ရန်ကုန်တိုင်းဒေသကြီး၂၀၁၄ ခုနှစ် လှည်းကူးမြို့နယ် အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှုဖွင့်ပွဲ အခမ်းအနား ကို ယနေ့ နံနက်(၈)နာရီတွင် လှည်းကူးမြို့နယ်
အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်း ခန်းမ၌ကျင်းပရာ
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက အမှာစကားပြောကြားရာတွင်
နိုင်ငံတော် အနေဖြင့် လူတိုင်းတစ်ယောက်မကျန်စာတတ်မြောက်ရေးကို
ဦးတည်ဆောင်ရွက်လျက်ရှိရာ နိုင်ငံ အတွင်း
အနည်းငယ်ကျန်ရှိနေသော ကျောင်းနေခွင့်မရခဲ့ကြသည့် ကျောင်းနေအရွယ်ကလေးများကို ကောက်သင်း ကောက်စာရင်းကောက်ယူပြီး ကျောင်းပြင်ပမူလတန်းပညာရေး အစီအစဉ်ဖြင့် အခြေခံပညာ မူလတန်း သင်ယူမှုပြီးမြောက်အောင် သင်ကြားပေးလျက်ရှိကြောင်း၊ ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်ဖြင့်
အခြေခံပညာမူလတန်းအဆင့်သင်ယူမှုပြီးမြောက်သူများကို အခြေခံပညာ အလယ်တန်းအဆင့်ပညာများ ဆက်လက်သင်ယူခွင့်ရရှိစေရေးအတွက် ကျောင်းပြင်ပအလယ်တန်း ပညာရေးအစီအစဉ်ကို ဆောင်ရွက် နေပြီဖြစ် ကြောင်း၊
ရာနှုန်းပြည့်လူတိုင်းစာတတ်မြောက်ရေးအတွက် အနည်းငယ်မျှ ကျန်ရှိသော စာမတတ် သူများကို အခြေခံစာတတ်မြောက်စေရန်ရည်မှန်းချက်ဖြင့် လူတိုင်းအခြေခံ စာတတ်မြောက်ရေး ပါဝင်လုပ်အားပေးကြသော ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်နှင့် နိုင်ငံခြားဘာသာ တက္ကသိုလ်များမှ တာဝန်ရှိသူများ၊ လုပ်အားပေးကြီးကြပ် ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ပညာဒါနပေးဝေကြသူအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပြီး အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှု အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသည့် ငွေကျပ် (၁၀)သိန်းအား ပေးအပ်လှူဒါန်းသည်။
အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လှည်းကူးမြို့နယ် ကျွန်းကလေး ကျေးရွာ ရွှေမှန်တင်ဘုန်းကြီးကျောင်း၌ စာသင်ဝိုင်းများဖြင့် သင်ကြားနေမှုများကို လှည့်လည်ကြည့်ရှု အားပေး သည်။
ရန်ကုန်တိုင်းဒေသကြီး ၂၀၁၄ ခုနှစ် အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှုကို မြောက်ပိုင်းခရိုင်တွင် လှည်းကူးမြို့နယ် နှင့် ထန်းတပင်မြို့နယ်၊ တောင်ပိုင်းခရိုင်တွင် ဆိပ်ကြီးခနောင်တိုမြို့နယ်များ၌ ရန်ကုန် တက္ကသိုလ်၊ဒဂုံတက္ကသိုလ်နှင့် နိုင်ငံခြားဘာသာတက္ကသိုလ်များမှ လုပ်အားပေး ကျောင်းသား၊ ကျောင်းသူ (၂၉၅)ဦး၊ ကြီးကြပ်သူ ဆရာ ဆရာမ(၂၈)ဦးဖြင့် စာသင်ဝိုင်း(၂၆၁)ဝိုင်း၊ စာသင်သား (၂၄၁၄)ဦးတို့အား ဧပြီ(၁) ရက်မှ မေ(၁၅)ရက် အထိ သင်ကြားပေးမည်ဖြစ်သည်။
Ref: MOI Webportal Myanmar

No comments:
Post a Comment