ရန်ကုန်၊ မေ ၁၈
၁၈.၅.၂၀၁၄ ရက်နေ့ ၁၀၀၀ အချိန်တွင် လှည်းကူးမြို့နယ်၊ ငါးဆူတောင်
ကျေးရွာနေ ဦးကျော်ကျော်ဦးမှ ဦးဆောင်၍ ပြည်သူ(၅၀)ဦးခန့်သည် လှည်းကူးမြို့နယ်၊ ငါးဆူတောင်အမှတ်(၄)ကျေးရွာဓမ္မာရုံတွင် မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှုများကို ရှုတ်ချကြောင်းတရားဝင်ခွင့်ပြုချက်ဖြင့် ငြိမ်းချမ်းစွာ
စုဝေးဆန္ဒဖော်ထုတ်ခဲ့ကြရာ ဦးဆာင်သူ ဦးကျော်ကျော်ဦးနှင့် ဦးတင်ဦး၊
ဦးထွန်းထွန်းတို့မှ မုဒိမ်းမှုနှင့်သက်ငယ်မုဒိမ်းမှုများ
မဖြစ်ပွားစေရေးနှင့်
ပတ်သက်ပြီး ဟောပြောခဲ့ပြီး ဆန္ဒဖော်ထုတ်သူပြည်များမှ သတ်မှတ်
ဆိုင်းဘုတ်နှင့်ကြွေးကျော်သံများကိုင်ဆောင်ကြွေးကျော်ကာ ၁၁၃၀ အချိန်
တွင် ပြီးဆုံးခဲ့ပါသည်။
အလားတူ ၁၁၁၅ အချိန်တွင် လှည်းကူးမြို့နယ်၊ ဒါးပိန်တောင်ကျေးရွာနေ
ဦးမိုးခိုင် ဦးဆောင်၍ ပြည်သူ(၃၀)ဦး ခန့်သည် မုဒိမ်းမှုနှင့် သက်ငယ်
မုဒိမ်းမှုများကို ရှုတ်ချကြောင်းတရားဝင်ခွင့်ပြုချက်ဖြင့် ငြိမ်းချမ်းစွာစုဝေး
ဆန္ဒဖော်ထုတ်ခဲ့ကြရာ ရပ်မိရပ်ဖ ဦးစိုးမြင့်မှ မုဒိမ်းမှုနှင့်သက်ငယ်မုဒိမ်းမှု
များမဖြစ်ပွားစေရေးအတွက် ရှောင်ရန်၊ ဆောင်ရန်များကို ဆွေးနွေး
ဟောပြောခဲ့ပြီး ဆန္ဒဖော်ထုတ်သူပြည်များမှ သတ်မှတ်ဆိုင်းဘုတ်နှင့်
ကြွေးကျော်သံများ ကိုင်ဆောင်ကြွေးကျော်ကာ ၁၂၁၅ အချိန်တွင် ပြီးဆုံး
ခဲ့ကြောင်း သတင်းရရှိပါသည်။
Ref: Yangon Police
No comments:
Post a Comment