၂၀.၄.၂၀၁၄ရက်နေ့ ၀၈၀၀အချိန် လှည်းကူးမြို့နယ်၊ ရန်ကုန်-ပဲခူးကားလမ်း
အတိုင်း လှည်းကူးဘက်မှ ပဲခူးဘက်သို့ ယာဉ်မောင်း ဦးလှမော် (၅၂)နှစ်၊ (ဘ)ဦးထွန်းကြိုင်၊ ရန်ကင်းမြို့နယ်နေသူ မောင်းနှင်လာသော 6D--- ALPHARD အဖြူရောင် ကိုယ်ပိုင်ယာဉ်သည် ရဲမွန်လမ်းသစ်မှတ်တိုင်အနီး
အရောက်အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ဘေးအစပ်တွင်ရပ်ထားသော အမှတ်(၁၇၁)ယာဉ်လိုင်းမှ ၂ခ/--- ဒိုင်နာခရီးသည်တင်ယာဉ်၏ နောက်တွင်
ရပ်နေသူ ကိုဝင်းဇော်ဦးကို ၀င်ရောက်တိုက်မိပြီး ၎င်းဒိုင်နာယာဉ်အား
ဆက်လက်တိုက်မိခဲ့ပါသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ် (၂)စီးပျက်စီးကာ ယာဉ်တိုက်ခံရသူ ကိုဝင်ဇော်ဦးတွင် ဦးခေါင်း နောက်စေ့ပေါက်ပြဲ၊ ၀ဲ/ယာလက်ဖူးရောင်၊ ၀ဲခြေထောက်ပြတ်၊ ၀မ်းဗိုက်ပွင့်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်
သေဆုံးသွားခဲ့ပါသည်။
ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း လှမော်အား လှည်းကူးမြို့မရဲစခန်းယာဉ်(ပ) ၃၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉/
Ref: Yangon Police
No comments:
Post a Comment