Saturday, 5 April 2014

လှည်းကူးမြို့နယ်၊ မြို့မဈေးအတွင်း ခိုက်ရန်ဖြစ်ပွားခဲ့မှုအား အရေးယူထားရှိခြင်း

ရန်ကုန်၊ ဧပြီ ၅
၎.၄.၂၀၁၄ ရက်နေ့ ၁၅၄၅ အချိန်တွင် လှည်းကူးမြို့နယ်၊ မြို့မဈေး
အရှေ့ဘက် အမိုးအကာကူရှင်ပြုလုပ်သည့်ဆိုင်ခန်းအမှတ်(၂၇/၂၉/၅၉) ဆိုင်ခန်း(၃)ခုမှ ဦးကိုကိုနိုင်၏သားများဖြစ်သည့် ရန်နိုင်(ခ)ရန်အောင်ကိုကို
(ခ)အွစ္စမန်ပါ(၃)ဦးတို့နှင့် ဆိုင်ခန်းအမှတ်(၁/၂၈)မှ “ချစ်မိတ်ဆွေ”အမည်ရှိ နာရီနှင့် အပိုပစ္စည်းရောင်းဝယ်ရေးဆိုင်မှ သက်ပိုင်ဦး၊ (ဘ)ဦးအောင်ဦးတို့ ခိုက်ရန်ဖြစ်ပွားခဲ့ရာ ရန်နိုင်ပါ(၃)ဦးမှ တုတ်ဖြင့်ရိုက်ပြီး ချွန်ထက်သောအရာဖြင့်ထိုးခဲ့သဖြင့် သက်ပိုင်ဦး၏ မျက်လုံးနှင့် ဦးခေါင်းတို့တွင် ဒဏ်ရာရရှိခဲ့ပါသည်။

ထိုသို့ကျူးလွန်သူများကိုအရေးယူပေးပါရန် သက်ပိုင်ဦး၏မိခင် ဒေါ်ခင်မာဝေမှ တိုင်တန်းချက်အရ လှည်းကူးမြို့မရဲစခန်း(ပ)၁၅၃/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၂၄/၃၂၆ ဖြင့် အမှုဖွင့်အရေးယူခဲ့ပါသည်။
အမှုမှ ပြစ်မှုကျူးလွန်သူများဖြစ်သည့် လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်
နေသူများဖြစ်သော ရန်နိုင်(ခ)ရန်အောင်ကိုကို (ခ)အွစ္စမန်၊ (၂၂)နှစ်၊ (ဘ)ဦးကိုကိုနိုင်၊ ချစ်မင်းကိုကို(ခ)အယ်ရပ်၊ (၁၇)နှစ်၊ (ဘ)ဦးကိုကိုနိုင်၊ ညီညီမောင်(ခ)ရဖစ်၊ (၂၇)နှစ်၊ (ဘ)ဦးလှရွှေတို့(၃)ဦးကို ၄.၄.၂၀၁၄ရက်နေ့ ၁၈၃၀ အချိန်တွင် အမှုဖြင့်ဖမ်းဆီးခဲ့ပြီး အင်းစိန်အကျဉ်းထောင်သို့ ပို့အပ်ချုပ်နှောင်ထားရှိပါသည်။

ဖြစ်စဉ်မှဒဏ်ရာရရှိသူ သက်ပိုင်ဦးအား လှည်းကူးမြို့နယ်ဆေးရုံမှတစ်ဆင့် ရန်ကုန်၊ မျက်စိအထူးကု ဆေးရုံ(ကန်တော်ကြီး)သို့ လွှဲပြောင်းပို့အပ်ကုသ
ခဲ့ရာ သက်ပိုင်ဦး၏ ယာဘက်မျက်လုံးဒဏ်ရာမှာ မျက်စိကိုထိခိုက်ခြင်းမရှိဘဲ မျက်လုံးအောက် မျက်ခမ်း၌ပေါက်ပြဲဒဏ်ရာရရှိခဲ့ခြင်းဖြစ်သဖြင့် (၆)ချက်ချုပ်
ကုသခဲ့ရပြီး ဒဏ်ရာမှာစိုးရိမ်ရသည့်အခြေအနေမရှိသောကြောင့် ၅.၄.၂၀၁၄ ရက်နေ့ ၀၇၁၅ အချိန်တွင် ဆေးရုံ၏ခွင့်ပြုချက်အရ ပြန်လည်ဆင်းသွားခဲ့
ကြောင်းသတင်းရရှိပါသည်။

Ref: Yangon Police

No comments: