လှည်းကူးမြို့နယ်၊ ပိုက်ကြီးဝဲအရှေ့ကျောင်းဆရာတော်
ဒေါက်တာရေ၀တာလင်္ကာရအား ငမိုးရိပ်ချောင်းရိုးဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ်ဆရာတော်အဖြစ် တင်မြှောက်ပွဲကို လှည်းကူးမြို့နယ်၊ အ၀ိုင်းကျေးရွာ၊ အ၀ိုင်းကျောင်းကြီးတွင် (၂-၁၁-၂၀၁၃) နေ့မှာ ကျင်းပပြုလုပ်ပါတယ်။
ယင်းအခမ်းအနားသို့ ငမိုးရိပ်ချောင်းရိုးဂိုဏ်းချုပ်ဆရာတော် လှည်းကူးမြို့၊ ဥယျာဉ်ကျောင်းဆရာတော်ကြီး အမှူးရှိသော ဆရာတော်နှင့် ဒကာ ဒကာမတို့ တက်ရောက်ကြပြီး ပိုက်ကြီးဝဲအရှေ့ကျာင်း ဆရာတော်ကြီး
ဒေါက်တာရေ၀တာလင်္ကာရအား ဒုတိယဂိုဏ်းချုပ်ဆရာတော်အဖြစ် တစ်ညီတစ်ညွတ်တည်း
တင်မြှောက်ခဲ့ကြခြင်း ဖြစ်ပါတယ်။
ငမိုးရိပ်ချောင်းရိုးဂိုဏ်း၏ ယခင်
ဒုတိယဂိုဏ်းချုပ်ဆရာတော်မှာ ရေကျော်ဆရာတော်ကြီးဖြစ်ပြီး ယင်းဆရာတော်ပျံလွန်တော်မူသွားခြင်းကြောင့် ယခုလို အစားထိုးတင်မြှောက်ခြင်း ဖြစ်ပါတယ်။
ဓါတ်ပုံ = ဆရာကိုသက်လွင်
No comments:
Post a Comment