Wednesday, 30 April 2014

လှည်းကူး ဆရာအတတ်သင်တွင် ဆရာကန်တော့ပွဲ ကျင်းပမည်

မေလ(၄)ရက် တနင်္ဂနွေနေ့ တွင် လှည်းကူးဆရာအတတ်သင် ကျောင်း တွင် လက်ဆင့်ကမ်း အမွေပေးဝေခဲ့သော ဆရာ၊ ဆရာမကြီးတို့အားအမွေခံ ဆရာဆရာမတို့၏  ကျေးဇူးသိတတ် ကန်တော့ပွဲ ကျင်းပမည်။

Ref: Hlegu Tsp

လှည်းကူးသားများ သက်ဆိုင်ရင် ကန့်ကွက်နိုင်ပါသည်တဲ့



(ယခင်-လှည်းကူးပိုင်) ယခု-ဒဂုံဆိပ်ကမ်းပိုင် ညောင်ပင်ရွာမှာ လူသတ်မှု့ဖြစ်

ရန်ကုန်၊ ဧပြီ ၂၉

၂၈.၄.၂၀၁၄ ရက်နေ့ ၁၃၀၅ အချိန် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ညောင်ပင်ကျေးရွာအရှေ့ဘက်
လယ်ကွင်းအတွင်း၌ အမျိုးသားတစ်ဦးဒဏ်ရာများဖြင့် လဲကျ သေဆုံးနေ
ကြောင်း ညောင်ပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးမှ အကြောင်း ကြားလာသဖြင့် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ၎င်းကျေးရွာနေ ဦးရဲနိုင်၏နေအိမ်တွင် လယ်သူရင်းငှားလုပ်သူ ဦးအေးငြိမ်း၊ (၅၂)နှစ်ဖြစ်ကြောင်းသိရှိရပြီး လယ်ကန်သင်းရိုးဘေးတွင် မှောက်လျက်အနေအထားဖြင့် ဦးခေါင်းထိပ်
ပြတ်ရှ ဒဏ်ရာ(၂)ချက်ရရှိကာ သေဆုံးနေသည်ကို တွေ့ရှိရပါသည်။

ယင်းကဲ့သို့ ဦးအေးငြိမ်းသေဆုံးရခြင်းနှင့်ပတ်သက်၍ စုံစမ်းအရေးယူပေး
ပါရန် ညောင်ပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးမှ တိုင်တန်းလာ
သဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ သရက်ပင်ချောင်နယ်မြေရဲစခန်း
(ပ)၂၄/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့်အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူကို စုံစမ်း
ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။


Ref: ရဲဇာနည်

Tuesday, 29 April 2014

လှည်းကူးမှ သမီးလေးလက်ကျန်များကို ကြံ့ဖွံ့မှ ရေ မီး အိမ် မြေ အပိုင်ပေးဟုဆို


ရဲမွန်တပ်မြို့ထိပ်မှာ လမ်းဖြတ်ကူးသူကို ကားတိုက်ပြန်ပြီ

ရန်ကုန်၊ ဧပြီ ၂၈

၂၇.၄.၂၀၁၄ရက်နေ့ ၁၄၃၀အချိန် လှည်းကူးမြို့နယ်၊ ရန်ကုန်-ပဲခူးလမ်း
အတိုင်း ရန်ကုန်ဘက်မှ ပဲခူးဘက်သို့ ယာဉ်မောင်း ထိန်လင်းဇော် (၃၁)နှစ်၊ (ဘ)ဦးလှိုင်ရွှေ၊ (၆)ရပ်ကွက်၊ ပခုက္ကူမြို့နယ်နေသူ မောင်းနှင်သော ၁င/---- NISSAN UD အမျိုးအစား နောက်တွဲပါ အပြာရောင်ယာဉ်သည် ရဲမွန်တပ်မြို့ထိပ် အရောက် လမ်းဖြတ်ကူးသူ လှည်းကူးမြို့နယ်နေ ကိုဟန်လင်းအောင် (၂၈)နှစ်ကို ၀င်ရောက်တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ကိုဟန်လင်းအောင်တွင် အပေါ်နှုတ်ခမ်းဖူးရောင်၊ ၀ဲနားနောက်ပေါက်ပြဲ၊ ၀ဲနား သွေးထွက်ဒဏ်ရာများရရှိခဲ့၍ လှည်းကူး
ဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ အတွင်းလူနာ(မစိုးရိမ်ရ) အဖြစ်တင်ပို့ကုသခဲ့ရပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ထိန်းလင်းဇော်အား လှည်းကူးမြို့မရဲစခန်း ယာဉ်(ပ)၃၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈ ဖြင့်အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်းသတင်းရရှိပါသည်


Ref: Yangon Police

လှည်းကူးနယ်မှာ ဆိုင်ကယ်မှ ရပ်ထားသောယာဉ်ကို ၀င်ရောက်တိုက်မိ၍ ဆိုင်ကယ် မောင်းနှင်သူသေဆုံး

ရန်ကုန်၊ ဧပြီ ၂၈

၂၈.၄.၂၀၁၄ရက်နေ့ ၀၅၄၅အချိန် လှည်းကူးမြို့နယ်၊ အမှတ်(၂)လမ်း
အတိုင်း ရှမ်းတဲကြီးအထက် ကျေးရွာဘက်မှ ဆားတလင်းကျေးရွာဘက်သို့ သက်တင်ဦး(၂၃)နှစ်၊ (ဘ)ဦးကျော်ခိုင်၊ ရှမ်းတဲကြီးအောက်ကျေးရွာ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နေသူစီးနင်းမောင်နှင်လာသော ၁၄ယ/---- KEMBO-125 အနက်ရောင် ဆိုင်ကယ်သည် မိုင်တိုင်အမှတ်(၂၃)အနီး
အရောက် အရှိန်လွန်ကာ ယာဘက်လမ်းဘေး၌ ရပ်ထားသော ယာဉ်မောင်း မောင်မြင့်ကျော်မောင်းနှင်သည့် ၄ခ/---၊ နစ်ဆန်းယူဒီ (၆)ဘီးယာဉ်၏ နောက်ပိုင်းအား ၀င်ရောက်တိုက်မိခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဆိုက်ကယ်ပျက်စီးပြီး ဆိုင်ကယ်မောင်းနှင်သူ သက်တင်ဦးတွင် နဖူးနှင့် ဦးခေါင်းနောက်စေ့ပေါက်ပြဲ၊ လည်ပင်းပွန်းခြစ်၊
နှာခေါင်းနှင့် ပါးစပ်တို့တွင် သွေးထွက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပါသည်။

ယင်းကဲ့သို့ ဆိုင်ကယ်မဆင်မခြင်မောင်းနှင်သူ သက်တင်ဦးအား ဒါးပိန်းနယ်မြေရဲစခန်း ယာဉ်(ပ)၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။


Ref: Yangon police

Friday, 25 April 2014

ကျွန်တော် နဲ့ ကိုဝင်းတင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သူ စာရေးဆရာ၊ ဒါရိုက်တာ ဦးမိုးသူက ကွယ်လွန်သူ ဦးဝင်းတင်အကြောင်း ဧရာဝတီကို ပြန်ပြောင်းပြောဆိုချက်ထဲမှ ကောက်နှုတ်တင်ပြခြင်းဖြစ်သည်။)

ကိုဝင်းတင်ကို  သဘောထား တင်းမာတယ်လို့ ပြောကြတယ်။ သဘောထား တင်းမာတာ မဟုတ်ဘူး ။ ယုံကြည်ချက် ခိုင်မာတာ ။ အယူအဆတွေ မတူခဲ့ရင် ညှိနှိုင်းတိုင်ပင် ဆွေးနွေးရမယ်ဆိုတာ ကိုဝင်းတင်ရဲ့ အယူအဆပါ ။ ဒါပေမယ့်  ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်နဲ့ လက်တွဲ အလုပ်လုပ်ပြီး နားလည် ခွင့်လွှတ်ပေးနိုင်ခဲ့ပေမယ့် ကိုဝင်းတင်ကတော့ စစ်တပ်ကို ခွင့်မလွှတ် ၊ မကျေလည်ဘူးလို့ ပြောဆိုခဲ့တယ်။ အဲဒါကို ကျနော်လည်း သဘောတူတယ်။

၈၈ ကာလတုန်းက စာရေးဆရာသမဂ္ဂဆိုပြီး ထောင်ထားတဲ့ ကျနော်ရယ် ၊ ကိုဝင်းတင်ရယ်၊  မောင်သော်ကတို့က Artist လို့ခေါ်တဲ့ လွတ်လပ်မှုကို ခုံမင်တဲ့ အနုပညာသမားတွေ အဖြစ်နဲ့ စစ်တပ်ကို လမ်းပေါ်ထွက်ပြီး ဆန့်ကျင်ခဲ့ကြတယ်။ အဲဒီအချိန်မှာ ကျနော်တို့ ၃ ယောက်က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးမှာ ပါလာအောင် စည်းရုံးခဲ့တာလို့ ပြောကြတယ်။ တကယ်တော့ အဲလိုချည်းလည်း မဟုတ်ဘူး။

၈၈ ကာလမှာ ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက်တစောင် ထုတ်လိုက်တယ်။ အဲဒီမှာ ကျနော်ရယ် ၊ ကိုဝင်းတင်ရယ်၊ မောင်သော်ကရယ် ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့ကြတယ်။ အဲဒီမှာ ပထမဆုံး ဒေါ်အောင်ဆန်းစုကြည်ကို အင်တာဗျူးတခုလုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။
ကိုဝင်းတင်က ဒေါ်အောင်ဆန်းစုကြည်ကို အင်တာဗျူးတခု လုပ်ခဲ့တယ်။ အဲဒီအချိန်က ကိုဝင်းတင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ တယောက်နဲ့ တယောက် မသိကြသေးပါဘူး။ အဲဒီကာလက ကိုဝင်းတင် လုပ်ခဲ့တဲ့ အင်တာဗျူးကလည်း တော်တော်ထူးခြားတယ်။ အဲဒီ နောက်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည် အိမ်မှာရှိတဲ့ ကျောက်စားပွဲဝိုင်းလေးမှာ ကျနော်တို့ မကြာခဏ တွေ့ဆုံဖြစ်ခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင် နိုင်ငံရေးပါတီတခု ထူထောင်ဖို့ ဆုံးဖြတ်ပြီးတဲ့ နောက်ပိုင်းမှာတော့ ကျနော်နဲ့ ဦးဝင်းတင်နဲ့ကို သူ့အိမ်ကို လာဖို့ ဖိတ်ခေါ်ခဲ့တယ်။
ကျနော်တို့ စိတ်ထဲမှာ ထင်ထားတာက အဲဒီအချိန်မှာ သခင်တင်မြတို့ ၊ ဦးထွေးမြင့်တို့က ဒေါ်စုခြံထဲမှာ နေကြတာ။ အဲလို လူတွေနဲ့ ဒေါ်စု ပါတီထောင်မယ်ပေါ့ ။ အဲဒါနဲ့ ကျနော်တို့က ဘာမှမပြောတော့။ မဟုတ်ဘူးတဲ့ ကျမက ဆရာတို့နဲ့ ပါတီထောင်မှာတဲ့ ။ ဆရာတို့ ဆိုတာ အရေးတော်ပုံကာလမှာ လုပ်ကြတဲ့ လူတွေလို့ ပြောတယ်။
အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်က ကိုဝင်းတင်ကို ဆရာက ပါတီအတွင်းရေးမှူး လုပ်ရမယ်လို့ ပြောတယ်။ ကိုဝင်းတင်က နိုင်ငံရေး နားမလည်ဘူးဆိုပြီး ငြင်းသေးတယ်။ ဒေါ်စုက အတင်း လုပ်ရမယ်ဆိုလို့ ကိုဝင်းတင်က လက်ခံလိုက်တာ။

နောက်ပိုင်း ပါတီမှာ လူတွေ ရွေးဖို့လည်း ကျနော်တို့ နှစ်ယောက်ကို ခိုင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူတယောက်ထည့်မယ်လို့ ပြောပြီး တယောက်ရွေးပေးခဲ့တယ်။ အဲဒါက ကိုဆွေလို့ ခေါ်တဲ့ အခု NDF ပါတီကို ရောက်နေတဲ့ ဦးခင်မောင်ဆွေပဲ။ ကျနော်တို့က ဆရာဝန်တွေ ၊ ရှေ့နေတွေ ၊ အနုပညာရှင်နဲ့ စာပေသမားတွေ အများစုပါတဲ့ လူတွေစာရင်းကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးခဲ့တယ်။

ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်ကို သွားခေါ်ခဲ့တာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ဦးဆောင်မှု နောက်ကို ကျနော်တို့ လိုက်ခဲ့ကြရတာ ။ အခုလူတွေက ကျနော်ရယ် ၊ ကိုဝင်းတင်ရယ် ၊ ဦးသော်ကတို့က ဒေါ်စုကို နိုင်ငံရေး ထဲပါလာအောင် ဆွဲခေါ်ခဲ့ကြတယ်လို့ ပြောကြတယ်။ တကယ်က ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ထက် စာပိုတတ်တယ်။ သူက နိုင်ငံရေးသမားဗျ။
အဲဒီနောက်ပိုင်းမှာတော့ ကိုဝင်းတင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ၀န်းရံပေးခဲ့တယ်။ ၂၀၁၅ ရွှေးကောက်ပွဲအထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ၀န်းရံပေးမယ်လို့ ကျနော့်ကို ပြောတယ်။ အဲဒီနောက်ပိုင်းတော့ သူမပါတော့ဘူးတဲ့။ အခုတော့ ၂၀၁၅ ထိတောင် မရောက်နိုင်တော့ဘူး။

၁၉၈၉ မှာ ကိုဝင်းတင်ရယ် ၊ ကျနော်နဲ့ မောင်သော်က တို့ကို စစ်ကြောရေးကနေပြီးတော့ အင်းစိန်ထောင်ကို ပို့လိုက်တာ သတိရမိသေးတယ်။
ကျနော်တို့ အဖမ်းခံရတော့ ထောက်လှမ်းရေးက ကျနော်နဲ့ ကိုဝင်းတင်နဲ့ကို ဘာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ဆရာတင်ရတာလဲလို့ မေးတယ်။ ခဏခဏမေးတော့ ကျနော်က စိတ်တိုလာတယ်။ အဲဒါနဲ့ ပြောလိုက်တယ်။ ဒီမှာလို့ မောင်မိုးသူ ၊ ကိုဝင်းတင်နဲ့ မောင်သော်ကဆိုတဲ့ စာရေးဆရာ ၃ ကောင်ဟာ သူများကို မပြောနဲ့ တယောက်နဲ့ တယောက်နဲ့တောင် ဆရာမတင်ဘူးလို့ ။ ဒါပေမယ့် နိုင်ငံရေးကိစ္စမှာ ဒီအမျိုးသမီးကို ဆရာတင်ရတာ ကျုပ်တို့ထက် တော်လို့ပဲလို့ ပြောလိုက်တယ်။
အစိုးရကလည်း အဲဒီကာလတွေမှာ ထုတ်ခဲ့တဲ့ စာအုပ်အစိမ်းနဲ့ အနီမှာ  ဒေါ်အောင်ဆန်းစုကြည်က အင်မတန် ပါးနပ်ပြီးတော့ တကယ့်လူ ၃ ယောက်ကို ကောင်းကောင်းအသုံးချနိုင်ခဲ့တယ် ဆိုပြီး ရေးတာမျိုးတွေ ရှိတယ်။

တချို့က ဒီလူ ၃ ယောက်က မနူးမနပ် နိုင်ငံရေးပါးမ၀သေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စည်းရုံးတယ်လို့ ဆိုတဲ့ ရေးတာမျိုးတွေလည်း ပါတယ်။
ထောင်ထဲရောက်တော့ ဆရာမောင်သော်ကက ကျနော့်လက်ပေါ်မှာပဲ ဆုံးသွားပါတယ်။
၁၉၉၂ ခုနှစ်မှာ ကျနော် ပြန်လွတ်ခဲ့ပေမယ့် ကိုဝင်းတင်ကတော့ ကျန်ခဲ့တယ်။ ၁၉၉၆ ခုနှစ်မှာ ကျနော် ထောင်ထဲပြန်ရောက်တော့ ကိုဝင်းတင်က ကျနော့်ကို စောင့်နေတုန်းပဲ။ စစ်အစိုးရက ဘယ်နိုင်ငံရေး အကျဉ်းသားတွေကိုပဲ လွှတ်လွှတ် ၊ ကိုဝင်းတင်ကိုတော့ မလွှတ်ဘူး။
ကိုဝင်းတင်ကလည်း ထောင်ထဲမှာ အလကား အချိန်ကုန်ခံ မနေဘူး။ ကဗျာ ၊ စာပေ မျိုးစုံကို ရတဲ့နည်း ရေးနေတာ။ ကျားရဲလို ကဗျာမျိုးတွေ၊  ဘကြီးပွားနဲ့ ထိပ်တုံး ဘီလူးလို့ခေါ်တဲ့ ပြဇာတ်ရှည်ကြီးတွေ ရေးခဲ့သေးတယ်။
သူရေးတဲ့ ကဗျာ ပြဇတ်ကြီးက အရှည်ကြီး။ လူပေါင်းစုံ အကြောင်းပါတယ်။ အစိုးရအကြောင်း ၊ သူ့အကြောင်း ၊ ကျနော်တို့ အကြောင်း အကုန်ပါတယ်။

ကိုဝင်းတင် ထောင်ကထွက်လာတော့ NLD ပါတီ ခေါင်းဆောင်တချို့က ၂၀၁၀ ရွှေးကောက်ပွဲဝင်ဖို့ ပြင်နေကြတဲ့အချိန်။ အဲဒီမှာ ကိုဝင်းတင်က အဲဒါကို လုံးဝ လက်မခံဘူး။ နေအိမ်အကျယ်ချုပ်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကပါ သဘောမတူလို့ ၂၀၁၀ ရွေးကောက်ပွဲ မ၀င်ဘူးဆိုတဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းထွက်လာတာ။
အဲဒီအချိန်မှာ ကျနော်ရယ်၊ ကိုဝင်းတင်ရယ် လူထုစိန်ဝင်းဆီကို သွားပြီး NLD ကို တွယ်ဖို့ သွားပြောတယ်။ အဲဒီအချိန်ကတည်းက ဆရာ လူထုဦးစိန်ဝင်းက NLD ကို ဝေဖန်တဲ့ ဆောင်းပါးတွေ တောက်လျှောက်ရေးတော့တာပဲ။
အဲဒီနောက်ပိုင်းမှာ ကိုဝင်းတင် ကျန်းမာရေးမကောင်းတာတွေ ကြားရတယ်။

ကျနော်က သူတက်တဲ့ Green Cross ဆေးရုံဆိုတာကို သိပ်သဘောမကျဘူး။ ဒါပေမယ့် သူက ဘာပြောလဲဆိုတော့ နိုင်ငံရေးသမား တော်တော်များများ ဆေးရုံတက်ရင် ဒီမှာတက်တာတဲ့ ။ ငါက ဘာကောင်မို့လို တခြားနေရာ သွားရမှာလဲဆိုပြီး ပြောသေးတယ်။
နောက်ပိုင်း ဝိတိုရိယ ရောက်သွားတယ်။ ဒါပေမယ့် နှလုံးစက်က ဆေးရုံကြီးက ပိုကောင်းတယ်ဆိုပြီး ရန်ကုန်ဆေးရုံကြီး ရောက်သွားတာ။ သူက အူပိတ်တယ်။ နောက် သွေးဝမ်းသွားတယ်။ သွေးဝမ်းရပ်တော့ တော်တော်ကောင်း သွားသေးတယ်။ နောက်ကျ ဆီးမသွားတော့ဘူး။  ပြီးတော့ ကျောက်ကပ် ဖြစ်တယ်။
ကျနော်က သူကျောက်ကပ် ဆေးတာကို သိပ်သဘောမကျဘူး။ ကျနော်တွေ့သလောက်က ကျောက်ကပ်ဆေးတဲ့သူ တော်တော်များများ သေတာချည်းပဲ။
ပထမအကြိမ် ကျောက်ကပ်ဆေးပြီးတဲ့ အချိန်မှာ ဒေါ်စုလည်း ဂျာမနီက ပြန်လာပြီ။ ကျနော်လည်း သွားတော့ ICU အခန်းထဲမှာ ဒေါ်စုနဲ့ ပေါ်ဦး ရှိနေတယ်။ အဲဒီအချိန်မှာ ကိုဝင်းတင်က စကားတွေ ပြောနေတုန်းပဲ ။  ကဗျာတွေ အကြောင်း ပြောတယ်။ ဒေါ်စုကို သူရေးတဲ့ ကဗျာတွေ မှတ်မိရဲ့လားလို့ ပြောတယ်။ ဒေါ်စုကလည်း ဆရာ သိပ်စကားမပြောနဲ့ ကျမ အကုန်မှတ်မိတယ်လို့ ပြန်ပြောတယ်။

နောက် ဗိုလ်ချုပ်အောင်ဆန်းက ဘယ်လို ဘာညာဆိုပြီး ပြောတယ်။ ဒေါ်စုက ရယ်စရာ ထပြောတယ်။ ဆရာတဲ့ ဖေဖေက ပြောတယ်တဲ့။ မွေးထားတဲ့ သားသမီးတွေထဲမှာ ကျမက အချောဆုံး၊ အတော်ဆုံးလို့ ပြောဖူးတယ်တဲ့။ ကျနော်တို့ ၃ ယောက် အခုလို မပြောခဲ့ဖူးဘူး။ နိုင်ငံရေး ကိစ္စနဲ့ပဲ ပြောခဲ့ကြတာ။

ပြီးတော့ ဒေါ်စုက ဥရောပက ၀ယ်လာတဲ့ ချောကလက်တွေ ဦးဝင်းတင်ကို ပေးတယ်။ အဲဒီအချိန်မှာ ဦးဝင်းတင်က မိုးသူကို ကျွေးလိုက်ဦးလေတဲ့။ ဒေါ်စုက ချောကလက်လေးတခု ကျနော့်ကို ပေးတယ်။ တို့အချင်းချင်း နောက်ခွင့်ပြောင်ခွင့်က အဲဒီအချိန်လေးပဲ ရခဲ့တာ။
ဦးဝင်းတင်က လူတိုင်းကို လေးလေးစားစား ဆက်ဆံတယ်။ ပြောင်တာ နောက်တာမရှိသလောက် ရှားတယ်။ ကျနော်နဲ့ တွေ့ရင်တော့ မရဘူး။ ကျနော့်ကို ကဗျာတောင်စပ်ပြီး နောက်သေးတယ်။ ” နုတ်ခမ်းမွှေးနဲ့ ငမိုး မန္တလေးကို ဒိုး” ဆိုတာတောင် ပါသေးတယ်။

(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သူ စာရေးဆရာ၊ ဒါရိုက်တာ ဦးမိုးသူက ကွယ်လွန်သူ ဦးဝင်းတင်အကြောင်း ဧရာဝတီကို ပြန်ပြောင်းပြောဆိုချက်ထဲမှ ကောက်နှုတ်တင်ပြခြင်းဖြစ်သည်။)

Ref:  ဧရာဝတီ

NLD နာယကကြီး ဘဘ ဦးဝင်းတင်အတွက် NLD(Australia) မှ ပေးပို့သည့် ၀မ်းနည်းကြောင်းသ၀ဏ်လွာ


လှည်းကူးမှာ အဘဦးဝင်းတင်-အားရည်စူးပြီး ရက်လည်ဆွမ်းသွတ် အခမ်းအနား လုပ်မည်

၂၇-၄-၂၀၁၄၊ တနင်္ဂနွေနေ့၌ လှည်းကူးမြို့နယ်၊ NLD ရုံးတွင်   ကွယ်လွန်သူ အဘဦးဝင်းတင်-အားရည်စူးပြီး ဘုန်းကြီး (၅) ပါးအား အာရုံဆွမ်းဆပ်ကပ်လှူဒါန်းမည်ဖြစ်ပါသည်။
သို့ပါသောကြောင့်  ရက်လည်ဆွမ်းသွတ် အခမ်းအနားတက်ရောက်ကြပါရန် ဖိတ်ကြားကြောင်း သတင်းရရှိပါသည်။


လှည်းကူးနယ် တော်တော်များများမှာ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ မူးယစ်တားဆီးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့


ယနေ့(၂၅-၄-၂၀၁၄) ထုတ် ကြေးမုံသတင်းစာပါ လှည်းကူးက သမီးကလေးလက်ကျန်များ အကြောင်း



Tuesday, 22 April 2014

သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ မှာ ကျင်းပပြုလုပ်မည့် အဘ ဦးဝင်းတင် ရက်လည် ဆွမ်းကပ် လှူဒါန်းခြင်း အခမ်းအနား ဖိတ်ကြားလွှာ

Ref: Khaing Ko Oo

ထောက်ကြံ့ဈေးရှေ့မှာ ဆိုင်ကယ်တိုက်၊ ရန်ကုန်ဆေးရုံကြီးမှာ သေဆုံးသွား

ရန်ကုန်၊ ဧပြီ ၂၀

၂၀.၄.၂၀၁၄ ရက်နေ့ ၀၆၀၀ အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်-ပဲခူးလမ်း
အတိုင်း လှည်းကူးဘက်မှ မင်္ဂလာဒုံဘက်သို့ ဇော်ဝင်းထွန်း၊ (၂၁)နှစ်၊ (ဘ)ဦးမောင်လှိုင်၊ မင်္ဂလာဒုံမြို့နယ်နေသူမောင်းနှင်လာသော ၃၁ယ/---- ဖီလင်း-110 အနက်ရောင်ဆိုင်ကယ်သည် ထောက်ကြန့်ဈေးအနီးအရောက် လမ်းဖြတ်ကူးသူ ဦးမြဟန်၊ (၈၀)နှစ်၊ ထောက်ကြန့်နေသူအား ၀င်ရောက်
တိုက်မိခဲ့ပါသည်။

ထိုသို့တိုက်မိမှုကြောင့် ဦးမြဟန်တွင် ယာချိုစောင်းနှင့် ၀ဲခြေသလုံးတို့၌
စုတ်ပြဲဒဏ်ရာ၊ ယာတံတောင်နှင့် ၀ဲမျက်ခုံးတို့တွင်ဖူးရောင်ဒဏ်ရာ၊ တင်ပါး
ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ပြီး သတိလစ်နေသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့
ကုသစဉ် သေဆုံးသွားခဲ့ပါသည်။

ယင်းသို့ ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ ဇော်ဝင်းထွန်းကို မင်္ဂလာဒုံ
မြို့နယ်၊ ထောက်ကြန့်နယ်မြေရဲစခန်း ယာဉ်(ပ)၂၄/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၇၉/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်း
ရရှိပါသည်။


 Ref: Yangon Police

ရဲမွန် (လှည်းကူး)မှာ ကားတိုက်လို့ ကားနောက်ရပ်နေသူ သေဆုံးပြန်

ရန်ကုန်၊ ဧပြီ ၂၀

၂၀.၄.၂၀၁၄ရက်နေ့ ၀၈၀၀အချိန် လှည်းကူးမြို့နယ်၊ ရန်ကုန်-ပဲခူးကားလမ်း
အတိုင်း လှည်းကူးဘက်မှ ပဲခူးဘက်သို့ ယာဉ်မောင်း ဦးလှမော် (၅၂)နှစ်၊ (ဘ)ဦးထွန်းကြိုင်၊ ရန်ကင်းမြို့နယ်နေသူ မောင်းနှင်လာသော 6D--- ALPHARD အဖြူရောင် ကိုယ်ပိုင်ယာဉ်သည် ရဲမွန်လမ်းသစ်မှတ်တိုင်အနီး
အရောက်အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ဘေးအစပ်တွင်ရပ်ထားသော အမှတ်(၁၇၁)ယာဉ်လိုင်းမှ ၂ခ/--- ဒိုင်နာခရီးသည်တင်ယာဉ်၏ နောက်တွင်
ရပ်နေသူ ကိုဝင်းဇော်ဦးကို ၀င်ရောက်တိုက်မိပြီး ၎င်းဒိုင်နာယာဉ်အား
ဆက်လက်တိုက်မိခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ် (၂)စီးပျက်စီးကာ ယာဉ်တိုက်ခံရသူ ကိုဝင်ဇော်ဦးတွင် ဦးခေါင်း နောက်စေ့ပေါက်ပြဲ၊ ၀ဲ/ယာလက်ဖူးရောင်၊ ၀ဲခြေထောက်ပြတ်၊ ၀မ်းဗိုက်ပွင့်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်
သေဆုံးသွားခဲ့ပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း လှမော်အား လှည်းကူးမြို့မရဲစခန်းယာဉ်(ပ) ၃၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉/၃၀၄-ကဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။


Ref: Yangon Police

Friday, 18 April 2014

ကဗျာဆရာနေသွေးနီ လှည်းကူးမှာ ကွန်လွန်

ြွမြန်မာကဗျာလောကမှာ အထင်ကရ ကဗျာဆရာကြီး တဦး အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့တဲ့ ဆရာနေသွေးနီဟာ သင်္ကြန်အတက်နေ့ ညက လှည်းကူးမြို့နယ် ငါးဆူတောင်ကျေးရွာ နေအိမ်မှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။ ဆရာဟာ ကွယ်လွန်ချိန်မှာ အသက် (၈၄) နှစ် ရှိပါပြီ၊ ဈာပနကိုတော့ မနက်ဖန် နှစ်ဆန်းတရက်နေ့မှာ ပြုလုပ်မယ်လို့ သိရပါတယ်။

 Ref: BBC

လှည်းကူးမြို့နယ်၊ ဇီးပင်ဝဲ (အနောက်) ဘုန်းတော်ကြီးသင်မူလတန်းလွန်ကျောင်းသို့ ကိုပြေတီဦးနှင့် မအိန္ဒြာကျော်ဇင် မိသားစုမှ ကျောင်းဆောက်လုပ်၇န် အလှူငွေ ဆယ်သိန်းလှူဒါန်း


နှစ်ဆန်းမှာ ကုသိုလ်ပန်းတွေ ပွင့်နေတဲ့ တို့လှည်းကူးမြို့ (ဓါတ်ပုံ- ၄၀ ပုံ)

မြန်မာတို့ ၏ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ကိုကူးပြောင်းသည့် အခါသမယနှစ်ဆန်းတစ်ရက်နေ့  ကျရောက်ပြီဆိုလျှင်  အမြဲထူးတဲ့ လှည်းကူးမြို့မှာ ရဟန်းသံဃာတော်အရှင်သူမြတ်များအား
ပင့်ဖိတ်ပူဇော်ပြီး ကမ္မ၀ါစာရွတ်ဖတ်ပူဇော်ခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ခြင်း၊ နှစ်သစ်ကူးဆွမ်းဒါနပြုကြခြင်း၊ ဘေးမဲ့ငါးလွှတ်ခြင်း အစရှိသည်တို့ ကို ဆောင်ရွက်ခဲ့ကြပါတယ်။


ယခုအခါ လှည်းကူးမြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲသည် အကြိမ် (၇၀) မြောက်သို့ ရောက်၇ှိလာပြီ ဖြစ်ပါတယ်။ ယင်းဆွမ်းဆန်စိမ်းလောင်းလှူပူဇော်သို့ မြတ်စွာဘုရားအမှူးပြုပြီး လှည်းကူးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း (၄၀)ကျော်တို့မှ တစ်ကျောင်းလျှင် တစ်ပါးကျနှုန်းတို့ ကြွရောက်ချီးမြင့်ခဲ့ပါသည်။

(မှတ်ချက်။ ဖေ့ဘွတ်တွင်တက်လာသော မိတ်ဆွေများ၏ ဓါတ်ပုံများကို စုစည်းတင်ပြထားပါတယ်။ နာမည်မဖေးပြခြင်းကို နားလည်ခွင့်လွှတ်ပေးကြပါရန် မေတ္တာရပ်ခံပါတယ်။)