Tuesday, 15 April 2014

သင်္ကြန်ကာလအတွင်း လှည်းကူးနယ်မှာ ကွဲကွာနေသော ခင်ပွန်းမှ ဇနီးဖြစ်သူကို ဓါးဖြင့်ခုတ်၍သေဆုံး

ရန်ကုန်၊ ဧပြီ ၁၅
၁၄.၄.၂၀၁၄ ရက်နေ့ ၂၀၀၀ အချိန်တွင် လှည်းကူးမြို့နယ်၊ ညောင်တခြမ်း
ကျေးရွာနေ ဦးတင်ဝင်း မှ ၎င်းသည် နေအိမ်တွင်ရှိနေစဉ် သမီးဖြစ်သူ မမိချို(ခ)မမြင့်မြင့်သန်း၊ (၃၇)နှစ်အား ၎င်း၏ကွဲကွာနေသော ခင်ပွန်းဖြစ်သူ
မောင်ရင်လှ၊ (၃၉)နှစ်၊ (ဘ)ဦးလှသိန်းမှ ဓါးဖြင့်ခုတ်၍ ရွာအရှေ့ပိုင်းရှိ
နေအိမ်များနောက်ဖေးတွင်သေဆုံးနေကြောင်းကြားသိရသဖြင့်သွားရောက်
ကြည့်ရှုခဲ့ပါသည်။

အခင်းဖြစ်နေရာတွင် သမီးဖြစ်သူ မမိချို(ခ)မမြင့်မြင့်သန်းမှာ ဦးခေါင်းထိပ်
ပြတ်ရှဒဏ်ရာ(၁)ချက်၊ ၀ဲဒူး ပြတ်ရှဒဏ်ရာ(၁)ချက်၊ ၀ဲပေါင်ရင်ြး့ပတ်ရှ
ဒဏ်ရာ(၁)ချက်ရရှိကာ သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ လွန်ခဲ့သော(၁)လခန့်ကတည်းက သမီးဖြစ်သူနှင့်
ကွဲကွာနေသော ခင်ပွန်းဖြစ်သူ မောင်ရင်လှမှ သားဖြစ်သူ ပြည့်ဖြိုးကျော်၊ (၂)နှစ်ကို လာရောက်ခေါ်ဆောင်သည့်ကိစ္စနှင့် စကားများကြရာမှ ဓါးဖြင့်
ခုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ယင်းသို့ပြစ်မှုကျူးလွန်သူ မောင်ရင်လှ ကို အရေးယူပေးပါရန် ဦးတင်ဝင်းမှ တိုင်တန်းလာသဖြင့် လှည်းကူးမြို့မရဲစခန်း(ပ)၁၆၃/၂၀၁၄၊
ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေး ဆောင်ရွက် လျက်ရှိ
ကြောင်း သတင်းရရှိပါသည်။

Ref: Yangon Police

No comments: