Wednesday, 2 April 2014

လှည်းကူးသူ/သားများ (အထူးသဖြင့်- လှည်းကူးသူများ) သတိထားဖွယ် အန္တရာယ်



လူငယ်များကွန်ယက်မှ (31.3 .2014)ရက်နေ့ ည(8း00)နာရီအချိန်ခန့်တွင် က)ရပ်ကွက် နွယ်သာကီ(၄)လမ်းအမှတ်(၅၆၂) နေအိမ်တွင် ဗုဒ္ဓဘာသာမြန်မာမိန်ကလေးကလေးတစ်ဦးအား အစ္စလာမ်ဘာသာဝင်တစ်ဦးမှ ခိုးယူလာ၍ (နီကာလ်)ဖတ်၍ အစ္စလာမ်ဘာသာသို့ သွတ်သွင်းနေပါသည်ဟု သတင်းရရှိခဲ့၍ သွားရောက်စုံစမ်းခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး၌ ခေါ်ယူဖြေရှင်းရာတွင် နွယ်သာကီ (၄)လမ်းနေစိုးအောင်(ခ)ရာဇင်(၂၀)နှစ်သည် လှည်းကူးမြို့နယ် ငွေနံ့သာကျေးရွာနေ မ . . . . . . .. . . . (၂၀)နှစ်အား ခိုးယူလာပြီး အစ္စလာမ်ဘာသာသို့ အတင်းအဓမ္မကူးပြောင်းစေပြီး နီကာလ်ဖတ်ကာ ၄င်းဘာသာသို့ ကူးပြောင်းခိုင်းကြောင်းသိရှိရပါသည်။

ထို့ကြောင့် မ/ဥက္ကလာပ မျိုးချစ်လူငယ်များ ကွန်ယက်မှ မိန်းကလေးအား မိမိဘာသာအားစွန့်ခွါခဲ့ပါလျှင် မိမိမွေးဖွားလာသော သားသမီးများ သာသနာ့အမွေမခံယူနိုင်တော့ကြောင်း သားယောက်ကျားလေး မွေးဖွားလာလျှင် ရှင်ပြု ရဟန်းခံပြုလုပ်၍ မရနိုင်ကြောင်း အကျယ်တဝန့်ရှင်းလင်းပြသောအခါ မိန်းကလေးမှာ ချူံးပွဲချငိုကြွေး၍ မိမိမှားသွားပါကြောင်းပြောကာ မိမိအား မိဘများထံပြန် ခေါ်ပေးပါဟုပြောခဲ့သဖြင့် ၄င်းအားခိုးယူလာသော စိုးအောင်(ခ)ရာဇင်အား မိန်းကလေးအား ပြန်ခေါ်သွားမည် ဗုဒ္ဓဘာသာသို့ ကူးပြောင်းနိုင်ပါသလားဟု မေးမြန်းကြည့်ရာ အစ္စလာမ်မှလွဲ၍ မည်သည့်ဘာသာမှ မကူးနိုင် ဟုပြောသဖြင့် ညတွင်းခြင်း လှည်းကူးမြို့နယ်၊ ငွေနံ့သာကျေးရွာသို့ မ/ဥက္ကလာပ မျိုးချစ်လူငယ်များကွန်ယက်မှ အမျိုးသား အမျိုးသမီးအင်အား(၅၀)ကျော်ဖြင့် မိဘများထံအပ်နှံ၍ ဘုရားရှိခိုးသရဏဂုံပြန်လည်တည်ဆောက်ပြီး ဗုဒ္ဓဘာသာအဖြစ်ပြန်လည်ကူးပြောင်းနိုင်ခဲ့ပါတယ်။

မိန်းကလေးပုံမတင်ပေးခြင်းအား နားလည်ပေးကြပါခင်ဗျား။

မျိုးချစ်လူငယ်များကွန်ယက်
မြောက်ဥက္ကလာပမြို့နယ်

No comments: