မာစကားသင်ပေးဖို့ တောင်းဆိုပါတယ်။
စာရေးသူရဲ့သူငယ်ချင်းကလဲ တောင်းဆိုတာကို လက်ခံပြီး သင်ပေးပါတယ်။ စာရေးသူရဲ့သူငယ်ချင်းက အဲဒီသီရိလင်္ကာကျောင်းသားကို မင်းသိချင်တာကို ပထမဆုံးသင်ပေးမယ်လို့ ပြောပါတယ်။ အဲဒီသီရိလင်္ကာကျောင်းသားက ဂွတ်မောနင်းကို မြန်မာလို အရင်သင်ပေးပါလို့ တောင်းဆိုပါတယ်။
စာရေးသူရဲ့သူငယ်ချင်းကလဲ သင်ပေးပါတယ်။
အဲဒီ သီရိလင်္ကာကျောင်းသားက မနက်တိုင်း စာရေးသူရဲ့ သူငယ်ချင်းကို သင်ပေးထားတဲ့ အတိုင်း လာပြီးနှုတ်ဆက်လေ့ရှိပါတယ်။ သူနှုတ်ဆက်တာကတော့-
" ခွေးကုလား" -ဟု။
မနက်တိုင်း အဆောင်မှာ ခွေးကုလားဆိုတဲ့ အသံညံနေတာပါပဲ။
(မှတ်ချက်။ ဂွတ်မောနင်း ကို " ခွေးကုလား" -ဟု သင်ပေးခြင်း ဖြစ်ပါတယ်။)
မောင်နေခြည် (လှည်းကူးမြေ)
No comments:
Post a Comment