Tuesday, 20 May 2014

လှည်းကူးမှာ ဆိုင်ကယ်လိုင်စင်တွေ လုပ်ပေးနေပြီ

လှည်းကူးမြို့နယ်အတွင်းရှိ ဆိုင်ကယ်များကို လိုင်စင်တွေ လုပ်ပေးနေပါပြီ။ လိုင်စင်ရှိပြီးသား ဆိုင်ကယ်များအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် လိုင်စင်သက်တမ်းတိုးပေးခြင်း နှင့် လိုင်စင်မရှိသေးတဲ့ ဆိုင်ကယ်များအား လိုင်စင်အသစ် ပြုလုပ်ပေးခြင်းတို့အတွက် လှည်းကူးမြို့နယ် အုပ်ချုပ်ရေးမှူးရုံး (စုပေါင်းရုံး)အတွင်းမှာ မေလ (၂၄)ရက်၊ ၂၀၁၄ခုနှစ်၊ သောကြာနေ့အထိ ပြုလုပ်ပေးမှာ ဖြစ်ကြောင်းသတင်းရရှိပါသည်။

ယခုလို လိုင်စင်မရှိသေးတဲ့ ဆိုင်ကယ်များအား လိုင်စင်အသစ် ပြုလုပ်ပေးခြင်းမှာ နောက်ဆုံးအကြိမ်ဖြစ်ဖို့များကြောင်းနှင့် နောက်တစ်ကြိမ် လိုင်စင်အသစ်လုပ်ပေးဖို့မှာ မသေချာတော့ကြောင်း သိရပါသည်။

သို့ပါသောကြောင့် လိုင်စင်မရှိသေးတဲ့ ဆိုင်ကယ်ပိုင်ရှင်များအနေဖြင့် လိုင်စင်အသစ် အမြန် ပြုလုပ်ထားသင့်ကြောင်း သက်ဆိုင်ရာနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းတွင် သတင်းကျယ်လောင်စွာ ထွက်ပေါ်လျက်ရှိပါသည်။

ဓာတ်ပုံ-ဂျက်ကိုကို

No comments: