ရန်ကုန်၊ ဧပြီ ၂၈
၂၈.၄.၂၀၁၄ရက်နေ့ ၀၅၄၅အချိန် လှည်းကူးမြို့နယ်၊ အမှတ်(၂)လမ်း
အတိုင်း ရှမ်းတဲကြီးအထက် ကျေးရွာဘက်မှ ဆားတလင်းကျေးရွာဘက်သို့
သက်တင်ဦး(၂၃)နှစ်၊ (ဘ)ဦးကျော်ခိုင်၊ ရှမ်းတဲကြီးအောက်ကျေးရွာ၊
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နေသူစီးနင်းမောင်နှင်လာသော ၁၄ယ/----
KEMBO-125 အနက်ရောင် ဆိုင်ကယ်သည် မိုင်တိုင်အမှတ်(၂၃)အနီး
အရောက်
အရှိန်လွန်ကာ ယာဘက်လမ်းဘေး၌ ရပ်ထားသော ယာဉ်မောင်း
မောင်မြင့်ကျော်မောင်းနှင်သည့် ၄ခ/---၊ နစ်ဆန်းယူဒီ (၆)ဘီးယာဉ်၏
နောက်ပိုင်းအား ၀င်ရောက်တိုက်မိခဲ့ပါသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ဆိုက်ကယ်ပျက်စီးပြီး ဆိုင်ကယ်မောင်းနှင်သူ
သက်တင်ဦးတွင် နဖူးနှင့် ဦးခေါင်းနောက်စေ့ပေါက်ပြဲ၊ လည်ပင်းပွန်းခြစ်၊
နှာခေါင်းနှင့် ပါးစပ်တို့တွင် သွေးထွက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပါသည်။
ယင်းကဲ့သို့ ဆိုင်ကယ်မဆင်မခြင်မောင်းနှင်သူ သက်တင်ဦးအား
ဒါးပိန်းနယ်မြေရဲစခန်း ယာဉ်(ပ)၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့်
အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။
Ref: Yangon police
No comments:
Post a Comment