Sunday, 17 November 2013

၆၅-ကြိမ်မြောက် လှည်းကူးမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူမြတ်ဘုရားပူဇော်ပွဲ (ဓာတ်ပုံများ)

၆၅-ကြိမ်မြောက် လှည်းကူးမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူမြတ်ဘုရားပူဇော်ပွဲအတွက် ယနေ့တန်ဆောင်မုန်းလဆန်း (၁၄)ရက်နေ့မှာ  နှစ်ကျိပ်ရှစ်ဆူမြတ်ဘုရားများအား ရပ်ကွက်များအတွင်းသို့ စတင်ပင့်ဆောင်နေပြီ ဖြစ်ပါသည်။

၆၅-ကြိမ်မြောက် လှည်းကူးမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူမြတ်ဘုရားပူဇော်ပွဲကို တန်ဆာင်မုန်းလဆန်း (၁၄)-ရက်မှ လပြည့်ကျော် (၁)ရက်နေ့အထိ သုံးရက် သုံးညတိုင်တိုင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

ပွဲတော်ရက်အတွင်း ပရိတ်ရွတ်ပွဲများ၊ ပဌာန်းရွတ်ပွဲများ၊ စတုဒိသာကျွေးပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ ဇာတ်ပွဲအငြိမ့်ပွဲများဖြင့် စီကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ပါသည်။

၆၅-ကြိမ်မြောက် လှည်းကူးမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူမြတ်ဘုရားပူဇော်ပွဲသို့ ကြွရောက်ကုသိုလ်ယူကြပါ၇န် ဖိတ်ကြားပါသည်။

ဓာတ်ပုံ- လှည်းကူးသားများ













No comments: