လှည်းကူးဈေးတွင် ဖြစ်ပွားခဲ့သော ယနေ့ ရန်ပွဲကို အကြောင်းပြု၍ လူမျိုးရေးနှင့်ဘာသာရေး ပဋိပက္ခဖြစ်စေရန် လှုံ့ဆော်မှုများရှိနေကြောင်း လှည်းကူး NLD အဖွဲ့ဝင်တဦးက ပြောသည်။ ဧရာဝတီက မတ်လ ၅ ရက် နံနက် ၀: ၃၀ နာရီတွင် လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းထံသို့ ဆက်သွယ်မေးမြန်းရာတွင် ဦးဖြိုးမင်းသိန်းကိုယ်စား လှည်းကူးမြို့နယ် NLD ပါတီတာဝန်ခံတဦးက အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။
“ဦးဖြိုးမင်းသိန်းက အခု ပညာရေးကွန်ရက်ပွဲ(ဂီတရန်ပုံငွေပွဲ) ထဲမှာပါ။
ကျနော်က သူရဲ့ PA ပါ။ လှည်းကူး NLD ကပါ။ ဖြစ်စဉ်ကို အကုန်သိပါတယ်။ အခု
လှည်းကူးကနေ ပြန်ရောက်လာတာပါ။ ကော်ဇောဆိုင် ၂ ဆိုင်။ ဗမာဆိုင်နဲ့ မွတ်စလင်
ဆိုင် ပါ။ အရင်တုန်းကလည်း အဲဒီ ၂ ဆိုင်က ပြဿနာတက်လို့
ခံဝန်ထိုးခိုင်းထားရတယ်။ ဒီနေ့ကျတော့ ဖောက်သည်လုရင်း အဲဒီဆိုင် ၂ ဆိုင်က
အလုပ်သမားတွေ ရန်ဖြစ်ကြတယ်။ အဲဒါက မွတ်စလင် ဆိုင်က အလုပ်သမားက ဗမာဆိုင်က
အလုပ်သမားကို ကတ်ကြေးနဲ့ ထိုးလိုက်တာ မျက်လုံးအောက်က သွေးကြောတွေထိပြီး
ဒဏ်ရာရတယ်။ မျက်လုံး မထိခိုက်ပေမယ့် သွေးတွေ တအားထွက်တယ်။ အဲဒီရန်ပွဲကို
အကြောင်းပြုပြီး ဆူပူမှုဖြစ်အောင် သတ်၊ ဖျက်ဆိုပြီး လှုံ့ဆော်တဲ့သူတွေ
ရှိတယ်။ ၃၀ နဲ့ ၄၀ ကြားရှိတယ်။ မခံနိုင်ဘူး ချဆိုပြီး လုပ်ကြတယ်။
ရဲတွေကိုလည်း စိန်ခေါ်တယ်။ မွတ်စလင် ဆိုင်က အလုပ်သမားကို အခု
ဖမ်းထားပြီးပြီ။ ဒဏ်ရာရတဲ့ ကောင်လေးကိုလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး
ပို့လိုက်ပြီ။ သက်ဆိုင်ရာကလည်း ရဲတပ်အင်အား ၇၀၀ ကျော်လောက်ချထားတယ်။
ရန်ပွဲကို အကြောင်းပြုပြီး လှည်းကူးမှာ အဓိကရုဏ်းတွေဖြစ်အောင်
လုပ်တယ်လို့ပဲ ပြောချင်တယ်” ဟု လှည်းကူး NLD ပါတီတာဝန်ခံက ဆိုသည်။
Ref: The Irrawaddy (Burmese Version)
Ref: The Irrawaddy (Burmese Version)
No comments:
Post a Comment