Monday, 16 December 2013

မဆင်မခြင်မောင်းနှင်တဲ့ လှည်းကူးသား ဆိုင်ကိုယ်ကယ်သမား အရေးယူခံရ

နေပြည်တော်၊ ဒီဇင်ဘာ ၁၅

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေ ၄ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၂/၅)အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ အမှတ်(၃)လမ်းဆုံအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်း မီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။


 ထိုသို့စစ်ဆေးခဲ့ရာ နေပြည်တော်မှ ရန်ကုန်သို့ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ အောင်မေတ္တာလမ်းနေ ဇင်မင်းနိုင်(၂၇)နှစ် မောင်းနှင်သော ၁ဃ/xxxx အာဖတ်အဖြူရောင် ယာဉ်နှင့် မျက်နှာင်ချင်းဆိုင်မှ လမ်းပြောင်းပြန်မောင်းနှင်လာသော ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မြေနီကွင်းရွာနေ အောင်တင်လတ် (၁၆)နှစ်၊ ၂၀ယ/xxxxဝေ့ဗ်(၁၁၀)ဖြူနက်ကျားဆိုင်ကယ်တို့ ထိပ်တိုက်တွေ့ဆုံရာမှ ရှောင်တိမ်းစဉ် ယာဉ်နှင့်ပွတ်တိုက်မိသောကြောင့် ယာဉ်မှာလမ်းလယ်ကျွန်း ပေါ်သို့ ရောက်ရှိရပ်တန့် သွားခဲ့ပြီး ဆိုင်ကယ်မှာလမ်းမပေါ်၌တိမ်းမှောက်သွားခဲ့ကြောင်း သိရှိရသည်။ 

ထိုသို့တိမ်းမှောက်မှုကြောင့် ၁ဃ/xxxx အာဖတ်အဖြူရောင်ယာဉ်၏ရှေ့ဘီးကွဲ၊ ယာဘက်နောက်ကြည့် မှန်ပြုတ်၊ ယာဘက် ရှေ့တံခါးပွန်း၊ တန်ဘိုးငွေကျပ်(၅)သိန်းနှင့် ၂၀ယ/xxxxဝေ့ဗ်(၁၁၀)ဖြူနက်ကျား ဆိုင်ကယ်မှာ ၀ဲဒူးကာ ကျိုးပဲ့၊ အင်ဂျင်ဝဲဘက်ခြမ်းကွဲအက်၊ တန်ဘိုးငွေကျပ်(၃)သောင်းတို့ ပျက်စီးဆုံးရှုံး သွားခဲ့ပြီး အောင်တင်လတ်တွင် ယာတံတောင်ဆစ်/လက်ပြင်ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သောကြောင့် ဆိုင်ကယ် မဆင်မခြင်မောင်းနှင်သူ အောင်တင်လတ်အား အမှတ်(၃)လမ်းဆုံအမြန်လမ်းရဲစခန်း ယာဉ်(ပ) ၁၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Ref:ရဲဇာနည်

No comments: