လွယ်အိပ်ထဲလဲ ပိုက်ဆံနဲ့ တူတာဆိုလို့ သြစီဒေါ်လာ ၁၀-တန် တစ်ရွက်ပဲ ပါတယ်။ ဒီမှာက ဗီဇာကဒ်တွေ၊ မာစတာကဒ်တွေနဲ့ သုံးကြတော့ ငွေအပိုမထားတာလဲ ပါပါတယ်။ ကျောင်းရှိတဲ့ ဘူတာမှာတော့ တစ်ခါတစ်ရံ တောင်းနေတဲ့သူတစ်ယောက်လောက်တော့
ကျောင်းက ပြန်လာတော့ အမှတ်မထင်ပဲ ပိုက်ဆံတောင်းတဲ့သူ (အလှူ ခံ)ကို တွေ့ရပါတယ်။ ဒါတောင် သူက ချောင်ထဲမှာဆိုတော့ မတွေ့မိဘူးလေ။ နဲနဲ ဝေ့ကြည့်လိုက်မှ သူ့ကို တွေရတယ်။ အလှူ ခံက ၀ှီးချဲပေါ်မှာ ထိုင်နေတယ်လေ။ ပြီးတော့ သူ့ကိုယ်မှာလဲ အနာတွေ ပေါက်နေတာ အများကြီးပဲ။ ကျုပ်လဲ သူ့ကို မြင်ပြီး အရမ်းဝမ်းသာသွားတယ်။ အလှူပေးရတော့မှာမို့လေ။
ဒါနဲ့ပဲ ကျုပ်လဲ လွယ်အိပ်ထဲက သြစတေးလျဒေါ်လာ ၁၀-တန်လေးကို ထုတ်ပြီး လက်နှစ်ဖက်နဲ့ ရိုရိုသေသေပဲ လှူဒါန်းနိုင်ခဲ့ပါတယ်။ အလှူ ခံကလဲ ဒေါ်လာ ၁၀ကို ရလို့ အရမ်းဝမ်းသာသွားပါတယ်။ အများကြီး ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားကို ထပ်ခါ ထပ်ခါ ပြောနေလေရဲ့။ ပြောမှာပေါ့လေ။ သူ့ခမျာ ပုံမှန်ဆိုရင် ဆယ်ပြားစေ့၊ ပြား ၂၀ စေ့လောက်ပဲ ပစ်ချပေးတဲ့ သူရှိတာလေ။ ဒီနေ့တော့ ၁၀ ဒေါ်လာကို ရသွားတာဆိုတော့ ၀မ်းသာသွားတာပေါ့ဗျာ။
ဒါလေးကတော့ အမှတ်မထင် ကောက်ခါငင်ကာ လှူဖြစ်တဲ့ အလှူလေးပေါ့။
လှူနိုင်ကြပါစေဗျာ။
အရှင်အဂ္ဂဥာဏ
မောင်နေခြည် (လှည်းကူး)
ဆစ္ဒနီ၊ ၾသစေတးလ်၊
၁၃-၅-၁၄ (ကဆုန်လပြည့်နေ့)
No comments:
Post a Comment