ဇွန်လလယ်မှာ
ရောက်လာမဲ့ ဒီမိုကရေစီအရေးလှုပ်ရှားတက်ကြွသူ ကျောင်းသားခေါင်းဆောင်
ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုကိုကြီး (စမ်းချောင်း)တို့ ကို သြစတြေလျမှ
လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါမယ်..
ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးရဲ့  ကျောင်းသားခေါင်းဆောင်များအား လှိုက်လှိုက်လှဲလှဲ ကြိဆိုဂုဏ်ပြုကြပါစို့ ။
၈၈၈၈ ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီး၏ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ဦးဆောင်သော “၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (THE 88 GENERATION (Peace & Open Society)” ၏ အဖွဲ့ ဝင်များသည် သြစတြေးလျနိုင်ငံကို လာမည့် ဇွန်လလယ်တွင် ရောက်ရှိလာမည်ဖြစ်ပြီး၊ မဲလ်ဘန်းမြို့ ၊ ဆစ်ဒနီမြို့ ၊ ကင်ဘာရာမြို့ နှင့် ပါ့သ်မြို့ တို့ တွင် နေထိုင်လျက်ရှိကြသော မြန်မာမိသားစုများနှင့် ချစ်ခင်ရင်းနှီးစွာ တွေ့ ဆုံကြမည် ဖြစ်ပါကြောင်း ၀မ်းမြောက်ဖွယ် သတင်းကောင်းအား အသိပေးအပ်ပါသည်။
သြစတြေးလျနိုင်ငံသို့  လာရောက်ကြမည့်သူများဖြစ်ကြသည့် ကိုမင်းကိုနိုင် (ခ) ကိုပေါ်ဦးထွန်း၊ ကိုဂျင်မီ (ခ) ကိုကျော်မင်းယုနှင့် ကိုကိုကြီး (စမ်းချောင်း) (ခ) ကိုသိန်းသန်းထွန်းတို့ အား လှိုက်လှဲစွာ ကြိုဆိုမှုပြုလုပ်ရန်နှင့် တွေ့ ဆုံပွဲများ စီစဉ်ဆောင်ရွက်ရန်အတွက် မဲလ်ဘန်းမြို့ ၊ ဆစ်ဒနီမြို့ ၊ ကင်ဘာရာမြို့ နှင့် ပါ့သ်မြို့ တို့ မှ အတူတစ်ကွ ၀ိုင်းဝန်းဆောင်ရွက်ပေးလိုကြသူများအား လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
ဆစ်ဒနီမြို့ မှ အတူတစ်ကွ ၀ိုင်းဝန်းဆောင်ရွက်ပေးလိုကြသူများအနေဖြင့် - ကိုအောင်နိုင် (ဖုန်း 0413335629) နှင့် ကိုနိုင်အောင် (ဖုန်း 0450498189)၊ ကင်ဘာရာမြို့ မှ အတူတစ်ကွ ၀ိုင်းဝန်း ဆောင်ရွက်ပေးလိုကြသူများ အနေဖြင့် - ကိုမင်းသက်နိုင် (ဖုန်း - 0438209029)၊ ပါ့သ်မြို့ တို့ မှ အတူတစ်ကွ ၀ိုင်းဝန်း ဆောင်ရွက်ပေးလိုကြသူများ အနေဖြင့် - ကိုမြင့်အောင် (ခ) ကိုကောင်းဇံ (ဖုန်း - 0412 372 830) တို့ ထံ ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။
မဲလ်ဘန်းမြို့ တွင် ယခုလာမည့် မေလ (၃၁) ရက်၊ စနေနေ့ ၊ ညနေ (၆) နာရီတွင် 2A Flynn Street, Springvale VIC 3171 ၌ စုစည်းဆုံတွေ့ ကြကာ ကိုမင်းကိုနိုင် (ခ) ကိုပေါ်ဦးထွန်း၊ ကိုဂျင်မီ (ခ) ကိုကျော်မင်းယုနှင့် ကိုကိုကြီး (စမ်းချောင်း) (ခ) ကိုသိန်းသန်းထွန်းတို့ အား ကြိုဆိုရေး၊ တွေ့ ဆုံပွဲများ စီစဉ်ရေး၊ ဂုဏ်ပြခြင်းနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်းများ စီစဉ်ဆောင်ရွက်နိုင်ရန်အတွက် တိုင်ပင်ဆွေးနွေးလိုပါသဖြင့် မဲလ်ဘန်းမြို့ နေ မြန်မာမိသားစုများအား လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးရဲ့  ကျောင်းသားခေါင်းဆောင်များအား လှိုက်လှိုက်လှဲလှဲ ကြိဆိုဂုဏ်ပြုကြပါစို့  ….. ။

Ref: Tin Hlaing
No comments:
Post a Comment