Behs Futuregold က ကြီးမှူးကျင်းပသော ခြောက်ကြိမ်မြောက် ဆရာကန်တော့ပွဲ (အ-ထ-က လှည်းကူး) ပြီးစီးခြင်း
၃.၁၁.၂၀၁၃ (တနင်္ဂနွေနေ့)တွင် ကျင်းပခဲ့သော "ဆဋ္ဌမ ကြိမ်မြောက် အာစရိယပူဇော်ပွဲကို လှည်းကူးမြို့ အထကကျောင်းတွင် ကျင်းပရာ ကန်တော့ခံဆရာ၊ ဆရာမ တစ်ရာကျော်နှင့် ကျောင်းသား/သူဟောင်း သုံးရာကျော်တက်ရောက်ခဲ့ပါသည်။
အခမ်းအနားအစီအစဉ်များ
အောင်မြင်စွာ ပီးဆုံးခဲ့သည်သာမက ကွယ်လွန်သူ ဆရာကြီး၊ ဆရာမကြီး၊ ဆရာ၊
ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားအတွက် ရည်စူး၍ တရားနာ
အမျှပေးဝေခြင်းအမှုကိုလည်း အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါတယ်။
ယင်းအခမ်းအနားကို Behs Futuregold အသင်းမှ ကြီးမှူးကျင်းပခြင်း ဖြစ်ပါတယ်။
အခုလို အစီအစဉ်များ အောင်မြင်စွာ လုပ်ဆောင်နိုင်ရန် ကူညီပေးခဲ့ကြသော" ကျောင်းအုပ်ဆရာကြီး-ဦးတင့်ထွန်း
နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူ ဟောင်းများ" အားလုံး သူငယ်ချင်း
ညီအစ်ကို မောင်နှမများ အားလုံးကို ထပ်မံ၍ကျေးဇူးတင်ရှိကြောင်းကိုလဲ Behs Futuregold ရဲ့ဘေ့ဘွတ်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။
No comments:
Post a Comment