ထို့ပြင် မိုးသား(ခ)ကျော်ဝင်းထွန်းသည် ၂၉.၃.၂၀၁၄ ရက်နေ့ ၁၀၃၀ အချိန်တွင် တွံတေးမြို့နယ်၊ ဈေးသစ်ရပ်ကွက်၊ ဗိုလ်ချုပ် လမ်းရှိ နေအိမ်တစ်အိမ်အတွင်းမှ iPhone 5 အမျိုးအစားလက်ကိုင်ဖုန်း (၁)လုံးနှင့် Huawei အမျိုးအစားလက်ကိုင်ဖုန်း(၁)တို့အား ခိုးယူခဲ့ ကြောင်းပေါ်ပေါက်ခဲ့ရာ တွံတေးမြို့မ ရဲစခန်းတွင် အမှုဖွင့်စုံစမ်းလျက် ရှိသော (ပ)၁၀၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀ အမှုကိုလည်းကောင်း၊ ၁၄.၁.၂၀၁၄ ရက်နေ့ ၁၁၀၀ အချိန်ခန့်တွင် တွံတေးမြို့နယ်၊ ဈေးသစ် ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ နေအိမ်တစ်အိမ်မှ ချယ်နားကပ်(၁)ရံအား ခိုးယူခဲ့ကြောင်းပေါ်ပေါက်ခဲ့ရာ တွံတေးမြို့မရဲစခန်းတွင် အမှုဖွင့်စုံစမ်း လျက်ရှိသော (ပ)၁၀၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀ ကိုလည်းကောင်း၊ ၃၀.၁.၂၀၁၄ ရက်နေ့ ၁၂၀၀ အချိန်တွင် တွံတေးမြို့နယ်၊ အုန်းပင်စု ရပ်ကွက်၊ ရွှေဆံတော်ဘုရားလမ်းရှိ နေအိမ်တစ်အိမ်အတွင်းမှ ငွေကျပ်(၁၀)သိန်းအားခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ရာ တွံတေးမြို့မရဲစခန်းတွင် အမှုဖွင့်စုံစမ်းလျက်ရှိသော(ပ)၄၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀အမှုကိုလည်းကောင်းဖော်ထုတ်နိုင်ခဲ့သဖြင့် ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိပါသည်။
၎င်းတို့အားထပ်မံစစ်ဆေးရာ ၂၀၁၄ ခုနှစ်၊မတ်လအတွင်းက နေ့အချိန် တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ကားဂိတ်အနီးရှိ နေအိမ်တိုက်ခန်း အတွင်းမှရွှေလက်စွပ်(၁)ကွင်း၊ HTC အမျိုးအစားလက်ကိုင်ဖုန်း(၁)လုံး၊ Tablet(၁)လုံးနှင့် အမေရိကန်ဒေါ်လာငွေ (၆၀၀)တို့အား(၃)ဦးအတူ ခိုးယူခဲ့ကြောင်းပေါ်ပေါက်ခဲ့သည့်အပြင် မိုးသား(ခ)ကျော်ဝင်းထွန်းသည် ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလအတွင်းက တွံတေးမြို့နယ်ရှိနေအိမ်တစ်အိမ် အတွင်းမှ လက်စွပ်(၁)ကွင်းအားလည်းကောင်း၊
ဧပြီလအတွင်းက ကံဘဲ့လမ်းဆုံအနီး ဈေးဆိုင်အတွင်းမှ Huawei အမျိုးအစားလက်ကိုင် ဖုန်း(၁)လုံးနှင့် HTC အမျိုးအစားလက်ကိုင်ဖုန်း(၁)လုံး၊ ဈေးပိုင်းရပ်ကွက် ရှိ နေအိမ်(၁)အိမ်မှ ရွှေဆွဲကြိုး(၁)ကုံး၊ ကံဘဲ့လမ်းဆုံအနီးခြံဝင်းအတွင်းမှ BO BO-125 အမျိုးအစား အနက်ရောက်ဆိုင်ကယ်(၁)စီး၊ ကုလားကုန်း ရပ်ကွက်ရှိ ခြံဝင်းအတွင်းမှ LUOJIA-110 အမျိုးအစား အနက်ရောင် ဆိုင်ကယ်(၁)စီးအားလည်းကောင်း၊
ဧပြီလအတွင်း လှည်းကူးမြို့နယ်၊ ဈေးကြီးပိုင်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ LUOJIA-110 အနက်ရောင် ဆိုင်ကယ်(၁)စီးအားလည်းကောင်း၊
မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ ဈေးပိုင်း ရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ Suzuki Smash-110 ဆိုင်ကယ် (၁)စီးကိုလည်းကောင်းခိုးယူခဲ့ပြီး ပေါင်နှံ ရောင်းချထားကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သဖြင့် သက်ဆိုင်ရာရဲစခန်းများ၌ အမှုများထပ်မံရေးဖွင့်ကာ သက်သေခံပစ္စည်းများသိမ်းဆည်းပြီး ဆက်လက်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။
Ref: Yangon Police
No comments:
Post a Comment