ရန်ကုန်၊ နိုဝင်ဘာ ၂၀
ချုံနွယ်ခုတ်ထွင် ရှင်းလင်းခ မရသည့် လှည်းကူးမြို့နယ်၊ စာဗူး
တောင်းကျေးရွာအုပ်စု၊ သမီးကလေး ကျေးရွာသား ဦးကျော်သန်းက ခြံပိုင်ရှင်
ဦးလှထွန်းထံမှ လုပ်အားခ သုံးသိန်းခွဲ ရလိုမှုအတွက် လှည်း ကူးမြို့နယ်၊
တရားရုံးကတစ်ဆင့် တောင်းခံထားသည်ဟု မြန်မာသံတော်ဆင့်သို့ ဖုန်းဆက်ပြောသည်။
၎င်းက ““ကျွန်တော်တို့ကို ချုံခုတ်ခိုင်းတဲ့ ခြံပိုင်ရှင် ဦးလှထွန်းက
ရန်ကုန် ပုဇွန်တောင်မှာ နေပေမယ့် လှည်းကူးမြို့နယ်၊ အုတ်ဖို ကျေးရွာနားမှာ
သူ့ခြံရှိတယ်။ အုတ်ဖိုကျေးရွာ ရာအိမ်မှူး ဦး မောင်စုအိမ်မှာ
ခြံပိုင်ရှင်ရယ်၊ ကျွန်တော်ရယ် ဆုံပြီး သူခြံကိုချုံတွေ ခုတ်ထွင်
ရှင်းလင်းပေးဖို့ ညှိနှိုင်းတာ တစ်ဧက ကျပ်သုံးသောင်းခွဲနဲ့ သဘောတူတယ်။
အားလုံး ၁၀ ဧက ခုတ်ရမယ်ပေါ့။ ၃-၇-၁၃ ရက်နေ့ကစပြီး ကျွန်တော် အပါအ၀င် အခြား
အလုပ်သမားတွေ လည်းပါတယ်။ ခြံကို ခုတ်ထွင် ရှင်းလင်းကြတယ်။ အဲဒီအချိန်မှာ
ဦး လှထွန်းရော၊ သူတာဝန်ပေးတဲ့ ဦးသန်းအောင် ပါလာကြည့်ကြတယ်။ ဒါနဲ့
အားလုံးပြီးသွားတယ် ဆိုပါ တော့။ ၁၇-၃-၁၃ရက်နေ့ ကျတော့ ခြံရှင်ဦးလှထွန်းနဲ့
ဦးသန်းအောင် ထပ်ရောက်လာပြီး ခုတ်ပြီးသွားတဲ့ ဧကကို ပေလာတိုင်းတယ်။ ၁၀
ဧကဆိုတော့ ကျပ်သုံးသိန်းခွဲကို နောက်နေ့လာပေးမယ်ဆိုပြီး ခုထိ သူတို့က
ကျွန်တော့် လုပ်အားခငွေ လာရောက်ပေးခြင်း မရှိတာမို့ ကျွန်တော်တို့ လုပ်အားခ
ရလိုမှုနဲ့ လှည်းကူးမြို့နယ် တရားရုံးမှာ တိုင် လျှောက်ထားပါတယ် ဟုပြောသည်။
…
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ခြံရှင်ဦးလှထွန်းသို့ ဆက်သွယ်
မေးမြန်းရာ ““ကျွန်တော် သူတို့ပြောတဲ့ ခြံကို ကျွန်တော် မသိဘူး။
ခုငွေတောင်းတဲ့ သူကိုလည်း ကျွန်တော် မသိဘူး။ ကျွန်တော်၊့ မြေမဟုတ်
တဲ့အတွက်ကြောင့် သူတို့ တောင်းတဲ့လုပ်အားခ ငွေပေးရန် တာဝန် မရှိပါဘူး””
ဟုပြောသည်။
ယင်းအမှုမှာ ဦးကျော်သန်း ကလုပ်အားခငွေ
ကျပ်သုံးသိန်းခွဲ ရလိုမှုနှင့် ဦးကျော်လင်းက လုပ်အားခငွေကျပ်
လေးသိန်းရလိုမှုဖြင့် လှည်းကူးမြို့နယ် တရားရုံးက တရားမကြီးအမှု အမှတ်
၁၀၅/၂၀၁၃၊ ၁၀၆/၂၀၁၃ ဖြင့် လက်ခံထားသည်ဟု ဦးကျော်သန်း ကပြောသည်။
စိန်မျက်ခုံး
Ref:http://myanmarthandawsint.com/2013/11/22/%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%A1%E1%80%AC%E1%80%B8%E1%80%81%E1%80%B1%E1%80%84%E1%80%BC%E1%80%99%E1%80%9B%E1%81%8D-%E1%80%A1%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%9B%E1%80%BD%E1%80%84/
No comments:
Post a Comment