ရန်ကုန်၊ ဒီဇင်ဘာ ၎
၂၁.၁၀.၂၀၁၃ရက်နေ့ ၁၅၀၀အချိန် တရားလို
ဦးစိုးနိုင်ဦး၊ (၂၉)နှစ်၊ ရဲသုခစိုက်ပျိုးရေးခြံ၊ (ဘ)ဦးကြည်သောင်း၊
ငါးဆူတောင်အုပ်စု၊ လှည်းကူးမြို့နယ်နေသူသည် နေအိမ်တွင်ရှိနေစဉ် ဇနီးဖြစ်သူ
မချိုနွယ်ဝင်း(ခ)ကတုံးမ၊ (၂၃)နှစ်၊ (ဘ)ဦးဖိုးဆေးဝါးသည် စက်ဘီးဖြင့်
အမှတ်(၁)ကျေးရွာ ဒေါ်အေးဈေးဆိုင်သို့ ဈေးဝယ်သွားရာမှ နေအိမ်သို့
ပြန်မလာဘဲ
ပျောက်ဆုံးနေသဖြင့် ၂၆.၁၀.၂၀၁၃ရက်နေ့တွင် ငါးဆူတောင်နယ်မြေရဲစခန်းသို့
လူပျောက်အမှတ်စဉ်(၁/၁၃)ဖြင့် တိုင်တန်းထားရှိခဲ့ပြီး ဆက်လက်ရှာဖွေခဲ့ရာ
၂၉.၁၀.၂၀၁၃ရက်နေ့ ၁၆၃၀အချိန် လှည်းကူးမြို့နယ်၊ ငါးဆူတောင်အုပ်စု၊
ဧက(၁၀၀)လျှိုအဆင်း ဦးမောင်ငြိမ်း၏ရာဘာခြံအတွင်းရှိ ရေအိုင်အတွင်း
မှောက်လျက် အနေအထား သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် သေဆုံးအောင်ပြုလုပ်သူအပေါ်
ဦးစိုးနိုင်ဦးမှတိုင်တန်းသဖြင့် ငါးဆူတောင်နယ်မြေရဲစခန်း (ပ)၅၄/၂၀၁၃၊
ပုဒ်မ ၃၀၂ဖြင့် ပြောင်းလဲဖွင့်လှစ်လက်ခံစစ်ဆေးခဲ့သော အမှုဖြစ်ပါသည်။
အမှုမှတရားခံဖေါ်ထုတ်ရရှိရေးအတွက်
မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးအဖွဲ့နှင့်
လှည်းကူးမြို့နယ်ရဲတပ်ဖွဲ့တို့မှ ပတ်ဝန်းကျင်အား လေ့လာစုံစမ်းပြီး
မျက်မြင်သက်သေများ အား စစ်ဆေးကာ မသင်္ကာတရားခံ ကိုကိုလင်း၊ ကျော်သူစိုး၊
ရွှေသိန်းတို့အား ခေါ်ယူ၍ စစ်ဆေးခဲ့ပြီး တရားခံများမှ ၀န်ခံထွက်ဆိုကာ
တရားရုံးတွင်ဖြောင့်ချက်ပေးခဲ့ပါသည်။အဆိုပါတရားခံများသည်
လူသတ်မှုမကျူးလွန်မီ သားမယားအဖြစ်ပြုကျင့်ကျူးလွန်ခဲ့သဖြင့်
ပုဒ်မ ၃၀၂မှ ပုဒ်မ ၃၀၂/၃၇၆ဖြင့် ပြောင်းလဲစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းရရှိပါသည်။
Ref: Yangon Police
No comments:
Post a Comment