Saturday, 5 April 2014

လှည်းကူးအရေးအခင်းမှာ ရဲတပ်ဖွဲ့ဝင်များကို လောက်လေးခွဖြင့် ပစ်ခတ်သော ဆယ်ကျော်သက် ၂ ဦး ဖမ်းဆီးခံရ

ရဲတပ်ဖွဲ့ဝင်များကို လောက်လေးခွဖြင့် ပစ်ခတ်သော ဆယ်ကျော်သက် ၂ ဦး ဖမ်းဆီးခံရ
လှည်းကူးမြို့တွင် လုံခြုံရေးယူနေသော ရဲတပ်ဖွဲ့ဝင်များကို ဆယ်ကျော်သက်အရွယ် လူငယ် ၂၀ ခန့် ပါဝင်သော လူစုလူဝေး တခုက လောက်ခွများဖြင့် ပစ်ခတ်ခြင်း၊ ခဲများဖြင့် ပစ်ခတ်သဖြင့် ရဲတပ်ဖွဲ့ဝင်များက လိုက်လံ ဖမ်းဆီးရာ လူငယ် ၂ ဦး ဖမ်ဆီးရမိကြောင်း လှည်းကူးတွင် ရောက်ရှိနေသော ဧရာဝတီသတင်းထောက်က ပြောသည်။ 

“ဆယ်ကျော်သက်တွေ ၂၀ နဲ့ ၃၀ ကြားရှိမယ်။ ၁၄ နှစ် ၊ ၁၅ နှစ်လေးတွေ ။ လက်ထဲမှာလည်း လေးခွ၊ တုတ်တွေ ကိုင်ထားတယ်။ တချို့ကလေးတွေဆိုရင် တော်တော်ကို ငယ်တယ်။ ကလေးမှ တကယ် ကလေးလေးတွေ။ သူတို့တွေက ရဲတွေနားသွားလိုက် ပစ်တာ၊ ခတ်တာလုပ်တယ်။ အခုတော့ ၂ ယောက် ဖမ်းထားတယ်။ သူတို့လေးတွေပဲ လမ်းပေါ်မှာရှိတော့တယ်။ လတ်တလောထိတော့ ဆိုးဆိုးဝါးဝါးကြီး ဘာမှ မဖြစ်တော့ဘူး။ လုံခြုံရေး အင်အားကလည်း နိုင်နင်းတယ်တဲ့ပုံပဲ” ဟု ဧရာဝတီသတင်းထောက်က ပြောသည်။

Ref: ဧရာဝတီ

No comments: