Thursday, 14 November 2013

ရုန်းရကန်ရမည်သာတည်း။ (ကဗျာဆရာ ဦးအေးငွေ)

လေထန်တိုင်းသာ၊ လွင့်ကြွေပါမူ၊ ဘယ်မှာ ပန်းများကျန်မည်နည်း။
လှိုင်းပုတ်တိုင်းသာ၊ ကမ်းပြိုပါမူ၊ ဘယ်မှာ မြေကြီးကျန်မည်နည်း။
ကျရှုံးတိုင်းသာ၊ ငိုရပါမူ၊ ဘယ်မှာ မျက်ရည်ကျန်မည်နည်း။
အမှောင်တစ်ဝက်၊ လင်းတစ်ဝက်သည်၊ တစ်ရက်တစ်ခါ၊ ကြုံမြဲသာတည့်။

ဘ၀သည်ကား၊ တိုက်ပွဲများပင်၊ လှုပ်ရှားရသော၊ လူ့ရွာတောဝယ်
လင်းသော မှောင်သော၊ အောင်သော ရှုံးသော
မုန်းသော ချစ်သော၊ သစ်သော ဟောင်းသော
ကောင်းသော ဆိုးသော ၊ ညှိုးသော လန်းသော
ကြမ်းသော နုသော၊ ပူသော အေးသော
စောကြောစိတ်ဖြာ၊ မနေသာပေ။


လဲရာက ထ၊ ကျရာက တက်၊ ပျက်ရာက ဆောက်၊ ရှေ့သို့လျှောက်၍
ရောက်ရာဘ၀၊ အားမာန်ပြရင်း၊ ရုန်းရကန်ရမည်သာတည်း။


(ကဗျာဆရာ ဦးအေးငွေ)
 

Ref: ငွေတာရီ မဂ္ဂဇင်း

No comments: